Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 31, 2014

အားလပ်ရက်မှာ လည်ပတ်စရာ ဟဲလိုးဝင်းည ခံစားကြည့်ဖို့

အောက်တိုဘာ ၃၁ ရက် ည ကို Halloween Night အဖြစ် သတ်မှတ်ပြီး နိုင်ငံအနှံ့အပြားမှာ ပွဲတွေ ကျင်းပကြ သလို မြန်မာ နိုင်ငံမှာလည်း Halloween Night မှာ ပျော်ပွဲရွှင်ပွဲတွေကို နာမည် ကြီးဟိုတယ်တွေ စားသောက် ဆိုင်တွေမှာ ကျင်းပပြုလုပ်ကြမှာ ဖြစ်ပါတယ်။ မြန်မာ့ယဉ်ကျေးမှု ပွဲတော် မဟုတ်ပေမယ့်လည်း ဟဲလိုးဝင်း အငွေ့အသက်တွေနဲ့ ပျော်ရွှင်လိုသူတွေအတွက် ဟဲလိုးဝင်းပါတီ ကျင်းပမယ့် နေရာတွေကို ဖော်ပြပေး လိုက်ပါတယ်။

ဆီဒိုးနားဟိုတယ်

ဆီဒိုးနားဟိုတယ်မှာတော့ ဟဲလိုးဝင်းပါတီကို ဟိုတယ်ရဲ့ PADDY O' MALLEY'S ICE BAR မှာ ပြုလုပ်
ပေးမှာဖြစ်ပါ တယ်။ တစ်ဦးကို ၀င်ကြေး အ မေရိကန် ဒေါ်လာ ၁၂ ဒေါ်လာ သတ်မှတ်ထားပြီး ညနေ ၆ နာရီ စတင်မှာဖြစ်ပါတယ်။ ဖျော်ဖြေ ရေးအတွက် ဖိလစ်ပိုင်ဂီတအ ဖွဲ့တစ်ဖွဲ့က ဖျော်ဖြေပေးမှာဖြစ် ပြီး ဟဲလိုးဝင်း အတွက် speicial cocktails နှင့် snacks များလည်း စီစဉ်ထားပါတယ်။ တက်ရောက် လာသူတွေအနေနဲ့တော့ ဟဲလိုးဝင်းနဲ့ သက်ဆိုင်တဲ့ အ၀တ်အစား တွေ ၀တ်ဆင်လာဖို့တော့ လိုအပ် မှာပါ။

ဆူးလေရှန်ဂရီလာဟိုတယ်

ဆူးလေရှန်ဂရီလာဟိုတယ် မှာတော့ ဟဲလိုးဝင်းကို ပထမဆုံး အကြိမ် ကျင်းပမှာဖြစ်ပြီး ဟိုတယ် ရဲ့ Gallery Bar မှာ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ မည်သူမဆို အခမဲ့ လာရောက်နိုင်မှာဖြစ်ပြီး Cock tail မျိုးစုံကို အထူးစီ စဉ်ထားမှာ ဖြစ်ပါတယ်။ ပွဲတက်လာတဲ့သူ တွေထဲကနေ ဟဲလိုးဝင်းအတွက် အကောင်းဆုံးဝတ်ဆင်လာ သူကို Best Costume ဆု ပေးအပ်သွား ဖို့ အစီအစဉ်ရှိသလို တခြား ပြိုင် ပွဲတွေလည်း ကျင်းပပေးသွားဖို့ အစီ အစဉ်ရှိပါတယ်။ ပွဲကိုတော့ ည ၆ နာရီ စတင်မှာ ဖြစ်ပါတယ်။

ချက်ထရီယမ်ဟိုတယ်

ချက်ထရီယမ်ဟိုတယ်မှာ လည်း ဟဲလိုးဝင်းညကို ပထမဆုံး အကြိမ် ပြုလုပ်ပေးမှာဖြစ်ပါ တယ်။ ဟိုတယ်ရဲ့ Club Rizzoil မှာ ပြုလုပ်မှာဖြစ်ပြီး အခမဲ့တက် ရောက်နိုင်မှာဖြစ်ပါတယ်။ ဒီမှာ လည်း ဟဲလိုးဝင်းနဲ့ပတ်သက် ပြီး အကောင်းဆုံး ၀တ်ဆင်လာတဲ့သူ ကို Best Costume ဆုပေးဖို့ အ စီအစဉ်ရှိသလို ကံစမ်းမဲဖောက် ပေး မယ့် အစီအစဉ်တွေလည်း ရှိ ပါတယ်။ ဂီတပိုင်းကို ဒီဂျေ Bay Tar က တင်ဆက်ပေးမှာဖြစ်ပြီး ပွဲစမယ့်အချိန် ကတော့ ည ၇ နာရီပါ။

Mojo

အင်းလျားလမ်းမှာရှိတဲ့ Mojo ဆိုင်မှာလည်း ဟဲလိုးဝင်းည ပွဲကို ပြုလုပ်ပေးမှာဖြစ်ပါတယ်။ ၀င်ကြေး ၅၀၀၀ ကျပ် သတ်မှတ် ထားပေမယ့် ဟဲလိုးဝင်းနဲ့ သက် ဆိုင်တဲ့ အ၀တ်အစားတွေ ၀တ် လာ မယ်ဆိုရင်တော့ ၀င်ကြေးပေး စရာ မလိုပါဘူး။ ပွဲကို ည ၁၀ နာ ရီ စတင်ပေးမှာဖြစ်ပြီး တက် ရောက်လာတဲ့သူတွေကို လက် ဆောင်လေးတွေပေးမယ့် အစီအ စဉ်တွေလည်း ရှိပါတယ်။ ဖျော် ဖြေရေးကို ဒီဂျေရဲက တာဝန်ယူ ထားပါတယ်။

