Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 26, 2014

အိမ်ထောင်ရှင် အမျိုးသမီးတို့ အတွက် Ocean Supercenter မှ ဖန်တီးပေး လိုက်တဲ့ အထူးအခွင့်အရေးတစ်ရပ်


တည်ငြိမ်ရင့်ကျက်မူ အလှတရားနဲ့ ပြီးပြည့်စုံနေတဲ့ အိမ်ထောင်ရှင် အမျိုးသမီးတို့ အတွက် အထူးအခွင့်အရေး တစ်ရပ်အဖြစ် Ocean Supercenter ရဲ့ တတိယ အကြိမ်မြောက် Mrs. Ocean Beauty Pageant (2014) ပြိုင်ပွဲကို ရန်ကုန်နဲ့ မန္တလေးမှာ ကျင်းပသွားဖို့ ရှိပါတယ်။

ရန်ကုန်မှာဆိုရင် လူရွေးပွဲစဉ်ကို အောက်တိုဘာလ ၄ ရက်နေ့မှာ Ocean Supercenter (North Point ဆိုင်ခွဲ)နဲ့ Grand Final ပွဲစဉ်ကို အောက်တိုဘာလ ၁၁ ရက်နေ့မှာOcean Supercenter (ရွှေဂုံတိုင်ဆိုင်ခွဲ) မှာရှိတဲ့ Promotion Area မှာ ပြုလုပ်မှာ ဖြစ်ပါတယ်၊၊

မန္တလေး မှာတော့ အောက်တိုဘာလ ၈ ရက်နေ့မှာ Ocean Supercenter (၇၃လမ်းဆိုင်ခွဲ) မှာ Final ပွဲစဉ်အဖြစ် ကျင်းပသွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲမတိုင်ခင် လူတွေ စစ်ဆေးခြင်းကို ရန်ကုန်နှင့် မန္တလေးမှာရှိတဲ့ City Mart ရုံးချုပ်များမှာ ပြုလုပ်သွားမှာပါ။

ဒီပြိုင်ပွဲကို အသက်(၁၈)နှစ် မှ (၄၅)နှစ်အတွင်းရှိ အိမ်ထောင်ရှင် အမျိုးသမီးတိုင်း ဝင်ရောက် ယှဉ်ပြိုင်နိုင်ပြီး ဆုများအနေနဲ့ Mrs. Ocean အတွက် ဆုငွေ ဆယ်သိန်းကို ငွေသားနှင့်အတူ Ocean Girt Voucher နဲ့ တွဲဖက် ချီးမြှင့်မှာဖြစ်ပြီး စကာတင် ရွေးချယ် ခံရသူများ အတွက်လည်း ကျပ်တစ်သိန်းနှင့် အခြား ဆုလက်ဆောင်များကို ချီးမြှင့်ပေးမှာ ဖြစ်တဲ့အတွက် လက်မလွတ်သင့်ဘဲ ဝင်ရောက် ယှဉ်ပြိုင်နိုင်ကြဖို့အတွက် ဖိတ်ခေါ်ပေး လိုက်ပါတယ်နော်။

No comments:

Post a Comment