မော်ဒယ် အေးချမ်းမြတ်မိုးအား အံဖြိုးပိုင်မှ ပြန်မချစ်လျှင် သတ်ပစ်မည်ဟု
ခြိမ်းခြောက် ပြောဆိုမှုများ ရှိခဲ့ကြောင်း သေဆုံးသူ၏ အစ်ကိုဖြစ်သူ
ကိုအာဏာဝဏ္ဏက အနောက်ပိုင်းခရိုင် တရားရုံးတွင် ထွက်ဆိုခဲ့သည်။
မော်ဒယ် အေးချမ်းမြတ်မိုး အမှုကို အနောက်ပိုင်းခရိုင် တရားရုံးတွင်
ခရိုင်တရားသူကြီးက အောက်တိုဘာ ၂ရက်နေ့တွင် စတင်စစ်ဆေးခဲ့ပြီး တရားလိုပြ
သက်သေအဖြစ် သေဆုံးသူ၏ အစ်ကိုဖြစ်သူ ကိုအာကာဝဏ္ဏကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။
“အခင်းဖြစ်ပြီးတဲ့နောက်မှာ ညီမရဲ့ သူငယ်ချင်း တစ်ယောက်က ညီမ
အေးချမ်းမြတ်မိုးကို အံဖြိုးပိုင်က သူ့ကို ပြန်မချစ်လျှင် သတ်မယ်။
ကိုယ်ကိုယ်ကိုလည်း သတ်မည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့တယ်” ဟု ကိုအာဏာဝဏ္ဏက
ထွက်ဆိုခဲ့သည်။
အဆိုပါ ရုံးထုတ်မှုဖြစ်ပြီး တရားလိုဘက်မှ တရားလိုပြ သက်သေ ၂၀ဦးခန့် စစ်ဆေးသွားရန် ရှိကြောင်း သိရသည်။
“ညီမလေးကို နှောင့်ယှက်တယ်လို့ ပြောသဖြင့် ရုံးဆင်းတဲ့ တစ်နေ့
လိုက်ကြည့်တော့ အံဖြိုးပိုင်က ကျွန်တော့်ညီမကို လိုက်နှောင့်ယှက်နေနေတာကို
တွေ့ရတယ်။ အံဖြိုးပိုင်နဲ့ ကျွန်တော် စကားများ ရန်ဖြစ်ကြပြီး အပြန်အလှန်
တောင်းပန်ခဲ့ကြကြောင်း” မော်ဒယ် အေးချမ်းမြတ်မိုး၏ အစ်ကိုဖြစ်သူ
ကိုအာဏာဝဏ္ဏမှ ထပ်မံထွက်ဆိုသည်။
မော်ဒယ် အေးချမ်းမြတ်မိုး အသက်(၁၉ နှစ်)မှာ သြဂုတ် ၂၆ ရက် ညပိုင်းတွင်
၎င်းနေထိုင်သည့် ဒဂုံ မြို့နယ်၊ ဦးဝိစာရအိမ်ရာ ၀င်းအတွင်းရှိ နေအိမ်
တိုက်ခန်းအနီး လှေကားတွင် အံဖြိုးပိုင် ၂၂နှစ်မှ ဓားဖြင့် ထိုးသတ်မှု
ဖြစ်ပွားခဲ့ခြင်းကြောင့် သေဆုံးသူ၏ အစ်ကိုဖြစ်သူက ဒဂုံမြို့နယ် ရဲစခန်းတွင်
ပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
tomorrow
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, October 8, 2014
မော်ဒယ်အေးချမ်းမြတ်မိုးအမှု့စတင်စစ်ဆေးပြီ (သတ်ပစ်ရန် ခြိမ်းခြောက်ပြောခြင်းများရှိခဲ့ဟု သေဆုံးသူ၏ အစ်ကိုဖြစ်သူမှ တရားရုံးတွင် ထွက်ဆို)
မော်ဒယ်အေးချမ်းမြတ်မိုးအမှု့စတင်စစ်ဆေးပြီ (သတ်ပစ်ရန် ခြိမ်းခြောက်ပြောခြင်းများရှိခဲ့ဟု သေဆုံးသူ၏ အစ်ကိုဖြစ်သူမှ တရားရုံးတွင် ထွက်ဆို)
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 08, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 08, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment