Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 19, 2014

ပထမဆုံးရုပ်ရှင်မှာ မိန်းမလျာပုံစံနဲ့ သရုပ်ဆောင်မယ့် အလင်းရောင်


 မဟော်ဂနီရုပ်ရှင်ထုတ်လုပ်ရေးမှ သရုပ်ဆောင်သစ်တစ်ဦးအဖြစ် စင်တင်ခြင်းခံထားရသော သရုပ်ဆောင်မော်ဒယ် အလင်းရောင်သည်  ပထမဆုံးအကြိမ်ရိုက်ကူးမည့်  ‘‘ဘယ်ရည်းစားကို အချစ်ဆုံးလဲ’’ အမည်ရှိ ရုပ်ရှင်ဇာတ်ကားကြီးတွင် မိန်းမလျာတစ်ဦးပုံစံဖြင့် သရုပ်ဆောင်ရမည်ဟု ပြောသည်။
အဆိုပါ ရုပ်ရှင်ကို အောက်တိုဘာ ၁၂ ရက်က စတင်ရိုက်ကူး နေပြီဖြစ်ပြီး ယောက်ျားပုံစံနှင့် နွဲ့ နေသည့် ဇာတ်ရုပ်တွင် သရုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ရိုက်ကူးရမည့် ဇာတ်ရုပ်ပိုင်းကို ကြိုတင်အသိပေးထားသည့်အတွက် မိန်းမလျာများကို လေ့လာထားပြီး အကောင်းဆုံး သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း  အလင်းရောင်က ပြောသည်။
လတ်တလော အနုပညာ လှုပ်ရှားမှုအနေဖြင့် တေးသံရှင် အသစ်များ၏ တေးစီးရီးအခွေများ တွင် အမ်တီဗီ ရိုက်ကူးနေပြီး တီဗီ ကြော်ငြာများလည်း လက်ခံရိုက်ကူးနေကာ အချိုရည်ကြော်ငြာ တစ်ခုနှင့် ဖုန်းကြော်ငြာတစ်ခု ရိုက်ကူးရန် ရှိသေးသည်ဟု ပြောသည်။ ‘‘လွတ်လွတ်လပ်လပ်နဲ့ အနုပညာအလုပ်တွေကို ကိုယ်တိုင် စီမံနိုင်တဲ့ သူတစ်ယောက်ဖြစ်ချင် ပါတယ်။ ပြီးတော့ သရုပ်ဆောင် ကောင်းတစ်ယောက်လည်း ဖြစ်ချင်ပါတယ်’’ ဟု ရှေ့ဆက်မည့် အနုပညာခရီးလမ်းနှင့် ပတ်သက် ၍ အလင်းရောင်က ပြောသည်။
မဟော်ဂနီနှင့် ခုနစ်နှစ်ကြာ စာချုပ်ချုပ်ဆိုထားသည့် သရုပ် ဆောင်အလင်းရောင်သည် အခြားရုပ်ရှင်ထုတ်လုပ်ရေးများနှင့်လည်း လက်တွဲသွားရန် အစီအစဉ်ရှိပြီး မဟော်ဂနီက လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပေးထားကြောင်း ၎င်းကပြောသည်။
http://www.7daydaily.com/story/23043#.VEOlLvnF_uI

No comments:

Post a Comment