အဆိုပါ သြစတြေးလျနိုင်ငံသား နှစ်ဦးဟာ ကလေး တစ်ယောက် ကိုသာ ပြန်လည် ခေါ်ယူ ခဲ့တာဖြစ်ပြီး ကလေးရဲ့ လိင်အင်္ဂါကို ခွဲခြားပြီး ကလေး တစ်ယောက် ကိုသာ ပြန်ခေါ် လာတာ ဖြစ်ပါတယ်။
ဒီလို ကိစ္စမျိုးတွေကြောင့် အဌား ကိုယ်ဝန်ဆောင်ခိုင်းတဲ့ ကိစ္စကို တင်းတင်းကြပ်ကြပ် လုပ်ဆောင်ကြဖို့ အစိုးရကို ဖိအားပေးနေကြပါတယ်။
အရင်တလောတုန်းကလည်း ကိုယ်ဝန်ဌားစားတဲ့ ထိုင်းအမျိုးသမီးက မွေးလာတဲ့ အမွှာ နှစ်ယောက်ထဲက ကျန်းမာရေးကောင်းမွန်တဲ့ ကလေးတစ်ယောက်ကိုသာ မိဘတွေက လက်ခံတဲ့အတွက် ပြဿနာတွေ ဖြစ်ခဲ့ရပါတယ်။
အိန္ဒိယနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ကိစ္စဟာ လွန်ခဲ့တဲ့ နှစ်နှစ်က ဖြစ်ခဲ့တဲ့ ကိစ္စဖြစ်ပြီး အခုအချိန်မှာသာ သိကြရတာ ဖြစ်ပါတယ်။
တရားသူကြီး John Pascoe ကတော့ ငွေကြေး အမြတ်အစွန်းရဖို့အတွက် ကိုယ်ဝန်အဌားချတဲ့ ကိစ္စဟာ လူကုန်ကူးမှုလို ဖြစ်နေပြီး မွေးလာတဲ့ ကလေးငယ်နဲ့ ကလေးမွေးပေးခဲ့တဲ့ အမျိုးသမီးကို ဘာ ကာကွယ်မှုမှ ပေးထားတာ မရှိဘူးလို့ ပြောပါတယ်။
သြစတြေးလျနိုင်ငံက ကလေးမရနိုင်တဲ့ လင်မယားတွေ၊ လိင်တူချစ်သူတွေဟာ ပြည်ပနိုင်ငံကို သွားပြီး ကိုယ်ဝန်အဌားဆောင်ခိုင်းတာတွေ လုပ်လေ့ရှိပါတယ်။
သုတ်ပိုးကို မိဘရင်းတွေဆီက ရရှိပြီး အဲဒီ သုတ်ပိုးကို ကိုယ်ဝန်အဌားချထားတဲ့ အမျိုးသမီးဆီ ထည့်ပေးတဲ့အတွက် ကိုယ်ဝန်ဆောင်ပေးသူက မိခင်မဟုတ်ပဲ မိဘအရင်းက သုတ်ပိုးပိုင်ရှင်ဖြစ်တယ်လို့သာ ယူဆကြတာ ဖြစ်ပါတယ်။
ကိုယ်ဝန်အဌားချတဲ့ အမျိုးသမီးတွေကတော့ ငွေကြေးရရှိတဲ့အတွက် စီးပွားရေးအဆင်ပြေဖို့ သူများတွေရဲ့ ရင်သွေးကို လွယ်ပေးကြတာ ဖြစ်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-10-09/1377207
![]() |
သူများရဲ့ ရင်သွေးကို လွယ်ပြီး ကိုယ်ဝန်အဌားချထားတဲ့ အိန္ဒိယနိုင်ငံက အမျိုးသမီးတချို့ (Credit: Reuters) |
No comments:
Post a Comment