Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 26, 2014

မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်းတို့ရဲ့ မိဘတွေကို အလုပ်သမားသံအရာရှိက ထောက်ပံ့ပေးအပ်

ထိုင်းနိုင်ငံတောင်ပိုင်း ကော့သောင်ကျွန်း (လိပ်ကျွန်း)လူသတ်မှုသံသယနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၂ ယောက်ရဲ့ မိသားစုတွေကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ အလုပ်သမားသံအရာရှိ ဦးသိန်းနိုင်က မိသားစုတစ်စုကို ထိုင်းဘတ်ငွေ ၁ သောင်းစီ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။

ဖမ်းခံထားရတဲ့ မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်းတို့ရဲ့ မိဘတွေက သံရုံးက ဖွဲ့ထားတဲ့ အထူးအဖွဲ့ဝင်တွေနဲ့အတူ ကော့စမွေအကျဉ်းထောင်မှာ သားတွေကို တွေ့ဆုံခဲ့ပြီးတဲ့နောက် အလုပ်သမားသံအရာရှိက ထောက်ပံ့ပေးအပ်ခဲ့တာဖြစ်ပါတယ်။
(DVB)

No comments:

Post a Comment