Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 21, 2014

Pregnancy test ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်နည်း

1. ဆရာ ကိုယ်ဝန်ရှိမရှိတိုင်းတဲ့ကိရိယာကို ဘယ်နှရက်ကြာမှာမှ တိုင်းတာနိုင်ပါသလဲ။
2. ဆီးစစ်ရင် ဆေးခန်းမှာ စစ်ရမှာလား။ ကျွန်တော်ကြားဖူးတာ ကိုယ်တိုင်လည်း စစ်ကြည့်လို့ ရတယ် ဟုတ်လားဆရာ။ တကယ်လို့များ ကိုယ်ဝန်ရှိနေရင် ဘယ်လိုဆက်လုပ်ရမလဲ ဆရာ။ ကျွန်တော့်ကို ကူညီပါဆရာ။ တကယ်လို့ ရာသီလာတယ်ဆိုရင် ကိုယ်ဝန် မရနိုင်ဘူးလားဆရာ။ ကျေးဇူးတင်ပါတယ်။ကိုယ်ဝန်အတွက်ဆီးစစ်တာကို Urine pregnancy test kit ကိုဝယ်ပြီး အိမ်မှာတင်စစ်လို့ရတယ်။ ကိုယ်ဝန်ရှိသေူကို တမင်တကာဖျက်တာကို ဆရာကလုပ်မပေးပါ။ ဆးနည်းလဲမညွှန်ပါ။ ဆေးစာတွေသာရေးပါတယ်။ ရာသီ (သွေး) လာရင် ဒိအရင်က အတူနေခဲ့တာအတွက် ကိုယ်ဝန်မရပါ။ ရတယ်ဆိုလဲ ပျက်တာဖြစ်မယ်။

ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်နည်း
• ကိုယ်ဝန်ရှိပြီဆိုတာနဲ့ အဲဒီအမျိုးသမီးရဲ့သွေးထဲမှာရှိလာ၊ ဆီးထဲမှာပါလာတဲ့ Human Chorionic Gonadotropin (HCG) ဟော်မုန်းကို စမ်းသပ်တာကို ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်နည်းလို့ခေါ်တယ်။ Urine pregnancy test ကိုဆေးဆိုင်တွေမှာ အလွယ်ဝယ်လို့ရပါတယ်။

• မ-မျိုးဥနဲ့ ကျားသုက်ပိုးတို့ ပေါင်းစပ်ပြီးနောက် ၆ ရက်အကြာမှာ သန္ဓေက သားအိမ်အတွင်းဆုံးအလွှာမှာ လာကပ်မယ်။ အဲဒီအချိန်ကစပြီး HCG ဟော်မုန်း ထွက်လာပြီ။ သန္ဓေကပ်ပြီးနောက် ၁ဝ ရက်ဆိုရင် စမ်းလို့ရပါပြီ။
• HCG ဟော်မုန်းက ကိုယ်ဝန် ပဌမ ၃ လအတွင်းမှာ တရက်ပြီးတရက် များများလာတယ်။ နောက်တော့ ကျသွားတယ်။
• ဆေးသောက်လို့ဖြစ်ဖြစ်၊ သားအိမ်ခြစ်လို့ဖြစ်ဖြစ် ကိုယ်ဝန်ပျက်သွားရင်လဲ ဒီဟော်မုန်းက သွေးထဲ-ဆီးထဲမှာ ဆက်ရှိနေလို့ ဆီးစစ်ရင် အပေါင်းသာပြနေအုံးမယ်။ စမ်းလို့မရလောက်အောင် နည်းသွားတော့မှ အနုတ်ပြလိမ့်မယ်။
• အရေအသွေး (ရှိ-မရှိ) စမ်းသပ်နည်းနဲ့ အရေအတွက် (ဟော်မုန်းအနည်း-အများ) စမ်းသပ်နည်းဆိုပြီး ရှိသေးတယ်။
• ကိုယ်ဝန်က သားအိမ်ပြင်ပမှာတည်နေရင်၊ ပျက်ရင် ဟော်မုန်းအနည်းအများက ပုံမှန်မဟုတ်နိုင်ဘူး။ အမွှာကိုယ်ဝန်ဆိုလဲ မတူနိုင်ဘူး။
• ကိုယ်ဝန်တော့ ရှိနေပြီ၊ ဒါပေမဲ့ ဟော်မုန်းက နည်းနေသေးရင်လဲ စမ်းလို့ မသိနိုင်သေးဘူး။ သွေးထဲမှာ အနည်းဆုံး HCG 25-50 mIU/mL ရှိလာမှသာ အပေါင်းပြလိမ့်မယ်။
• စစ်ဆေးကိရိယာတချို့က HCG 20 mIU ဆိုရင် အပေါင်းပြမယ်။ တချို့က 100 mIU ရှိမှသာပြတယ်။
• သွေးကိုစမ်းသပ်နည်းနဲ့ ဆီးကိုစမ်းသပ်နည်းဆိုပြီး ၂ နည်းရှိပါတယ်။
• သွေးစမ်းသပ်နည်းအတွက် အဖြေကို နောက်တရက်အထိ စောင့်ရမယ်။ ဆီးစစ်နည်းကတော့ ၁-၂ မိနစ်သာ စောင့်ရမယ်။

• ဆီးကိုစမ်းရင်လဲ မနက်ခင်းသွားတဲ့ဆီးက ပိုသေချာစေနိုင်တယ်။
• ရာသီလာရမဲ့ရက်ထက် တချို့က တရက်နောက်ကျရင်တောင်မှ စမ်းနိုင်တယ်ဆိုပေမဲ့၊ တပါတ်နောက်ကျချိန်မှာ စမ်းသင့်တယ်။ ကိုယ်ဝန်ရှိတယ်လို့ သံသယရှိနေပြီး စမ်းတော့ အနုတ်သာပြတယ်ဆိုရင် သေချာဘို့အတွက် နောက် ရက်အနည်းငယ် (၇ ရက်) နေရင် တခါထပ်စမ်းသင့်တယ်။
• ဒီစမ်းသပ်နည်းကို အရက်သောက်ထားထား၊ မူးယစ်ဆေးသုံးထားထား အဖြေကို သက်ရောက်မှုမရှိပါ။
• ဆီးစစ်နည်းဟာ အနည်းဆုံး ၉၇% မှန်ကန်တိကျတယ်။
• အိမ်မှာတင် စမ်းသပ်နည်းကိရိယာ အမျိုးမျိုးလာတယ်။ အချောင်းလေးနဲ့ရှိသလို အပြားလေးရှိတယ်။ အားလုံး လွယ်ကူတယ်။ အဖြေပေးတာလဲ အမျိုးမျိုး။ အရောင်လိုင်းလေး ၂ ကြောင်းပေါ်မယ်။ တမျိုးက အပေါင်း-အနုတ် လို့ ပြမယ်။ တချို့မှာ ကိုယ်ဝန်ရှိ-မရှိလို့ အင်္ဂလိပ်စာပေါ်လာမယ်။
• အများသုံးနည်းမှာ အရောင်နဲ့ မျဉ်း ၂ ကြောင်းပြရင် အပေါင်း (ကိုယ်ဝန်ရှိတယ်) လို့ ဖတ်တယ်။
• တကြာင်းက မှိန်မှိန်သာပေါ်နေရင်လဲ အပေါင်းပဲဖတ်ပါ။ သေချာချင်ရင် နောက် ၅-၆-၇ ရက်အကြာမှာ တခါ ထပ်စစ်ပါ။ ဘာလို့အဲလိုဖြစ်သလဲဆိုတော့ ရက်စောနေလို့၊ ဆီးက ကျဲနေလို့ဖြစ်မယ်။ စမ်းသပ်ကိရိယာ ရက်စွဲ လွန်တာသတိပြုပါ။ မနက်ခင်းဆီးကိုသာစစ်ပါ။ ရာသီလာရမဲ့ရက်ထက် တပါတ်နောက်ကျမှသာစစ်ပါ။

အဖြေမှားများ
• Thorazine ဆေး၊ ကလေးရစေအောင်ပေးတဲ့ HCG injections ဆေး၊ perphenazine စိတ်ဆေး၊ အတက်သက်သာဆေး၊ စိတ်ငြိမ်ဆေးတွေ သောက်ထားရင် မှားပြီး အပေါင်းပြနိုင်တယ်။ စမ်းသပ်ကိရိယာကို ဆပ်ပြာထိထားရင်လဲ မှားပြီး အပေါင်း ပြနိုင်တယ်။ Trophoblastic tumors အကျတ်ရောဂါရှိနေရင်လဲအဲလိုဖြစ်နိုင်တယ်။ တချို့မှာ Hysterical or false pregnancy ကိုယ်ဝန်လိုချင်လွန်းလို့စိတ်စွဲနေရင်လဲ ဖြစ်နိုင်သေးတယ်။

• False positives မှားပြီးအပေါင်းပြတာက False negatives မှားပြီးအနုတ်ပြတာထက် ပိုနည်းတယ်။

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment