မြန်မာနိုင်ငံတွင် လူ ကြိုက်အများဆုံးကား အမှတ်တံ ဆိပ်နှင့် ဈေးကွက်ဝေစု
အများ ဆုံးရရှိထားသည့် ကားမှာတိုယို တာဖြစ်ကြောင်း Motors.com.mm မှ
ကောက်ယူထားသည့် စစ်တမ်းတွင် ဖော်ပြထားသည်။
တိုယိုတာက ဈေးကွက်ဝေ စု ၅၃ ရာခိုင်နှုန်းဖြင့် နံပါတ် ၁ နေရာ ရရှိပြီး၊
ဒုတိယနေရာတွင် ၁၁ ရာခိုင်နှုန်းဖြင့် ဟွန်ဒါ၊ တတိယနေရာတွင် ၈
ရာခိုင်နှုန်းဖြင့် နစ်ဆန်းတို့က ရပ်တည်လျက်ရှိကြောင်း အဆိုပါ စစ်တမ်းအရ
သိရသည်။
မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်၊ ရေမြေရာသီဥတုနှင့်လည်း ကိုက ညီကာ
ယာဉ်အပိုပစ္စည်းများ လည်း အလွယ်တကူရရှိနိုင်သည့် ဂျပန်ထုတ်ကားများကို
ကြိုက်နှစ် သက်ကြပြီး မြန်မာကားဈေးကွက် အတွင်းမှ ၈၅ ရာခိုင်နှုန်းသော
ကားများမှာ ဂျပန်အမှတ်တံဆိပ် ကားများဖြစ်ကြောင်း အဆိုပါ စစ် တမ်းတွင်
ဖော်ပြထားသည်။
ပြီးခဲ့သည့် လကလည်း ရန်ကုန်မြို့တွင် Brand New အ ရောင်းပြခန်း
လာရောက်ဖွင့်လှစ် ခဲ့သော တိုယိုတာကားအရောင်း ပြခန်း၌ ဈေးကွက်ဝေစု
အများဆုံးကို ဂျပန်ကားများ ရရှိထားပြီး ယင်းအထဲတွင် တိုယိုတာက
အများဆုံးဖြစ်နိုင်ကြောင်း ကုမ္ပဏီ တာဝန်ရှိသူက ခန့်မှန်းထားသည်။
မြန်မာနိုင်ငံတွင် ဒီဇိုင်းဆန်းပြီး လူကြိုက်များလာသည့် ကိုရီး
ယားနိုင်ငံထုတ်ကားများဖြစ်သည့် ကေအိုင်အေ၊ ဟွန်ဒိုင်းတို့က ဈေး ကွက်၏
ဒုတိယဝေစုကို ရရှိထား ကြောင်း မြမြင့်မိုရ်ကားအရောင်း ပြခန်းပိုင်ရှင်က
ခန့်မှန်းပြောကြားသည်။
တတိယမြောက် လူကြိုက် အများဆုံး ဈေးကွက်ဝေစုအဖြစ် ဥရောပနိုင်ငံထုတ်
ကားများက နေရာယူထားပြီဖြစ်ကြောင်း ကားအရောင်းပြခန်းပိုင်ရှင် အချို့က
သုံးသပ်သည်။
‘‘ဥရောပကားတွေက ဆီစား တယ်။ ဈေးလည်း ကြီးတယ်။ ဒါ့ ကြောင့် ဂျပန်ကားတွေနဲ့
တိုးဖို့ ခက်နိုင်တယ်’’ဟု ကားတင်သွင်း သူ လုပ်ငန်းရှင်တစ်ဦးက
သုံးသပ်သည်။ရန်ကုန်မြို့၏ ကားဈေးကွက် တွင် နည်းပါးနေသေးသည့်
တရုတ်နိုင်ငံထုတ်ကားများမှာ အဆိုပါ စစ်တမ်းတွင် နောက်ဆုံး အဆင့်၌
ရပ်တည်လျက်ရှိသည်။
စစ်တမ်း ကောက်ယူထား သော Motor.com.mm သည် ရန်ကုန်မြို့၏ ကားအရောင်းအ ၀ယ်
ပြုလုပ်ရာနေရာ လေးခုအပါအ၀င် တစ်နိုင်ငံလုံးရှိ ကားအ ရောင်းပြခန်း ၂၂၀
ကျော်နှင့် စာချုပ်ချုပ်ဆိုထားပြီး အဆိုပါ ၀က်ဘ်ဆိုက်ပေါ်တွင် အရောင်း
အ၀ယ်ပြုလုပ်သူများ၏ အချက် အလက်ကို အခြေပြု၍ စစ်တမ်း ကောက်ယူထားခြင်း
ဖြစ်သည်ဟု ဆိုသည်။
Motor.com.mm သည် မြန်မာနိုင်ငံ တစ်ဝန်းရှိ ကားအ ရောင်းအ၀ယ် ပြုလုပ်နေသူ ၉၀
ရာခိုင်နှုန်းမှ အဓိကအသုံးပြုနေ သည့် ၀က်ဘ်ဆိုက်တစ်ခု ဖြစ် ကြောင်း
ယင်းကုမ္ပဏီက ပြော သည်။ သို့သော် လူဦးရေ ၅၁ သန်းကျော်ရှိသော
မြန်မာနိုင်ငံတွင် အင်တာနက် သုံးစွဲသူ ငါးသန်း ကျော်သာ ရှိသည်။
7daydaily
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, October 17, 2014
မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံးနှင့် ဈေးကွက်ဝေစု အများဆုံးကားမှာ တိုယိုတာဟု စစ်တမ်းတစ်ခု ဖော်ပြ
မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံးနှင့် ဈေးကွက်ဝေစု အများဆုံးကားမှာ တိုယိုတာဟု စစ်တမ်းတစ်ခု ဖော်ပြ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 17, 2014
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment