ရွှေဝါရောင် အရေးအခင်းနှင့် ပတ်သက်၍ လက်ရှိ အစိုးရအား
တောင်းပန်ခိုင်းခြင်း သည် နောက်ကြောင်း ပြန်လှည့်နေခြင်း မျိုးသာ
ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ အကြီးတန်း အရာရှိ တစ်ဦးက ပြောသည်။
ရွှေဝါရောင် အရေးအခင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူ များ
တောင်းပန်ခြင်း မရှိသည့် အတွက် သပိတ်မှောက် ထားဆဲသာ ဖြစ်ကြောင်း ရွှေဝါရောင်
ဆရာတော် တစ်ပါး ဖြစ်သည့် ဦးစန္ဒာသီရိက ယမန်နေ့ က ပြုလုပ်သော ရွှေဝါရောင်
အရေးအခင်း ခုနစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် မိန့်ကြားခဲ့သည်။
လက်ရှိ အစိုးရက ဖွဲ့ စည်းပုံ အခြေခံ ဥပဒေနဲ့ အုပ်ချုပ်တဲ့ အစိုးရ
ဖြစ်နေတယ်။ အဲဒါကို တောင်းပန်မှ ဆိုတော့ ကျွန်တော်တို့ က နောက်ကြောင်း
မပြန်သင့်တော့ဘူး။ ဒီအချိန်မှာ လက်ရှိ အစိုးရက လက်ပံတောင်းမှာ
ကံအားလျော်စွာ ကံဆိုးစွာနဲ့ ဖြိုခွင်းတဲ့ ဖြစ်စဉ်မှာ ထိခိုက် ဒဏ်ရာရတာတွေ
ရှိတယ်။ လက်ရှိ အစိုးရ က တောင်းပန်တယ်။
ကာယကံရှင် ဆရာတော်ကြီးတွေကို တောင်းပန်ပြီး သွားပြီ။ အရင်တုန်းက အစိုးရ
အစဉ် အဆက် တောင်းပန်နေရ ရင်တော့ အဓိပ္ပာယ် မရှိဘူး ဟု သမ္မတရုံးမှ အကြီးတန်း
အရာရှိ က ပြောသည်။ လက်ပံတောင်းတောင် သပိတ် စခန်း ဖြိုခွင်းရာ၌ ပြင်းထန်စွာ
နှိမ်နင်းခဲ့၍ သံဃာတော် များနှင့် ဆန္ဒပြ နေသူများတွင် ခန္ဓာကိုယ်
မီးလောင်မှုများ အပါအ၀င် တခြားထိခိုက် ဒဏ်ရာများ ပြင်းထန်စွာ
ရရှိခဲ့သောကြောင့် မုံရွာမြို့နယ် ရွှေစည်းခုံ ဘုရားဝင်းအတွင်း နိုင်ငံတော်
သမ္မတရုံး ပြည်ထောင်စု ၀န်ကြီး ဦးလှထွန်း၊ စစ်ကိုင်းတိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးသာအေး အပါအ၀င် ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူများ က တောင်းပန်မှု
များ ပြုလုပ်ခဲ့ကြသည်။
သံဃာတော်များ အနေဖြင့် ခွင့်လွှတ်ပေး သော်လည်း ကံဆောင်မှု အရ တောင်းပန်မှု
မရှိပါက သပိတ်လှန်ပေး၍ မရကြောင်း ဦးစန္ဒာသီရိက ရွှေဝါရောင် နှစ်ပတ်လည်
အခမ်းအနားတွင် မိန့်ကြားခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့
ဝန်ကြီးချုပ် ဦးမြင့်ဆွေက ရွှေဝါရောင် တော်လှန်ရေး ကာလက ၎င်း၏
ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ကြိုးပေးလျှင်လည်း ခံနိုင်ကြောင်း တရားဝင်
ပြောကြား ထားသည်။ ဦးမြင့်ဆွေသည် ရွှေဝါရောင် တော်လှန်ရေး ကာလက
ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် နိုင်ငံတော်
အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်အောက်တွင် တာဝန်
ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
၂၀၀၇ ခုနှစ်က လောင်စာဆီ ဈေးနှုန်း မြင့်တက်လာ ခြင်းကြောင့် အခြေခံ
စားသောက်ကုန် ဈေးနှုန်း မြင့်တက် လာခြင်းကို သံဃာတော်များ ဆန္ဒထုတ်ဖော်ရာ မှ
ရွှေဝါရောင် တော်လှန်ရေး စတင် ဖြစ်ပွားခဲ့သည်။ ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူ
သံဃာတော် အများ အပြားမှာ အကြမ်းဖက်နှိမ်နင်း ဖမ်းဆီးခံခဲ့ ရသည်။
messenger
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, September 20, 2014
လက်ရှိ အစိုးရကို ရွှေဝါရောင် အရေးအခင်းနှင့် ပတ်သက်၍ တောင်းပန်ခိုင်းခြင်းသည် နောက်ကြောင်း ပြန်လှည့်ခြင်းသာ ဖြစ်ဟုဆို
လက်ရှိ အစိုးရကို ရွှေဝါရောင် အရေးအခင်းနှင့် ပတ်သက်၍ တောင်းပန်ခိုင်းခြင်းသည် နောက်ကြောင်း ပြန်လှည့်ခြင်းသာ ဖြစ်ဟုဆို
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 20, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 20, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment