Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 14, 2014

မြန်မာပြည်ထဲကဘ၀တွေ

ကလေးရဲ့ အမည်က မနီနီအောင်
အသက်က ၂ နှစ်ပါ ….
ဒီသမီးငယ်လေး ကိုယ်ဝန်ရပြီးကတည်းက အဖေနဲ့ အမေ ကွဲသွားကြတယ်လို့ သိရတယ်… အမေဖြစ်သူက ကလေး မွေးဖွားပြီး (၄)ရက် အတွင်းမှာ သေဆုံးသွားခဲ့ပါတယ်… အဖေဖြစ်သူက အခုထိ အဆက်အသွယ် မပြုလုပ်သေးဘူးလို့ သိရပါတယ်…
လက်ရှိတော့ သမီးငယ်လေးဟာ အသက်(၈၀)ကျော် အဘိုးဖြစ်သူနဲ့အတူ သုံးခွကျေးရွာ၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီးမှာ နေထိုင်ပါတယ်…
သမီးငယ်လေးဟာ မွေးဖွားလာကတည်းက စအိုပေါက် ပါလာခြင်း မရှိတဲ့အတွက် မစင်ကို ဗိုက်ကနေ ခွဲထုတ်ပြီး စွန့်ထုတ်နေရပါတယ်…. အခုလာမည့် ၁၁ လပိုင်း(နိုဝင်ဘာလ)မှာ ဆေးရုံတက်ရောက် စအိုပေါက် ဖောက်ရမယ်လို့ သိရပါတယ်…
ဆေးရုံတက်ရောက် ကုသခွဲစိတ် ကုန်ကျမှုကို အလှူရှင်တစ်ဦးမှာ တာဝန်ယူထားတယ်လို့ သိရပါတယ်.. ဒါပေမယ့် လက်ရှိ အခြေအနေအရ နားလေးနေသော အသက်(၈၀)ကျော် အဘိုးနဲ့ အတူ နေရတာဖြစ်တာ ကြောင့် စားဝတ်နေရေး အလွန်အခက်အခဲ ရှိနေပါတယ်….
ဒါကြောင့် ပရဟိတအဖွဲ့များနဲ့ စေတနာရှင် မိဘပြည်သူများအနေနဲ့ သမီးငယ်လေးအတွက် ကိုယ်တိုင် သွားရောက် စုံစမ်းလှူဒါန်းလိုပါက သင်္ဃန်းကျွန်း စံပြဈေးမှတ်တိုင်ကနေ လေးထောင့်ကန်သို့ သွားသည့် လိုင်းကားများကိုစီးပြီး စီးပွားရေးတက္ကသိုလ်အကျော် သုံးခွ -- သမ မှတ်တိုင် တွင် ဆင်းပါ.. အဲ့နောက် ကိုအောင်မြင့် ဆံသ ဆိုင်လို့ မေးရင် ရပါတယ်… ကိုအောင်မြင့်ရဲ့ ဖုန်းနံပါတ်ကတော့ 09 319 175 96 ဖြစ်ပါ တယ်… နောက်တစ်ဦးကတော့ အိမ်နီးနားချင်း ဘကကျောင်းမှာ ပညာသင်ကြားပေးနေတဲ့ ပရဟိတ ဆရာမ မမီမီသက်ခိုင် .. ဖုန်း 09 420 240 719 သို့လည်း ဆက်သွယ်စုံစမ်းနိုင်ပါတယ် …
ဒီ Post လေးကို Share ပေးပါဦးနော် ........
ဓါတ်ပုံ - Ma Demo
လေးစားစွာဖြင့်
ဖိုးစီ (ရွှေညောင်မြေ) 09 420 746 023




No comments:

Post a Comment