Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 26, 2014

လက်ဘနွန်စစ်တပ်နှင့် အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့များကြား ပဋိပက္ခပြင်းထန်


လက်ဘနွန်နိုင်ငံ မြောက်ပိုင်း ထရီပိုလီမြို့က လမ်းတွေပေါ်မှာ ပေါက်ကွဲမှုတွေနဲ့ သေနတ်ပစ်ခတ်မှုတွေ အပြီး အောက်တိုဘာလ ၂၅ ရက်နေ့က လက်ဘနွန်စစ်တပ်နဲ့ အစ္စလာမ္မစ် စစ်သွေးကြွတွေကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။


အောက်တိုဘာလ ၂၄ ရက်နေ့ကလည်း ထရီပိုလီမြို့တွင်း စစ်တပ်နဲ့ အစ္စလာမ္မစ်သေနတ်သမား တွေကြား အရင်တိုက်ပွဲအတွင်း အနည်းဆုံး စစ်သွေးကြွ ၂ ယောက် သေဆုံးပြီး အရာရှိ တယောက် အပါအဝင် စစ်သား ၆ ယောက် ဒဏ်ရာရ ထားပါတယ်။

ဒီစစ်သွေးကြွတွေ ဘယ်အုပ်စုကလဲ ဆီးရီးယားကလား လက်ဘနွန်တွေပဲလားဆိုတာ ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဆီးရီးယားသူပုန်တွေနဲ့ အမာခံ လက်ဘနွန် ဆွန်နီ အစ္စလာမ္မစ်တွေကတော့ လက်ဘနွန်စစ်တပ်ဟာ ရှီးယိုက် ဟဇ်ဘိုလာတွေနဲ့ အတူတွဲလုပ်နေ တယ်လို့ စွပ်စွဲ ထားပါတယ်။

ဟဇ်ဘိုလာတွေဟာ ဆီးရီးယားသမ္မတ ဘတ်ရှားအယ်လ်အာဆတ်ကို ကူညီဖို့ တိုက်ခိုက်ရေး သမားတွေ စေလွှတ်ပေးခဲ့တာပါ။

အောက်တိုဘာလ ၂၄ ရက်နေ့ကလည်း မြောက်ပိုင်းမြို့ အာဆွန်က တိုက်ခန်းစီးနင်းမှုအတွင်း လက်ဘ နွန်စစ်သားတွေက ယောက်ျား ၃ ယောက်ကို အသေဖမ်းမိပြီး တခြားလူ အတော်များများကို အရှင်ဖမ်းမိခဲ့ ပါသေးတယ်။

လက်ဘနွန်နိုင်ငံတလွှား တိုက်ပွဲတွေ ဗုံးခွဲမှုတွေ ပြန်ပေးဆွဲမှုတွေဖြစ်နေပြီး လူမျိုးစုတွေကြား ဆက်ဆံရေးက ဆီးရီးယား ပြည်တွင်းစစ်နဲ့ ဆက်နွှယ်နေပါတယ်။ ကျန်ခဲ့တဲ့နွေ ရာသီကလည်း ဆီးရီးယားက အစ္စလာမ္မစ်သေနတ်သမားတွေက လက်ဘနွန်နယ်စပ်မြို့အာဆယ်လ် ကို သိမ်းပိုက်ခဲ့လို့ စစ်တပ်နဲ့ တိုက်ပွဲ ဖြစ်ပြီး စစ်သားအယောက် ၂၀ လောက် သေဆုံးခဲ့ပါတယ်။

ဓားစားခံတွေကို ဖမ်းဆီးဆုတ်ခွာသွားခဲ့ပြီး အများအပြားက ခုထိ ပြန်ပေးဆွဲခံထားရဆဲပါ။
 ဒီဗွီဘီ

No comments:

Post a Comment