Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 20, 2014

ပြင်ဦးလွင်ရေဘေး

ပြင်ဦးလွင်ခရိုင် စဥ့်ကူးမြို့နယ်အတွင်းမှာရှိတဲ့ ရေမြက်ကျေးရွာမှာ အိမ်ခြေ ၂၃၀ ရှိတဲ့အထဲက အိမ်၄၁လုံး သဲမြုပ်ပျက်စီးခဲ့ပြီး အိမ်ခြေ ၁၃လုံး အိမ်လုံးလိုက် ရေမျောသွားခဲ့ပါတယ်။ တောင်ကျရေနဲ့အတူ သဲနဲ့ ကျောက်တုံးကြီးတွေလည်းပါလာခဲ့ပြီး လူ တယောက်သေဆုံးကာ ၂ယောက် ပျောက်ဆုံးနေပါတယ်။
ရေမြက်ကျေးရွာက ကိုမျိုးကိုဟာ ရေကြီးမှုဖြစ်စဉ်အတွင်း မိန်းမနဲ့ကလေး ပျောက်ဆုံးသွားပြီး
ကလေးအလောင်းပြန်ရပေမယ့် မိန်းမဖြစ်သူကတော့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
ခုလက်ရှိအချိန်မှာတော့ ရေမရှိတော့ပေမယ့် အိမ်တွေထဲမှာ သဲတွေ ပြည့်နေတဲ့အတွက် ရွာခံတွေ ဒုက္ခရောက်နေကြပါတယ်။
စက်တင်ဘာလ ၁၈ရက်နေ့မနက် ၂နာရီကျော်က ရွာသွန်းခဲ့တဲ့ မိုးရေတွေကြောင့် ပြင်ဦးလွင်ခရိုင် စဥ့်ကူးမြို့နယ်အတွင်းမှာရှိတဲ့ ကျည်တောက်ပေါက်၊ နွယ်ရုံ၊ ငါးပြားပေး၊ ရေမြက် စတဲ့ ရွာ၎ရွာမှာ ရေဘေးဒုက္ခရောက်နေကြပါတယ်။
ကျည်တောက်ပေါက်မှာတော့ ချောင်းတာရှည်ဆိုတဲ့ ချောင်းရေကြောင့် ရပ်ကွက်မှတ် ၁၊ ၂၊ ၃၊ ၄၊ ၇၊ ၈ ရပ်ကွက်တွေမှာ နေအိမ်များ အိမ်ခြေ တထောင်ကျော် ရေနှစ်မြုပ်ခဲ့ပြီး အိမ်ခြေ ထက်ဝက်ကျော်က အဆိုးဆုံးဖြစ်တယ်လို့ သိရပါတယ်။ ကျည်တောက်ပေါက် ဈေးလည်း ရေနှစ်မြုပ်ခဲ့ပြီး စာသင်ကျောင်းတွေလည်း ပိတ်ထားရပါတယ်။ ၁၉၉၆ခုနှစ်ရေကြီးပြီးနောက်ပိုင်း ဒီရေကြီးမှုဟာ အဆိုးဆုံးဖြစ်ကြောင်း၊ ဆုံးရှုံးငွေကျပ် သိန်း ၃၀၀၀ကျော်ဖိုး လောက်ရှိမယ်လို့ မြို့ခံတွေက ခန့်မှန်းနေကြပါတယ်။
ရေမြက်ကျေးရွာမှာတော့ အိမ်ခြေ ၂၃၀ ရှိတဲ့အထဲက အိမ်၄၁လုံး သဲမြုပ်ပျက်စီးခဲ့ပြီး အိမ်ခြေ ၁၃လုံး အိမ်လုံးလိုက် ရေမျောသွားခဲ့ပါတယ်။ တောင်ကျရေနဲ့အတူ သဲနဲ့ ကျောက်တုံးကြီးတွေလည်းပါလာခဲ့ပြီး လူ တယောက်သေဆုံးကာ ၂ယောက် ပျောက်ဆုံးနေပါတယ်။ ခုလက်ရှိအချိန်မှာတော့ ရေမရှိတော့ပေမယ့် အိမ်တွေထဲမှာ သဲတွေ ပြည့်နေတဲ့အတွက် ရွာခံတွေ ဒုက္ခရောက်နေကြပါတယ်။ သဲပမာဏက အနည်းဆုံး ၄ပေကနေ အများဆုံး ၁၀ပေကျော်အထိရှိနေတာဖြစ်ပြီး အိမ်တွေ၊ ဆိုင်ကယ်တွေ၊ အသုံးဆောင်ပစ္စည်းတွေ၊ လယ်တွေ မြုပ်ကုန်ခဲ့တာပါ။
ကယ်ဆယ်ရေးအနေနဲ့ ၁၈ရက်နေ့က အနီးနားရွာခံတချို့က ချက်ပြုတ်ပြီး ထမင်းထုတ်ဝေနေခဲ့ရတာ ၁၉ရက်နေ့အထိဖြစ်ပါတယ်။ စက်တင်ဘာ ၁၉ရက်နေ့ မနက်ပိုင်းမှာတော့ ရေမြက်ကျေးရွာမှာ အာဏာပိုင်အဖွဲ့အစည်း တချို့လာရောက် ကူညီပေးနေတာ တွေ့ရပါတယ်။ လူမှုကူညီရေးအသင်းတွေကလည်း ချက်ပြုတ်ပြီး ထမင်းထုတ်ဝေနေရပါတယ်။ အဓိကအားဖြင့် သောက်သုံးရေ အခက်အခဲ ဆိုးဆိုးဝါးဝါး ရှိနေပါတယ်။
.
သတင်းဓာတ်ပုံ - စူပါ (DVB)





No comments:

Post a Comment