ရန်ကုန်
ပလိုင်း
ပုဂံဒေသတွင် ဘုရားစေတီ ပုထိုး များအား မြင်ကွင်းကွယ် စေသည့် ဟိုတယ် (၂၈)
လုံး၏ အမြင့်ပေများ ဖြိုဖျက်ရန် ညွှန်ကြား ထားကြောင်း ဟိုတယ် နှင့် ခရီးသွား
လာရေး လုပ်ငန်း ၀န်ကြီးဌာနမှ ဒုတိယ ၀န်ကြီး ဦးစိုင်းကျော်အုန်းက The
Messenger Media သို့ ပြောသည်။ သူတို့က သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့
မညီတဲ့ အတွက် ဖြိုခိုင်း ထားတာ။ ဒါကိုမှ လုပ်ငန်း ဆက်ပြီး ဆောင်ရွက် နေရင်
ပြင်းပြင်းထန်ထန် အရေးယူ သွားမယ် ဟု ဒုတိယ၀န်ကြီး ဦးစိုင်းကျော်အုန်းက
ဆိုသည်။ လက်ရှိ၌ ပုဂံဒေသ အတွင်း ဟိုတယ်များ ဆောက်လုပ် ခွင့်ပြုရာတွင်
အမြင့်ပေ (၃၀) အများဆုံးနှင့် ဘုရားစေတီ ပုထိုး များနှင့် ပေ (၉၀) အကွာ
တွင်သာ ဆောက်လုပ် ခွင့်ပြုထားခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့
သတ်မှတ်ထား သော်လည်း ဟိုတယ် (၂၈) လုံးမှာ ဘုရားစေတီ ပုထိုးများ
မြင်ကွင်းကွယ် နေခြင်း၊ ကန့်သတ် နယ်မြေများထဲ ၀င်ရောက် နေခြင်း စသည်
တို့ကြောင့် ပြန်ဖျက်ရန် ညွှန်ကြား ထားခြင်း ဖြစ်ကြောင်း သိရသည်။
အခု အသစ်ဆောက် တာတွေက အသင်းဝင် တာတွေ မရှိတဲ့ အတွက် သိပ် မသိဘူး။ ဒါပေမဲ့
ပုဂံရဲ့ ယဉ်ကျေးမှု အမွေအနှစ် ကွယ်ပျောက် စေရင် တော့ ဖျက်သိမ်းသင့် ပါတယ် ဟု
ပုဂံ ဟိုတယ်ဇုန် အတွင်းရေးမှူး ဦးဇော်ဝိတ်က ပြောသည်။ ပုဂံဒေသရှိ
ရှေးဟောင်း ဘုရား စေတီ ပုထိုး များအား မြင်ကွင်းကွယ် စေသည့် ဟိုတယ်များအား
ဟိုတယ်နှင့် ခရီးသွား လာရေး လုပ်ငန်း ၀န်ကြီးဌာနနှင့် သက်ဆိုင်ရာ
တိုင်းဒေသကြီး အစိုးရ အဖွဲ့ တို့ ပူးပေါင်း စစ်ဆေးကာ အရေးယူ
ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။ လက်ရှိ ပုဂံဒေသတွင် တရားဝင်
စည်းမျဉ်းများနှင့် အညီ ဖွင့်လှစ် ထားသည့် ဟိုတယ် (၇၇) လုံးရှိပြီး၊
ယင်းတို့ အနက် အမြင့်ဆုံး အဖြစ် ကြယ်လေးလုံး အဆင့်ရှိ ဟိုတယ်
တစ်လုံးတည်းသာရှိ သေးကြောင်း ပုဂံ ဟိုတယ်ဇုန်မှ သိရသည်။
the messenger
http://messengernewsjournal.com/news/local/detail.php?id=25549
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, October 31, 2014
ပုဂံတွင် ဘုရားစေတီ မြင်ကွင်း ကွယ်စေသည့် ဟိုတယ် (၂၈) လုံးအား ဖြိုဖျက်ရန် ညွှန်ကြား
ပုဂံတွင် ဘုရားစေတီ မြင်ကွင်း ကွယ်စေသည့် ဟိုတယ် (၂၈) လုံးအား ဖြိုဖျက်ရန် ညွှန်ကြား
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 31, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 31, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment