Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 2, 2014

IS က ဂက်စ်အသုံးပြုပြီး ပြန်တိုက်ခိုက်လေမလား


အီရတ်ရှိ IS အဖွဲ့အား တိုက်ခိုက်မည့် ဗြိတိသျှအထူးတပ်ဖွဲ့အား ဓါတ်ငွေ့ကာဝတ်စုံများ ယူဆောင်လာဖို့ အမိန့်ပေးထားသည့်အတွက်IS က ဂက်စ်အသုံးပြုပြီး ပြန်တိုက်ခိုက်လေမလား ထင်ရသည်။
chemical protection suits


ယခုလအစပိုင်းကလည်း ကုလသမဂ္ဂရှိ အမေရိကန်သံတမန်က အစ္စလာမ်အစွန်းရောက် အကြမ်းဖက်တိုက်ခိုက်ရေးအဖွဲ့ IS က ဂက်စ်အသုံးပြုသည့် တိုက်ခိုက်ရေး လက်နက်များ ပိုင်ဆိုင်ထားနိုင်သည်ဟု ဆိုခဲ့သည်။
ဗြိတိသျှအထူးတပ်ဖွဲ့ဟာ အမေရိကန်တပ်ဖွဲ့နှင့် IS အား ပူးပေါင်းတိုက်ခိုက်ရာတွင် နောက်ဆုံးပေါ် သတင်းအချက်အလက်များ ရရှိထားကြောင်းလည်း သိရသည်။
ယခုအခါ စစ်သားများက စစ်အသုံးအဆောင် ၊ စစ်လက်နက်ပစ္စည်းများ နှင့် စစ်ရေးသုံးယာဉ်များအား နျူကလီးယားနှင့် ဓါတုဗေဒလက်နက်များ၏ ဒဏ်ကိုခံနိုင်မည့် ကိရိယာများ တပ်ဆင် ၊ အသုံးပြုထားကြောင်း သိရသည်။
Source : Dailymail
ပုံရိပ်(burmesehearts.com)

No comments:

Post a Comment