Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 24, 2014

သားလေးကြောင့် ဘ၀က ပိုပြီးပြည့်စုံလာတယ်လို့ဆိုတဲ့ ဖြိုးငွေစိုး

မကြာသေးခင်ကမှ သားဦးလေးကို ပိုင်ဆိုင်ရရှိထားတဲ့ ဖြိုးငွေစိုးက ဘ၀မှာ အရင်နဲ့မတူပဲ ပြီးပြည့်စုံမှုတွေကို ခံစားရပြီလို့ပြောလာသလို သူ့သားလေးကို လဲ သူ့လိုပဲ ပြည်သူချစ်တဲ့ အနုပညာသမားတစ်ယောက် ဖြစ်စေချင်တယ်လို့ ပြောပြလာပါတယ်။ “သားကလူကသာ ၄၅ ရက်၊ လူကြီးကျနေတာပဲ။ တခါတလေကျ ဆူရင်မကြိုက်ဘူး။ မျက်မှောင်ကုတ်ပြီး ပြန်ပြန်ကြည့်တတ်တယ်။ သူ့ပြန်ကြောက်နေရမဲ့ အနေအထားမှာရှိတယ်။ နာမည်ကတော့ ကျွန်တော့်အဖေ စဉ်းစားနေတယ်ပေါ့။ ရက် ၁၀၀ ပြည့်မှပဲ ကျွန်တော် အတိအကျပေးပြီး ကင်ပွန်းတပ်လေးလုပ်ဖို့ရည်ရွယ်ထားတယ်။ အခုနောက်ပိုင်း အလုပ်လုပ်ရတာ ပြီးပြီးရော မလုပ်ချင်ဘူး။ ရတာယူပြီးထွက်သွားမဲ့သူမျိုး မဟုတ်ဘူး။ ကြာကြာလေးနေပြီး ဒီအလုပ်ကို ကြာကြာလေးလုပ်ချင်တယ်ပေါ့။ ဒီကလေးရဲ့အဖေက ပေါတောတောတွေ ရိုက်နေတာပေါ့ ဆိုတာမျိုးလဲ အပြောမခံချင်ဘူး။ ကိုယ့်ရဲ့သိက္ခာကို ကြည့်ပြီး အရေအတွက်ကို လျှော့ပြီး အရည်အသွေး ကောင်းကောင်းလေးတွေပဲ လုပ်သွားပါမယ်။ လက်ရှိမိသားစုဘ၀လေးက အရမ်းကို ပျော်စရာကောင်းပါတယ်။ ကျွန်တော်ကတော့သားလေးကို ရုပ်ရှင်သရုပ်ဆောင်ပဲ ဖြစ်စေချင်တယ်။ သူကတော့ ဘာဖြစ်ချင်မလဲမသိဘူး။ လူတွေထဲက ချစ်တဲ့လူ တစ်ယောက်ဆိုတော့ အရမ်းကောင်းတယ်ဗျာ။ အရမ်းလဲဖြစ်စေချင်ပါတယ်။”လို့ သူက ဆိုပါတယ်။
 ခု ရိုက်နေတဲ့ကားအကြောင်းနဲ့ သရုပ်ဆောင်ပိုင်းတစ်ချို့ကိုလည်း သူက“ ခုရိုက်နေတာက ဟာသကားလေးပေါ့။ ကားနာမည်လေးက ခေါင်ထိအကုန်ယူတဲ့။ ယုသန္တာတင်နဲ့ဒါရိုက်တာကဦးသိန်းဟန်ပေါ့။ ဟာသနဲ့ပတ်သတ်ရင် ကျွန်တော်က အတည်ဟာသပဲ လုပ်တာများတယ်။ အိုဗာဆို ရှောင်တာများတယ်။ ဟာသကားတွေပဲ အရိုက်များနေတယ်။ အဲ့ဒါက ကောင်းလဲကောင်းတယ်။ ကောင်းလဲမကောင်းဘူး။ သိပ်များလာတဲ့ခါကျရင် အီတာမျိုး ဖြစ်သွားတတ်တယ်။ နောက်ဟာသက ဇာတ်လမ်း ရှာရတာလဲ ခက်တယ်။ ဇာတ်ညွှန်းလေးတွေလဲ ထပ်တာရှိတယ်။ ကျွန်တော်ဆို နဲနဲထပ်တာမျိုးတွေ ရှိလာပြီ။ အဲ့ဒါလေးတွေတော့ ဆင်ခြင်ရတာပေါ့။ တခါတလေ ဟာသမဟုတ်တဲ့ ကားတောင် ဟာသကို လုပ်လုပ်မိတယ်။ ကိုညိုမင်းနဲ့ ရိုက်တဲ့ကားတောင် ငဖြိုးရေ ဟာသမဟုတ်ဘူး။ ဟာသမဟုတ်ဘူးလို့ နောက်ကနေ လိုက်ပြောနေရတယ်။ အဲ့လိုဆိုတော့ကျွန်တော်ကိုယ်တိုင်ကိုက original က ပါနေပြီးသားဆိုတော့ သိပ်တော့ အရမ်းကြီး အိုဗာတွေ လုပ်စရာမလိုဘူး။ တခါတလေ စိတ်ညစ်ရတာက ပြီးပြီးရော လုပ်တတ်တဲ့လူမျိုးတွေနဲ့တွေ့တဲ့ခါ စိတ်ညစ်ရတယ်။ ကြည့်တဲ့ပရိသတ်ကို လဲ အားနာတယ်။ ဒီကားရဲ့ရှေ့မှာ ရိုက်ခဲ့တဲ့ကားဆို ပြီးပြီးရောတွေ လုပ်ရတာမျိုးတွေရှိတယ်။ အဲ့လိုဆို စိတ်ရှုပ်တယ်။ နောက်ပိုင်းတော့ ရှောင်ရိုက်တော့မယ်လို့စိတ်ကူးထားတယ်။ မရိုက်ရရင်နေပါစေတော့။ ပြီးပြီးရော လုပ်တာတွေ၊ ခြစ်ချုပ်ပြီး လုပ်တာတွေဆို မရိုက်တာကမှ ပိုကောင်းဦးမယ်။ တစ်လကို တစ်ကားပဲ ရိုက်ရလဲရတယ်လို့ပဲ စဉ်းစားထားတယ်။ ကျွန်တော်နဲ့တွဲရိုက်တဲ့သူတွေကို ပြောပြထားတာ တစ်ခုပဲရှိတယ်။ ငါက ကင်မရာရှေ့ရောက်ရင် ဘယ်တော့မှသရုပ်မဆောင်ဘူးလို့။ ဇာတ်လမ်းထဲက အတိုင်း၊ သဘာဝအတိုင်းပဲသွားတာများတယ်။ အာ့ကြောင့် တတ်သစ်စလူငယ်တွေကိုလဲ တတ်နိုင်သလောက် အပြင်ကပုံစံအတိုင်းပဲ သွားစေချင်တယ်။ အပြင်မှာ နေသလိုလေးပေါ့။ အပြင်မှာနေသလိုလေးလုပ်မှ တကယ်ဖြစ်မှာလေ” တဲ့။
Trend Myanmar

No comments:

Post a Comment