လတ်တလော အနီရောင်ပုံရိပ်ဆိုတဲ့ သရဲကားမှာ အောင်ရဲလင်းနဲ့အတူ သရုပ်ဆောင်ထားတဲ့ ၀တ်မှုန်ရွှေရည်ကို ဒီလိုဇာတ်ရုပ်မျိုးနဲ့ သိပ်မတွေ့ရတာမို့ ခုလိုကာရိုက်တာကို လက်ခံ ရိုက်ကူးဖြစ်သွားတဲ့ အကြောင်း မေးကြည့်လိုက်တော့ “သရဲကားက ကစ်ရိုက်တာနည်းတယ်။ ဘာလို့လဲဆိုတော့ သရဲကားတွေကလဲ ရိုက်ကြတာများတော့ အရမ်းကြီး မထူးဆန်းမှာလဲ စိုးတယ်။ ပြီးတော့ ဇာတ်လမ်းရွေးနေတာကြောင့်လဲ ပါတယ်။ ဒီကားလေးကို လက်ခံဖြစ်တာက ဇာတ်လမ်း ဇာတ်အိမ်လေးလဲ ရှိတယ်။ ကိုနေပိုင်ကလဲ သရဲကားရိုက်ရင် သူ့ရိုက်ချက်တွေနဲ့ ဇာတ်လမ်း ဇာတ်အိမ်လေးက စိတ်ဝင်စားဖို့ကောင်းမယ်ထင်လို့ပါ။ ရိုက်မဲ့ပုံစံလေးတွေ လိုကေးရှင်းလေးတွေကလဲ ကစ်တစ်ခါမှ မရိုက်ဖူးသေးတဲ့ နေရာတွေလဲဖြစ်တယ်။ အဲ့ဒီတော့ ပရိသတ်တွက် အသစ်တစ်ခုဖြစ်မယ်ထင်လို့ပါ။ ပြီးတော့ ကစ် အပြင်လူနေမှုဘ၀မှာလဲ သရဲဝိဥာဉ်တွေကို အယုံအကြည် ရှိပါတယ်”လို့ သူမက ဆိုပါတယ်။ ဒါ့အပြင်သူမက ဆက်ပြီး “ဇာတ်ကို ခုနောက်ပိုင်းဆို အများကြီး လက်မခံဖြစ်ဘူး။ တောက်လျှောက် ရိုက်ခဲ့တဲ့ ကားတွေကလဲ မနည်းတော့ဘူး။ အဲ့အပြင် ကိုယ်မဟုတ်တဲ့ သူများတွေ ရိုက်ထားပြီးသား ဇာတ်လမ်း ဇာတ်အိမ်တွေကလဲ မနည်းတော့ဘူး။ အဲ့ဒီအပြင်ကိုမှ ကန့်သတ်ပေးထားတဲ့ ဘောင်လေးအတွင်းကနေ ရိုက်ရတဲ့အတွက် ဇာတ်လမ်းက အရမ်းရှားပါတယ်။ ကိုယ့်ဖက်ကလဲ တတ်နိုင်သလောက် ဇာတ်မတူအောင် ကြိုးစားပြီး ရိုက်နေရတဲ့ အနေအထားတစ်ခုမှာ ရှိတာပေါ့နော်။ ရိုက်ချင်တဲ့ ဇာတ်လဲ ရိုက်လို့မရဘူးလေ။ ဆင်ဆာကလဲ ရှိသေးတော့ ရိုက်လို့ရမဲ့ ဘောင်လေးအတွင်းကပဲ အတတ်နိုင်ဆုံး ကြိုးစားပြီး ရိုက်နေရတာပေါ့”တဲ့။ ကစ် collection ဆိုပြီး ထုတ်ဖြစ်သွားတဲ့အကြောင်းကိုတော့ “ကစ် အမှတ်တရ ပစ္စည်းလေးတွေ ပရိသတ်အတွက် ထုတ်ပေးနေတယ်။ ပစ္စည်းက ပထမက ခေါင်းအုံးပေါ့။ နောက်ပိုင်းကတော့ ပ၀ါလေးတွေ ထုတ်ဖို့ရှိပါတယ်” လို့ သူမက ဆိုသွားပါတယ်။ သူမရဲ့အချစ်ရေးနဲ့ပတ်သတ်ပြီးတော့လဲ သူမက “အချစ်ရေးက မပြောတော့ပါဘူး။ ပြပဲပြလိုက်တော့မယ် ။ (ရယ်လျက်) စတာပါ။ ကစ်အချစ်ရေးက အရမ်းပျင်းဖို့ကောင်းတယ်။ ဘာမှမရှိပါဘူး။ အချစ်နဲ့ပတ်သတ်ပြီး ကိုယ့်ရဲ့ဘေးနားမှာ တိုင်ပင်ဖော်လေးတော့ လိုချင်တာပေါ့။ ကြိုးစားရုန်းကန်ရတဲ့ အချိန်မျိုးမှာ အားငယ်တဲ့အခါမျိုးမှာ ဘေးနားမှာ အဖော်လေးတော့ လိုတာပေါ့နော်”တဲ့။ Source: trend.com.mm
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, September 21, 2014
အားငယ်တဲ့အခါမျိုးမှာ ကိုယ့်ဘေးနား အဖော်လေးတော့ လိုတာပေါ့လို့ ဖွင့်ဟလာတဲ့ ၀တ်မှုန်ရွှေရည်
အားငယ်တဲ့အခါမျိုးမှာ ကိုယ့်ဘေးနား အဖော်လေးတော့ လိုတာပေါ့လို့ ဖွင့်ဟလာတဲ့ ၀တ်မှုန်ရွှေရည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 21, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 21, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment