Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 26, 2014

မြ၀တီမြို့တွင် ဖမ်းဆီးထားသော ကျပ်သိန်း ၄,၀၀၀ ကျော် တန်ဖိုးရှိ ကွန်ပျူတာဂိမ်းများ မီးရှို့ဖျက်ဆီး

ကွန်ပျူတာဂိမ်းစက်များကို မီးရှို့ဖျက်ဆီးနေစဉ် (ဓာတ်ပုံ - မြန်မာနိုင်ငံရဲတပ်ဖွဲ့)
လက်နက်ကိုင်အဖွဲ့များ  နှင့် အစိုးရတပ် တင်းမာမှုဖြစ်ခဲ့ သည့် ကာလအပါအ၀င် မြ၀တီ ခရိုင်အတွင်း ဧပြီမှ အောက်တို ဘာအထိ ဖမ်းခဲ့သည့် ကွန်ပျူတာ ဂိမ်းစက်များ ရာနှင့်ချီ၍ မီးရှို့ဖျက် ဆီးခဲ့ကြောင်း ကရင်ပြည်နယ် ရဲ တပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
အောက်တိုဘာ ၂၅ ရက်က မြ၀တီမြို့အမှတ်(၄)ရပ်ကွက်ရှိ ဘောလုံးကွင်း မြေလွတ်တွင် မီး ရှို့ခဲ့ခြင်းဖြစ်ပြီး မြန်မာငွေ ၄,၇၃၅ သိန်းတန်ဖိုးရှိ  ကွန်ပျူတာ ဂိမ်း စက်အလုံးရေ  ၃၂၅  လုံးဖြစ် ကြောင်း ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။
‘‘ဟိုတုန်းကတော့ လက်နက် ကိုင်အဖွဲ့အစည်း အမည်ခံပြီး ဖွင့် ကြတာ။ အခုတော့ ဖွင့်တာနဲ့ ဖမ်း တာပဲ။ မရှိသလောက် ဖြစ်သွား ပြီ။ ဒီလထဲ အများဆုံး ဖမ်းဖြစ်ခဲ့ တာပါ’’ ဟု မြ၀တီခရိုင်ရဲတပ်ဖွဲ့ မှ ရဲအရာရှိတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံနှင့် နယ်ချင်းစပ် နေသည့် မြ၀တီခရိုင်အောက်ရှိ မြ၀တီမြို့နှင့် သင်္ကန်းညီနောင်မြို့ မှ ဂိမ်းဆိုင်များမှာ ငြိမ်းချမ်းရေး ယူထားသည့် လက်နက်ကိုင်အဖွဲ့ အစည်းမှ  တပ်ဖွဲ့ဝင်များ ယခင်ကပင်  ဖွင့်ခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က အရေးယူမှုများလည်း ရှိခဲ့သည်။ သို့သော် အစိုးရတပ်နှင့် လက်နက်ကိုင်တပ်ဖွဲ့များ တင်း မာမှုဖြစ်ပြီးနောက် ဖမ်းဆီးမှု အရှိန်မြှင့်ခဲ့ပြီး ယခုဖျက်ဆီးခဲ့ သည့် ဂိမ်းစက်များမှာလည်း စက် တင်ဘာနှောင်းပိုင်းမှ အောက်တို ဘာလနှောင်းပိုငးအတွင်း အများ ဆုံး ဖမ်းမိခဲ့ခြင်း ဖြစ်သည်။
                 ဂိမ်းစက်များနှင့်အတူ လောင်းကစားသည့် ငွေကြေးများ သိမ်းဆည်း၍တရားခံများပါ ဖမ်းဆီးခဲ့သော်လည်း အရေအတွက်ကိုမူ ရဲတပ်ဖွဲ့က အတိအကျမပြောခဲ့ပေ။
7Day Daily

No comments:

Post a Comment