Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 24, 2014

DVB Radio ယခုလကုန်ပိုင်းတွင် ရပ်နားတော့မည်


DVB Radio ထုတ်လွှင့်မှု အစီအစဉ်အား ၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် ရပ်နားကာ အခြားခြားသော အစီအစဉ်များဖြင့် အသစ်သစ်သော ထုတ်လွှင့် တင်ဆက်မှုများဖြင့် တင်ဆက်သွားမည်ဖြစ်ကြောင်း DVB
မြန်မာဗျူရို တာဝန်ခံ ဦးတိုးဇော်လတ်က မိုးမခ နှင့် အင်တာဗျူးအစီအစဉ်တွင် ပြောကြားခဲ့သည်။ 

မေး။ ။ ဘယ်တော့ နားမှာလဲ။ 

တိုးဇော်လတ်။ ။ ဟုတ်ပါတယ်။ ကျနော်တို့ DVB Radio အစီအစဉ်ကို ဒီလ ၂၆ ရက်နေ့ မှာ ရပ်မှာပါ။ ကျနော်တို့ ရပ်မှာက Short Wave လှိုင်းတို အစီအစဉ်ကို ရပ်မှာပါ။ ရပ်တယ်ဆိုတာလည်း ပလက်ဖောင်း
ပြောင်းတာပါ။ လှိုင်းတို အစီအစဉ်က မြန်မာပြည်ရဲ့ ပွင့်လင်းလာမှု နဲ့ သဟဇာတ မဖြစ်လို့ပါ။ ဝန်ထမ်းတွေ အကုန်လုံး တီဗွီ၊ ဒါမှမဟုတ် တခြားအစီအစဉ်အသစ် ၊ ကျနော်တို့ အခု SMS ကိုသွားဖို့လုပ်နေတာပါ။ကျ
နော်တို့က နဂိုထဲက မာတီလ်မီဒီယာ ဆိုတော့ မာလ်တီမီဒီယာ လမ်းစဉ်အတိုင်းသွားတာပါ။ 

ကျနော်တို့ လှိုင်းတိုကိုဘာကြောင့်ရပ်ရတယ်ဆိုတော့ ကျနော်တို့ DVB က နဂိုထဲကအသံ စင်ဂနယ် အားနည်းပါတယ်။ဘာကြောင့်လဲဆိုတော့ နိုင်ငံရေး ကြောင့်ပါ။ အာရှတိုင်းပြည်တွေ က Relay Station မပေးထားပါဘူး။

တခြားအသံလွှင့် ဌာနတွေဖြစ်တဲ့ ဘီဘီစီတို့၊ အာအက်ဖ်အေတို့ကအာရှတိုင်းပြည်တွေ (ဥပမာ ထိုင်းတို့၊ သီရိလင်္ကာတို့) မှာ Relay စနစ်တွေပေးထားပါတယ်။ကျနော်တို့ကျတော့ နိုင်ငံရေးနဲ့နွယ်တယ်ဆိုတော့ ကျနော်တို့ဟာဟိုးအဝေးကြီးက လွှင့်ရတော့ ကျနော်တို့ အသံက အတိုးဆုံးပါ။အဲတော့ ကျနော်ဆိုလို တာက လှိုင်းတို အသံထုတ်လွှင့်မှုကို ရပ်လိုက်ပြီး တခြား Platform ကိုပြောင်းလိုက်တာပါ။ 

မေး။ ။ ငွေကြေး ဘတ်ဂျက် တိုးတာ လျော့တာတွေ ရှိသလား။ 

ဖြေ။ ။ ဘတ်ဂျက် အနေနဲ့ တိုးတာ၊လျော့တာ မရှိပါဘူး။ တချို့ ရေဒီယို ကို ဦးစားပေးထားတဲ့ သူတွေဆို ရင်တော့ရှိမှာပေါ့လေ။ ကျနော်တို့က အင်တာနက်ရေဒီယို တို့၊အက်ဖ်အမ်ရေဒီယို တို့ကို သွားမှာဆို
တော့ထူးခြားပြောင်းလဲမှုမရှိပါဘူး။ Short Wave Transmiter က တနေ့ကို မနက်တနာရီ၊ညတနာရီ လွှင့်နေ တာကို ရပ်လိုက်တာပါ။ ဘတ်ဂျက်နဲ့ မဆိုင်ပါဘူး။ ကျနော်တို့အခု အင်တာနက်ရေဒီယို လုပ်မယ်။ 

FM လွှင့်ခွင့်ရအောင်ညှိုနှိုင်းနေပါတယ်။Local FM တွေနဲ့ ညှိုပြီး Radio Contract ရအောင်လည်းလုပ်နေပါ တယ်။နောက်တခုက တီဗွီ ရုပ်သံ ထုတ်လွှင့် မှုကလည်း ကျနော်တို့ မှာလည်းရှိတော့ အဲဒီအထဲကိုလည်း တချို့ က ဝင်သွားမှာပါ။ 

