Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 2, 2014

နားသန့်ဆေးမှားပေးခံရသော လေးနှစ်သား မျက်အိမ်အသားများလောင်

မျက်စဉ်းခတ်ဆေး နှင့် 

ဗြိတိန်နိုင်ငံ Essex ရှိ မျက်စိနာနေသော အသက်(၄)နှစ်အရွယ် Archie Battersbee ဟာ ၎င်းအား မျက်စဉ်းခတ်ဖို့ ပေးလိုက်သော ဆရာဝန်၏ဆေးညွှန်းအတိုင်း Boots စတိုးတွင်ဝယ်ခဲ့ရာ ဆိုင်မှဆေးရွေးပေးသူက မျက်စဉ်းခတ်ဆေး နှင့် နားသန့်ဆေးမှားပေးခဲ့သဖြင့် မျက်လုံးပတ်လည်ရှိ မျက်အိမ်အသားများ လောင်သွားခဲ့ကြောင်း သိရသည်။

Archie Battersbee


Boots စတိုးဆိုင်မှ ပေးလိုက်သော မျက်စဉ်းခတ်ဆေးအား သား၏ ယာဘက်မျက်လုံးထဲ တစက်ချပေးခဲ့ရာ နာကျင်စွာ အော်ဟစ်နေခဲ့သော Archie Battersbee ကြောင့် ဆေးဗူးကို စစ်ဆေးဖတ်ကြည့်ရာ မျက်စဉ်းထက် ဆယ်ဆပြင်းထန်သော နားသန့်ဆေး ဖြစ်နေခဲ့တာကို မိခင်ဖြစ်သူ Hollie Dance က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

Archie


ထို့နောက် ဆေးဝယ်ယူခဲ့သော စတိုးဆိုင်သို့ သွားရောက်ပြီး အခြေအနေပြောဆိုရာ လုပ်ထုံးလုပ်နည်းအတိုင်း တိုင်စာတင်ခဲ့ရသည်ဟု သိရသည်။
ကလေးကတော့ မျက်စဉ်းခတ်ဆေး နှင့် နားသန့်ဆေးမှားပေးခံရသဖြင့် မျက်စဉ်းခတ်မိရာမှ မျက်လုံးပတ်လည်ရှိ မျက်အိမ်အသားများ လောင်သွားခဲ့ကြောင်း သိရသည်။
ယခုအခါတွင် Boots စတိုး မှ တောင်းပန်၍ တကယ် အသုံးပြုရမည့် မျက်စဉ်းဆေးအား ပြန်ပေးခဲ့သည်ဟု သိရသည်။
Source : Dailymail
ပုံရိပ်(burmesehearts.com)

No comments:

Post a Comment