House of Memory

House of Memory မှာ ဟဲ လိုးဝင်းည ဆင်နွှဲချင်ရင်တော့ လက်မှတ်တစ်စောင်ကို ကျပ် ၄၀,၀၀၀ နဲ့ ၀ယ် ယူနိုင်ပါတယ်။ Special Coaktail နဲ့ အစားအသောက်တွေလည်း စီစဉ်ပေးထားမှာပါ။ ပွဲလုပ်မယ့် ခြံထဲမှာ လည်း ဟဲလိုးဝင်းနဲ့ ပတ်သက်တဲ့ ပြင်ဆင်မှုတွေ ပြုလုပ်ထားမှာဖြစ်ပါတယ်။ ဖျော်ဖြေရေး အစီအစဉ်အနေနဲ့ အကအဖွဲ့တွေရဲ့ ဖျော်ဖြေမှုတွေ ရှိမှာဖြစ်ပြီး ပွဲစမယ့်အချိန်က ည ၈ နာရီပါ။

50 Street Cafe Restaurant Bar

50 Street Cafe Restaurant Bar မှာတော့ ဒီဂျေတွေရဲ့ ဖျော်ဖြေမှုအစီအစဉ်တွေနဲ့ပွဲကို ည ၈ နာရီမှာ စတင်မှာဖြစ်ပါတယ်။ မည်သူမဆို အခမဲ့ လာရောက်နိုင်ပြီး ဟဲလိုးဝင်းဝတ်စုံတွေနဲ့ လာရောက်တဲ့သူတွေအ တွက် ထူးခြားတဲ့ အစီအစဉ် တွေရှိမှာဖြစ်သလို မျက်နှာကို အခမဲ့ ဆေးခြယ်ပေးမယ့် အစီအစဉ်အပါအ၀င် တခြားဝန်ဆောင်မှုပေးမယ့် အစီအစဉ်လည်း ရှိပါတယ်။

Escape Gastro Bar

ကန်ရိပ်သာလမ်းမှာရှိတဲ့ Escape Gastro Bar မှာလည်း ၀င်ကြေးကောက်ခံခြင်း မရှိပေ မယ့် ဟဲလိုးဝင်းနဲ့ပတ် သက်တဲ့ အ ပြင်အဆင်တွေ၊ Cocktails တွေ စီစဉ်ထားသလို ဆိုင်ဝန်ထမ်းတွေ ကလည်း ဟဲလိုးဝင်းညအ တွက် ပြင်ဆင်ခြယ်သမှုတွေနဲ့ ၀န်ဆောင်မှုတွေ ပေးမှာပါ။

Sky Bistro

ဆာကူရာ အထပ်နှစ်ဆယ် မှာရှိတဲ့ Sky Bistro မှာတော့ Halloween Special Week ဆိုပြီး အောက်တိုဘာ ၂၄ ရက်ကနေ ၃၁ ရက်အထိ ပြုလုပ်နေတာဖြစ်ပါ တယ်။ ညနေ ၅ နာရီမှာ ပွဲ စတင်မှာဖြစ်ပြီး ည ၇ နာရီက
နေ ၁၀ နာရီအထိ တေးဂီတနဲ့ ဖျော်ဖြေပေးမှာ ပါ။ ဟဲလိုးဝင်း ၀တ်စုံတွေ ငှား ရမ်း ၀တ်ဆင်နိုင်မှာဖြစ်သလို အစားအသောက်စာရင်းမှာလည်း Special Dinner တွေ စီစဉ်ထား ပါတယ်။

ပါ့ခ်ရွိုင်ရယ်ဟိုတယ်

ပါ့ခ်ရွိုင်ရယ် ဟိုတယ်ရဲ့ Club 5 မှာ ပြုလုပ်မှာဖြစ်ပြီး ပြည်တွင်းပြည်ပက အနုပညာရှင်တွေနဲ့ ဒီဂျေတွေရဲ့
ဖျော်ဖြေမှု အစီအစဉ်တွေလည်း ပါဝင်မှာပါ။ ဝင်ကြေးအနေနဲ့ကတော့ ၁၂,၀၀၀ သတ်မှတ်ထားပြီး ဖက်ရှင် ရှိုးလည်းကြည့်ရမှာဖြစ်သလို တက်ရောက်လာတဲ့သူတွေထဲက အကောင်းဆုံး ဟဲလိုးဝင်းဝတ်စုံဆုကို လည်းပေးအပ်သွားဦးမှာပါ။ ပွဲစမှာကတော့ ည ၉ နာရီပါ။ အဲဒီနေရာတွေတင် မဟုတ်ဘဲ ကမ္ဘာအေးဘုရား လမ်းက GTR Club ၊ ၀င်္ကပါလမ်းက Salad စားသောက်ဆိုင်၊ အနောက်ရွှေဂုံတိုင်လမ်းက Vista Bar မှာလည်း ဟဲလိုးဝင်းညအတွက် အစီအစဉ်တွေရှိလို့ ပျော်ပျော်ကြီး ဆင်နွှဲလိုက်ကြပါဦး။

7Day Daily

No comments:

Post a Comment