ပူစီနံပင်
ပူစီနံရွက်ဟာ ခြင်ပြေးစေတဲ့ အနံ့ကို ထုတ်ပေးတဲ့အတွက် အိမ်ထဲမှာ
စိုက်ပျိုးသင့်ပါတယ်။ ဒီအပင်မျိုးဟာ စိုက်ရလွယ်ကူပြီး မကျွမ်းကျင်တဲ့သူက
စိုက်ရင်တောင်ရပါတယ်။ ရှင်သန်ဖို့လည်း အလွန်လွယ်ကူပြီး အရမ်းကို
ပွားများလွယ်တာကြောင့် ပန်းအိုးလေးထဲထည့်စိုက်ထားရင် အရမ်းနေရာ
ယူလွန်းတာမျိုးကိုပါ တားဆီးသွားနိုင်တဲ့အပြင် ထားချင်တဲ့နေရာ ကို
ပြောင်းရွှေ့ဖို့လည်း လွယ်ပါတယ်။ နောက်ထပ် အသုံးဝင် တာလေးရော သိချင်ပါသလား။
ပူစီနံရွက်ကို မုန့်ဟင်းခါးထဲလည်း ထည့်စားသလို အသုပ်ထဲလည်း ထည့်စားကြပါတယ်။
အခြောက်လှန်းပြီး ရေနွေးထဲခတ် ကာ သောက်နိုင်ပါသေးတယ်။
ကြောင်ပန်းရွက်
ကြောင်ပန်းရွက်ဟာလည်း ခြင်ပြေးစေတဲ့အရွက်တစ်မျိုးဖြစ်ပါတယ်။ ခြင်ဆေးတွေမှာ
ပါတတ်တဲ့ DEET ထက် ၁၀ဆပိုပြီး အာနိသင်ထက်တယ်လို့ သုတေသနအရ သိရပါတယ်။
အရမ်းကို စိုက်ရ လွယ်ကူတဲ့ အပင်လည်းဖြစ်ပြီး အိမ်မှာ ကြောင်ရှိရင်တော့
ကြောင်တွေအရမ်းသဘောကျတဲ့ အပင်ဖြစ်လို့ အခြား ပန်းပင်တွေနဲ့ ခပ်ဝေးဝေးမှာ
စိုက်ပါ။ ကြောင်ပန်းပင်ကို ကြောင်တွေက လာရောက်ဆော့ကစားတဲ့အတွက်
တခြားအပင်တွေလည်း ပျက်စီးသွားနိုင် လို့ဖြစ်ပါတယ်။
အချပ်တစ်ရာပန်း
ပွင့်ချပ်တွေများစွာရှိတဲ့ အချပ်တစ်ရာပန်းဟာ ရေဓာတ်လေဒဏ်ခံနိုင်ပြီး
အရောင်အသွေး လည်းလှပပါတယ်။ အနံ့က စိမ်းရွှေရွှေနဲ့ ပြင်းထန် တာကြောင့်
ပိုးကောင်လေးတွေတောင် ရှောင်ရှား
တဲ့အတွက် ခြင်တွေပြေးမှာလည်း အသေအချာပါပဲ။ ပန်းလေးတွေကလည်း လှတဲ့အတွက်
တခြားပန်းတွေနဲ့အတူ ပန်းခင်းထဲမှာ အလှဆင်လို့ရပါ တယ်။ ခြံစည်းရိုးတ၀ိုက်မှာ
ပတ်ပြီး စိုက်ထားရင် ခြင်တွေ ခြံထဲမ၀င်တော့ ဘူးပေါ့။
ပင်စိမ်းပင်
စားဖိုမှူးအပေါင်းတို့ရေ၊ ခြင်လည်းပြေးပြီး ဟင်းလည်းချက်လို့ရတဲ့
အပင်တစ်မျိုးကို ပြောပြမယ်နော်။ ပင်စိမ်းပင်ဟာ ခြင်လည်းပြေးစေပြီး
ဟင်းချက်ရာမှာလည်း ဟင်းခတ်အမွှေးအကြိုင်အဖြစ် အရမ်း အသုံးဝင်ပါတယ်။
ပင်စိမ်းအမျိုးမျိုးရှိတဲ့အတွက် ကြိုက်ရာတစ်မျိုးကို
ရွေးချယ်စိုက်ပျိုးနိုင်ပါတယ်။
Lavender ပန်း
ခရမ်းရောင် Lavender ပန်းဟာ အနံ့ချိုအီအီလေးနဲ့ အရမ်းလှတဲ့ပန်းပါ။
ဒီပန်းဟာလည်း ခြင်ပြေးစေတဲ့ပန်းပါပဲ။ အိမ်ထဲမှာရော အိမ်ပြင်မှာပါ
စိုက်ပျိုးလို့ရနိုင်ပြီး အိမ်ထဲမှာစိုက်ရင် ပန်းအိုးကို
နေရောင်ရတဲ့နေရာမှာထားပါ။ အခြောက်လှန်းပြီး ရေနွေးထဲခတ်ကာ သောက်နိုင်သလို
အိမ်တစ်ခုလုံးကိုလည်း ချိုအီအီမွှေးရနံ့ပျံ့လွင့်နေစေမှာပါ။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူစားခြင်းဟာ ခြင်ကို မပြေးစေပေမဲ့ ကြက်သွန်ဖြူကို ကြဲပက်ထားတဲ့ စိုက်ခင်းထဲကို တော့ ခြင်က
ရှောင်ရှားလေ့ရှိပါတယ်။
သဘာဝအပင်တွေဟာ လူကိုလည်း ဘေးမဖြစ်စေပဲ ခြင်တွေကို ပြေးစေလို့
ဓါတုခြင်ဖျန်းဆေးတွေ သုံးဖို့ လုပ်မိတိုင်း တစ်မိနစ်ခန့် အချိန်ယူစဉ်းစားကာ
သဘာဝအပင်လေး တစ်ပင်လောက်စိုက်လိုက်ပါ။
Kayan Times
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, October 8, 2014
သဘာဝနည်းလမ်းနဲ့ ခြင်တွေကို မောင်းထုတ်နိုင်တဲ့အပင်များ
သဘာဝနည်းလမ်းနဲ့ ခြင်တွေကို မောင်းထုတ်နိုင်တဲ့အပင်များ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 08, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 08, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment