Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 19, 2014

လိပ်ကျွန်းလူသတ်မှုစုံစမ်းမည့်ဗြိတိန်ရဲတပ်ဖွဲ့သို့ အချက်အလက်အထောက်အထားများ မြန်မာသံရုံးပေးပို့မည်


အောက်တိုဘာ ၁၇ ရက်က ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မ ရွန်းနှင့် ထိုင်းဝန်ကြီးချုပ် ပရာယွတ် တို့တွေ့ဆုံစဉ် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက အခင်းဖြစ် ပွားရာနေရာသို့ ဗြိတိန်ရဲတပ်ဖွဲ့ များသွားရောက်စစ်ဆေးခွင့်ပြုရန် တောင်းဆိုချက်ကို ထိုင်းဝန်ကြီး ချုပ် ပရာယွတ်က ခွင့်ပြုခဲ့သည်။
ဗြိတိန်စုံတွဲအသတ်ခံရသည့် လိပ်ကျွန်းရှိ အခင်းဖြစ်ပွားရာနေ ရာများသို့ ဗြိတိန်ရဲတပ်ဖွဲ့များ လာရောက်မည်ဖြစ်ရာ ကွဲလွဲနေ သည့် DNA စစ်ချက်များ၊ CCTV စစ်ချက်များနှင့် ရိုက်နှက်စစ်ဆေး မှုများကို ဗြိတိန်ရဲတပ်ဖွဲ့ထံ တင်ပြသွားမည်ဟု မြန်မာသံရုံး အထူးအဖွဲ့မှ ရှေ့နေဦးအောင်မျိုး သန့်က ပြောသည်။
‘‘ကျွန်တော်တို့ ရှာဖွေတွေ့ ရှိထားတဲ့အချက်တွေ တင်ပြသွား မယ်။ DNA ကိစ္စတွေ၊ သက်သေ အထောက်အထားမခိုင်လုံဘဲနဲ့ တရားခံလို့ ယူဆတာတွေကို တင် ပြသွားမယ်။ ဘာမျက်မြင်သက် သေမှမရှိဘဲ သေဒဏ်ကျခံနိုင် လောက်တဲ့အမှုမှာ မြန်မာတွေဆွဲ ထည့်တာကို တင်ပြသွားမယ်။ ဗြိတိန်ရဲတပ်ဖွဲ့လာရောက်စစ် ဆေးတာကောင်းပါတယ်။ သူတို့ လည်း အမှန်တရားကို လိုချင်တဲ့ သူတွေပါ’’ဟု ရှေ့နေဦးအောင် မျိုးသန့်က ပြောသည်။
ထိုင်းနိုင်ငံတောင်ပိုင်း လိပ် ကျွန်းလူသတ်မှုဖြစ်စဉ်ကိုသီးခြား စုံစမ်းစစ်ဆေးပေးရန် ဗြိတိန်ပြည် သူများက ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းထံ တောင်းဆို ထားသည်။ သီးခြားစုံစမ်းစစ်ဆေး ပေးရန်အတွက် တောင်းဆိုထား သည့် လက်မှတ်တစ်သိန်းနီးပါး ကို နိုင်ငံရေးလှုပ်ရှားသည့် မြန်မာ များကဦးဆောင်၍ အောက်တို ဘာ ၁၈ ရက်တွင် နံပါတ် (၁၀)၊ ဒေါင်းနင်းလမ်းရှိ ဗြိတိန်ဝန်ကြီးချုပ်ရုံးသို့သွားရောက်ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment