သင်ဟာ ဘယ်လိုလူမျိုးလဲဆိုတာကို အရောင်တွေ၊ ပုံသဏ္ဍန်တွေက ပြောပြနိုင်ပါတယ်။
အထက်ပါ ပုံ ၉ ပုံထဲက သင်အပေါ် ဆွဲဆောင်မှုအရှိဆုံးလို့ ထင်တဲ့ပုံတစ်ပုံကို
သေချာရွေးချယ်ပါ။ သင်ဘယ်လို လူမျိုးလဲဆိုတာ အောက်မှာကြည့်ပါ။
(၁)
လွပ်လပ်မှုကို အဓိကထားသူများဖြစ်သည်။ ချုပ်ချယ်ခံရတာလောက် ဆိုးတာမရှိ။ အလုပ်
ခဏခဏ ပြောင်းတတ်သည်။ ဘယ်နေရာမှလည်း အတည်တကျ မနေတတ်။ တစ်နေရာတည်းတွင်
အကြာကြီးနေရပါက ဒုက္ခကြီးတစ်ခုလို ဖြစ်နေတတ်သည်။ အချစ်ရေးတွင်လည်း
ထိုကဲ့သို့လူမျိုးများ ဖြစ်တတ်သည်။ လူအများကတော့ ၄င်းတို့အား
ပျော်တတ်သူများဟု မြင်တတ်သည်။ ၄င်းတို့၏ သူငယ်ချင်းများ၊
လက်တွဲဖော်များသည် ၄င်းတို့လောက် မတက်ကြွသူများ ဖြစ်တတ်သည်။ မိတ်ဆွေသစ်၊
ကိစ္စသစ်၊ အကြောင်းအရာသစ်များကို ပွင့်ပွင့်လင်းလင်း
ဝင်ရောက်ချည်းကပ်ရသည်ကို ကြိုက်သည်။
(၂)
တစ်ကိုယ်တော်သမားဖြစ်သည်။ အများလုပ်သလို လိုက်လုပ်ရသည်ကို မုန်းသည်။
အများလုပ်သလို မလုပ်ချင်တာကြောင့် မုန်တိုင်းထဲ ငါးဖမ်းထွက်ဖို့တောင်
စဉ်းစားတတ်သူများ ဖြစ်သည်။ ၄င်းတို့သည် လွပ်လွပ်လပ်လပ်ဖြင့်
အပူပင်ကင်းမဲ့စွာ နေထိုင်ရပါက ဘဝတွင် ထိုးတက်အောင်မြင်သွားသူများ
ဖြစ်တတ်သည်။ အနုပညာ ဆန်ရသည်ကိုလည်း ကြိုက်သေးသည်။ လွပ်လွပ်လပ်လပ်
နေချင်သောစိတ်ကြောင့် မလွပ်မလပ်သော အလုပ်တွေကိုသာ လုပ်မိနေတတ်သည်။
(၃)
ကိုယ့်အတွေးနှင့်ကိုယ် တစ်ကိုယ်တည်း အချိန်ဖြုန်းသူများ ဖြစ်သည်။
ပျင်းသည်ဆိုတာကလည်း မရှိသလောက် ဖြစ်သည်။ အပိုလုပ်ရသည်ကို မကြိုက်။
ပကာသနစကားတွေအစား တစ်ကိုယ်တည်း နေလိုက်ရသည်ကို ပိုနှစ်သက်သည်။ သို့သော်လည်း
၎င်းတို့၏ သူငယ်ချင်းများနှင့် ဆက်ဆံရေးကတော့ ခိုင်ခိုင်မာမာရှိသည်။
နက်နက်ရှိုင်းရှိုင်း ချစ်တတ်ခင်တတ်ပြီး သစ္စာဖောက်သလိုမျိုးခံစားရပါကလည်း
ခွင့်မလွှတ်တတ်သူများ ဖြစ်သည်။ ၄င်းတို့၏ဘေးနားကလူများထက်
တည်ငြိမ်ရင့်ကျက်သူများ ဖြစ်တတ်ပြီး ရိုးရှင်းမှုကို ကြိုက်သူများဖြစ်သည်။
(၄)
ကိုယ့်စိတ် ကိုယ်သိသူများဖြစ်သည်။ အခြားလူများက ဘဝကို သံသယများနှင့်
ရှုပ်ထွေးနေစဉ် ၄င်းတို့က ကိုယ်ဘာလုပ်ရမည်ကို သိသူများဖြစ်သည်။
ဖုံးကွယ်ထားခြင်းလည်းမရှိ။ ကိုယ်မြင်တာကို ကိုယ်လုပ်မည့်သူများ ဖြစ်သည်။
မွေးရာပါ အားကိုးခံရသူများ ဖြစ်တတ်သည်။ အပိုအလုပ်များကို မကြိုက်။
ခေတ်စားနေသည့်အရာများကို သံသယဖြင့် အမြဲကြည့်နေတတ်သည်။
(၅)
ကံကို မယုံသူများဖြစ်သည်။ ပြဿနာများကို ရှင်းရှင်းလင်းလင်း ဖြေရှင်းရသည်ကို
ကြိုက်သည်။ နေ့တိုင်း လုပ်နေရသောကိစ္စများ ဖြစ်သော်လည်း
ငြီးတွားနေတတ်သူများ မဟုတ်ပေ။ အလုပ်တွင် တာဝန်အပေးခံရဆုံးလူများ
ဖြစ်တတ်သည်။ ၄င်းတို့သည် အားကိုးရမှန်း အများက သိနေတတ်ကြသည်။
ကိုယ့်ကြောင့်အခြားလူများလည်း စိတ်ချလက်ချ ရှိတတ်သည်။ မွေးရာပါခေါင်းဆောင်
သို့မဟုတ် စတင်အစီအစဉ်ချသူများ ဖြစ်တတ်သည်။ အဖွဲ့လိုက် ကောင်းကောင်း
လုပ်တတ်သော်လည်း အမိန့်ပေးသူ ဖြစ်နေသည်ကို တွေ့ရတတ်သည်။
(၆)
ခင်မင်တတ်သူများ ဖြစ်သော်လည်း လျို့ဝှက်သည်။ လွယ်လွယ်နှင့်
သူငယ်ချင်းဖြစ်တတ်သော်လည်း လွယ်လွယ်နှင့် သူတို့အကြောင်း သိဖို့မလွယ်ပေ။
တစ်ခါတစ်လေ တစ်ကိုယ်တည်း တွေးနေတတ်သူများ ဖြစ်သော်လည်း
တစ်ကိုယ်တည်းသမားများ မဟုတ်ပေ။ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ
သဟဇာတဖြစ်အောင် နေသူများဖြစ်သည်။ ခိုင်မာသော ဘဝရည်ရွယ်ချက်မျိုး
ရှိတတ်သူများဖြစ်သည်။
(၇)
ပိုက်ဆံနှင့် ဝယ်လို့မရသည့် အရာများကို တန်ဖိုးထားသည်။ ဂီတ၊ အနုပညာ
စသည်များကို တန်ဖိုးထားသူများ ဖြစ်သည်။ စကားများပြီဆိုပါက နှစ်ဖက်စလုံးကို
ကြည့်ပေးသူများဖြစ်သည်။ ကိုယ့်ခံစားချက်ကို ထိန်းထားနိုင်သူများလည်း
ဖြစ်သည်။ တည်ငြိမ်ကာ လက်တွေ့ကျကျ တွေးတတ်သူများဖြစ်သော်လည်း ၄င်းတို့သည်
ရှေးရိုးဆန်သော စည်းမျဉ်းစည်းကမ်းများဖြင့် နေထိုင်တတ်သည်။
(၈)
ထိလွယ်ရှလွယ် ခံစားတတ်သူများဖြစ်သည်။ နာမ်ပိုင်းဆိုင်ရာ များကိုလည်း
ယုံတတ်တတ်သည်။ စိတ်တွင်ဖြစ်ပေါ်လာသော ကြိုတင်ခံစားချက်များကိုလည်း
ယုံကြည်တတ်သည်။ အိမ်မက်တွေဘာတွေလည်း ယုံတတ်သည်။ ဘဝတွင် စဉ်းစားခြင်းကို
အသားပေး၍ လက်တွေ့ဆန်လွန်းသူများအား နားလည်ရန် ခက်ခဲနေတတ်သည်။ သို့သော်
၎င်းတို့သည် ပွင့်လင်းသောလူများနှင့် မှန်ကန်ခိုင်မာသော
ရင်းနှီးမှုမျိုးများ ရတတ်သည်။
(၉)
လှုပ်လှုပ်ရှားရှား နေရသည်ကို ကြိုက်သူများဖြစ်သည်။ စိတ်ဝင်စားစရာကောင်းသော
အလုပ်များအတွက် စွန့်စားရဲသူများ ဖြစ်သည်။ နေ့စဉ် တစ်ခုတည်းကို လုပ်နေရပါက
၎င်းတို့၏ အရည်အသွေးများ ကျဆင်းသွားပြီဟု ခံစားနေတတ်သည်။ မနက် ၉ ည ၅ ဖြင့်
နေ့စဉ်စားပွဲနောက်မှာသာ လုပ်ရသောအလုပ်မျိုးက ၄င်းတို့၏ စိတ်အားတက်ကြွမှုကို
ဖျက်ဆီးတတ်သည်။ ပေါင်းသင်းဆက်ဆံရေးတွင် တက်ကြွသူများ ဖြစ်ခြင်းကြောင့်
အဆိုးဆုံးအခြေအနေတွင်တောင် အခြားလူများအား ပျော်အောင် လုပ်နေတတ်သည်။
နေရာမှန် လူမှန်မဟုတ်ပါက ၄င်းတို့သည် အခြားလူများထက် မှေးမှိန်နေတတ်သည်။
www.myanmarlatestnews.com
Phothutaw
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, September 15, 2014
သင် ဘယ်လိုလူမျိုးလဲ �
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 15, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 15, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment