Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 26, 2014

တယ်လီနော ဆင်းကတ်များ ရန်ကုန်မြို့တွင် စတင်ရောင်းချ


ပြည်တွင်းမှာ ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့် ရထားတဲ့ နော်ဝေ အခြေစိုက် တယ်လီနော ကုမ္ပဏီ ကနေ မိုဘိုင်း ဆင်းကတ် ၁ သန်းကို အောက်တို ဘာလ ၂၆ ရက်နေ့က ရန်ကုန်မြို့မှာ ရောင်းချပေး နေပါတယ်။


မှောင်ခို ဈေးကွက် ဖြစ်ပေါ် မလာဖို့ အတွက် ပုံမှန် ရောင်းချဈေး ၁၅၀၀ ကျပ်နဲ့ မှတ်ပုံတင်တစ်ခုကို ဆင်းကတ် ၁ ကတ်နှုန်း ရောင်းချ ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာ တယ်လီနော ဆင်းကတ်တွေကို စက်တင်ဘာ ၂၇ ရက်နေ့ကတည်းက စတင် ရောင်းချပေး ခဲ့တာပါ။

လောလောဆယ်မှာ အော်ရီဒူးက ရောင်းချတဲ့ ဆင်းကတ်တွေ ခေါ်ဆိုရတာ အခက်အခဲ ရှိနေတဲ့အတွက် တယ်လီနောက စောင့်ကြည့်သုံးစွဲရမယ့် အနေအထား ဖြစ်တယ်လို့ သုံးစွဲသူတွေက ပြောဆိုနေကြပါတယ်။

ဒီဗွီဘီ

No comments:

Post a Comment