မေး။ ။ ဒီဗီဘီ ရေဒီယိုရဲ့ သမိုင်းအစကို ပြန်ပြောပြပါလား။ 

ဖြေ။ ။ ၁၉၉၂ ခုနှစ် ဇူလိုင်တွင် DVBရေဒီယို ကို စတင်ထုတ်လွှင့်ခဲ့ပါတယ်။ စလွှင့်တုန်းကတော့ တနေ့ ကိုနာရီဝက်လွှင့်ခဲ့တာပါ။နောက်မှ တနာရီ တိုးလွှင့်ခဲ့တာပါ။ ၂၀၀၈ မှာ နယ်စည်းမခြားသတင်းထောက် များ ဆာဗေးတခုလာကောက်တော့ မြန်မာနိုင်ငံရဲ့ လူဦးရေ အရ ၆၅% က တီဗွီ အစီအစဉ်ကို ကြည့်ကြပြီး
ရေဒီယို ကိုတော့ ၂၈% လောက်ကသာ နားထောင်ခဲ့တယ်လို့ စစ်တမ်းများအရ သိခဲ့ရပါတယ်။

ကျန်တဲ့ စတေးရှင်ပိုင်းနဲ့စာရင်တော့ ကျနော်တို့ ရေဒီယိုအပေါ် နားထောင်မှု အားနည်းပါတယ်။ အဓိက က အသံပိုင်းအားနည်းမှုပေါ့။ ရေဒီယို ထုတ်လွှင့်မှု ပိုင်းမှာ ငွေကြေးအရလည်းသက်သာတယ်။ နယ်စွန် နယ်ဖျားလည်းရောက်တယ် ဆိုတော့ ကျနော်တို့ လုပ်ခဲ့တာပါ။လက်ရှိကတော့ အခု ရေဒီယို ဥပဒေ
ပေါ်ထွက်လာရင်တော့ ကျနော်တို့ လှိုင်းတို ရေဒီယို ထုတ်လွှင့်မှုကို ပြန်သွားချင်သွားမှာပါ။ 

မေး။ ။ ရေဒီယိုအစီအစဉ်တွေကနေ ဒီဗီဘီတီဗီ အစီအစဉ်အဖြစ် ပြောင်းလဲမှုတွေ ရှိသလား။ 

ဖြေ။ ။ ကျနော်တို့ အပြင်ကနေလှိုင်းတို ထုတ်လွှင့်မှုပဲရပ်နားတာပါ။ တခြားထုတ်လွှင့်မှု အပိုင်းတွေကို လည်း ဆက်လက်ထုတ်လွှင့်နေမှာဖြစ်သလို တခြားသော အသစ်ကဏ္ဍများကိုလည်း ပြုလုပ်သွားမှာပါ။ ထူးခြားမှုအနေနဲ့ တော့ ကျနော်တို့ ရေဒီယိုအစီအစဉ်မှာ တိုင်းရင်းသားအသံ ရှစ်ခုရှိပါတယ်။အဲ့ဒါတွေ ကိုတော့ တိုင်းရင်းသားအသံအနေနဲ့ Conversate လုပ်ပေးသွားမှာပါ။ 

တိုင်းရင်းသားတီဗွီ အစီအစဉ်ထဲကိုပြန်ထည့်ပေးထားပါတယ်။ကျနော်တို့ DVB အသံလွှင့် အစီအစဉ်တိုင်း မှာ မြန်မာလို ၄၅မိနစ်၊ တိုင်းရင်းသားဘာသာနဲ့ ၁၅မိနစ် လွှင့်နေတာပါ။ တီဗွီ အစီအစဉ်ကတော့ ဘောင်ပို ကျယ်တာပေါ့လေ။ တနေ့ကို ၂၄ နာရီ လွှင့်နေတော့ Hourly Update လွှင့်လို့ရတာပေါ့။ ဒါပေမဲ့ ကြားဖြတ်သတင်းဘာညာကျတော့ ရေဒီယို လို သတင်းမျိုးက ပိုကောင်းတာပေါ့ ။ကျနော်တို့ SMS, Face Book ဒါတွေသုံးပြီး လွှင့်သွားမှာပါ။ရေဒီယို က မြန်တယ်လေ။ တီဗွီကတော့ ရုပ်ရမှ လွှင့်လို့ရမှာလေ။

ကျနော်တို့ လက်ရှိလွှင့်နေတဲ့ ရေဒီယို က ည ၉ နာရီမှ လွှင့်တာဆိုတော့ ခက်နေတာပေါ့။ အခုတီဗွီ ကတော့ ချက်ချင်းထိုးပြလို့ရတယ်လေ။ အခု ရုပ်သံဥပဒေမှာ ရေဒီယိုတွေရဲ့ အခန်းကဏ္ဍ ပါတယ်။ လက်ရှိ လုပ်ကိုင်နေတဲ့ မီဒီယာတွေ အနေနဲ့ ဒါလေးတွေကိုလေ့လာထားသင့်ပါတယ်။ မာလ်တီမီဒီယာရဲ့ အခန်း ကဏ္ဍ တွေကိုလေ့လာပြီး အခွင့်အလမ်းတွေကိုလေ့လာသင့်ပါတယ်။ 

ရန်နောင်(ဗိုလ်တထောင်) | မိုးမခ

No comments:

Post a Comment