Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 9, 2014

အမှန်အတိုင်း ဖြစ်စေရမယ်လို့ ဗြိတိသျှသံအမတ်ကြီးက ပြောတယ်

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်ထဲက လိပ်ကျွန်း (ခေါ်) ခိုတောင်ကျွန်းမှာ ဗြိတိသျှလူမျိုး ၂ ဦးသတ်ဖြတ်ခံရမှု ဖြစ်စဉ်ကို စဉ်ဆက်မပြတ် လေ့လာနေပြီး မှန်ကန်တဲ့ လမ်းကြောင်းအတိုင်း ဖြစ်စေရမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး Mark Kent  က ပြောကြားလိုက်ပါတယ်။

လူသတ်မှု ကွင်းဆင်းအချက်လက် စုဆောင်းခဲ့တဲ့   ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက်အဖွဲ့ (MWRN)၊  လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုး တက်ရေးဖောင်ဒေး ရှင်းအဖွဲ့  (HRDF) နဲ့ Cross Cultural Foundation (CrCF) အဖွဲ့ကိုယ်စားလှယ်တွေ နဲ့ အောက်တိုဘာလ ၈ ရက် ညနေပိုင်း ဘန်ကောက်မြို့ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

သံအမတ်ကြီး Mark Kent ဟာ အောက်တိုဘာ ၂ ရက်နေ့က   လူသတ်မှု စုံစမ်းဖော်ထုတ်ဖို့  နည်းပညာအကူအညီပေးလိုတယ်လို့ ထိုင်းရဲကို ကမ်းလှမ်းခဲ့ပါသေးတယ်။

ဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးအောင်ကျော်ကို ကိုအေးနိုင်က မေးမြန်းထားပါတယ်။

အသံဖိုင်နားဆင်ရန်
By အေးနိုင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/67304

No comments:

Post a Comment