Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 19, 2014

Mr.Asia 2014 ပြိုင်ပွဲမှ ဆုတွေတစ်ပွေ့တစ်ပိုက်နဲ့ပြန်လာမယ့် ကာရာ


‘‘ကျွန်တော်တို့ဟာ မြန်မာနိုင်ငံသားတွေပါ။ အားလုံးကိုချစ် ပါတယ်။ မြန်မာနိုင်ငံကိုလည်းချစ် ပါတယ်။ ကျွန်တော် ဒီလ ၂၁ ရက်နေ့လယ်လောက်မှာပြန်လာမှာပါ။ အဲဒါကြောင့် ကျွန်တော့် ပရိသတ်တွေနဲ့ အဲဒီနေ့လေဆိပ်မှာ တွေ့ချင်ပါတယ်။ ပထမဆုံး ကျွန်တော့်မိဘနဲ့အန်တီ၊ ပြီးတော့ပရိသတ်တွေ၊ သူငယ်ချင်းတွေ အားလုံးကိုကျေးဇူးတင်ပါတယ်လို့။ အားလုံးကိုချစ်ပါတယ်’’ဟု ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။
အဆိုပါပြိုင်ပွဲတွင် ပေးအပ်သည့်ဆုတံဆိပ် ၁၀ ခုအနက် ရရှိလာသည့်ဆုငါးဆုမှာ Mr.Asia Second Runner Up, Viewers' ChoiceWinner (Mr.Popularity), Mr.Charismatic Award, Mr.Gor-geous Award နှင့်   Missosology's top Favourate တို့ဖြစ်သည်။
Mr.Asia 2014 ပြိုင်ပွဲကို ဟောင်ကောင်တွင် စက်တင်ဘာ၂၀ ရက်မှ အောက်တိုဘာ ၁၇ရက်အထိကျင်းပခဲ့ပြီး တရုတ်နိုင်ငံမှ ရှစ်ဦးနှင့် ကမ္ဘောဒီးယား၊ ကိုရီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်ဝမ်၊ ထိုင်း၊ အမေရိကန်နှင့် မြန်မာနိုင်ငံတို့မှတစ်ဦးစီ ဝင် ရောက်ယှဉ်ပြိုင်ခဲ့ကြသည်
http://www.7daydaily.com/story/23134#.VEOkOvnF_uI

No comments:

Post a Comment