Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 26, 2014

iPhone 6Plus ကွေးသည်၊ iPhone 6 မကွေးပါ


လက်ရှိ သတင်းကြီးနေတဲ့ iPhone 6Plus ကွေးတဲ့ အကြောင်းကတော့ သိပ်ကြ ပါလိမ့်မယ်။ ဒီအတွက် ကြောင့်လည်း Apple ရဲ့ နောက်ဆုံးထွက် ဖုန်းနှစ်လုံး ရောင်းအား ကျဆင်းမှုနဲ့ အတူ ရှယ်ယာတန်ဖိုးပါ ကျဆင်းလာပါတယ်။ ဒီအတွက သက်သေပြတဲ့ ဗီဒီယို အတော်များများ ရှိလာပြီး နောက်ဆုံး အတည်ပြုတာ ကတော့ iPhone 6Plus သာ ကွေးပြီး iPhone 6 က အခြား သာမန် ဖုန်းများနဲ့ အတူတူသာ ဖြစ်ကြောင်း ဆိုပါတယ်။

ဒီအိတွက် စမ်းသပ်မှုကို Unbox Therapy က YouTube မှာ သက်သေပြခဲ့ ပါတယ်။ iPhone 6Plus ကတော့ ဝမ်းနည်းစွာပဲ လွယ်တကူ ကွေးကောက်သွားပါတယ်။ iPhone 6 ကတော့ အခြားသော စမတ်ဖုန်းများနဲ့ ယှဉ်ပြီး ကွေးပြတဲ့ အခါ တမူထူးခြားလောက်အောင် မဆိုးသွား ပါဘူး။ ဒါပေမယ့် ဘောင်းဘီအိတ်ထဲ ထည့်ရုံမက တမင်တကာကြီး ထိုင်ကွေး နေရင်တော့ iPhone 6 တင်မက အခြား ဖုန်းများလည်း ကွေးပါလိမ့်မယ် ဖြစ်ကြောင်း ပြောပါတယ်။ ဒီတော့ iPhone 6 user များ စိတ်ပူစရာ လျော့သွားပါတယ်။ ဝမ်းနည်းစရာ ကတော့ iPhone 6 Plus user များ အတွက်ပါ။ မိမိဖုန်း အတွက် ကာဗာ ပစ္စည်းများ တပ်ဆင်ဖို့ လိုအပ် ပါလိမ့်မယ်။ ကွေးသွားပြီး နဂို မူလ ပုံသဏ္ဍာန်ကို လွယ်တကူ ပြန်လုပ်ယူလို့ မရ ပါဘူး။

ဒါကြောင့်မို့ Apple က တမင်ကွေးလို့ ရတဲ့ feature ထည့်ပေးတယ်လို့ မဆိုနိုင် ပါဘူး။ Apple ဘက်က တုန့်ပြန်ပြောဆိုမှုကိုလည်း လူတိုင်း စောင့်ဆိုင်းလျက် ရှိပါတယ်။ ကွေးကောက် စမ်းသပ်တဲ့ ဗီဒီယို များကို အောက်ပါ link နှစ်ခုမှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://youtu.be/znK652H6yQM
http://youtu.be/znK652H6yQM

အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment