Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 19, 2014

Hyde, Jekyll, I ဇာတ်လမ်းတွဲသစ်မှာ ဟွန်ဘင်းနဲ့ ပူးတွဲသရုပ်ဆောင်မယ့် ဟန်ဂျီမင်း

ဟန်ဂျီမင်းသည် SBS ရုပ် သံလိုင်း၏ အချစ်ဟာသဇာတ် လမ်းတွဲသစ်ဖြစ်သော Hyde, Jekyll, I ဇာတ်လမ်းတွဲ၌ ခေါင်း ဆောင်မင်းသမီးအဖြစ် သရုပ် ဆောင်မည် ဖြစ်သည်။ ဟန်ဂျီ မင်းသည် ၂၀၁၂ တွင် နာမည် ကျော်လူကြိုက်များခဲ့သော  Rooftop Prince ဇာတ်လမ်းတွဲ၌ ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက် ၂ နှစ်ကျော်အကြာတွင်မှ ဇာတ် လမ်းတွဲသစ်ကို လက်ခံခဲ့ခြင်း ဖြစ် သည်။
Hyde, Jekyll, I ဇာတ်လမ်း တွဲသည်    ခြားနားသောပင်ကို စရိုက်နှစ်မျိုးရှိသည့် အမျိုးသား (ဟွန်ဘင်း)နှင့် ၎င်း၏ချစ်သူ (ဟန်ဂျီမင်း)တို့အကြား သုံးပွင့် ဆိုင် အချစ်ဇာတ်လမ်းကို သရုပ်ဖော်တင်ဆက်မည် ဖြစ်သည်။ ယင်းဇာတ်လမ်းတွဲတွင် ဟွန် ဘင်းသည် နေ့အချိန်တွင် အေး တိအေးစက်နေတတ်သူ Jekyll နှင့် ညအချိန်တွင် နွေးထွေးကြင် နာတတ်သူ Hyde အဖြစ် ဇာတ် ရုပ်နှစ်မျိုး သရုပ်ဆောင်မည် ဖြစ် သည်။
ဟန်ဂျီမင်းနှင့် ဟွန်ဘင်းတို့ သည် ယခုနှစ်အစောပိုင်းတွင် ရုံ တင်ပြသခဲ့သော The Fatal Encounter ရုပ်ရှင်ဇာတ်ကား၌ ပူးတွဲသရုပ်ဆောင်ခဲ့ပြီးနောက်ယခုဇာတ်လမ်းတွဲသစ်၌ ထပ်မံဆုံစည်းခြင်း ဖြစ်သည်။ ယင်း ဇာတ်လမ်းတွဲကို လာမည့်နှစ် ဇန်န၀ါရီတွင် SBS ရုပ်သံလိုင်း က ထုတ်လွှင့်ပြသမည်ဟု သိရ သည်။    
http://www.7daydaily.com/story/23042#.VEOl_PnF_uI

No comments:

Post a Comment