Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 1, 2014

အောက်တိုဘာတွင် အမြဲနေခွင့် စတင်လျှောက်နိုင်


Byအိဖြူမွန်
 မြန်မာနိုင်ငံတွင် နိုင်ငံ ခြားသားများအမြဲတမ်းနေထိုင်ခွင့် (ပီအာရ်)ကို လာမည့်အောက်တိုဘာ နောက်ဆုံးပတ်မှစတင်၍ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှသတင်းရရှိသည်။

‘‘သမ္မတကအောက်တိုဘာ လအပြီးလုပ်ဖို့ပြောထားပါတယ်။ လွှတ်တော်ကလည်းအတည်ပြု ပြီးပါပြီ။ နည်းဥပဒေလည်းပြီးနေ ပြီ။ အောက်တိုဘာလနောက်ဆုံး ပတ်လောက်အကောင်အထည် ဖော်မှာပါ’’ ဟု လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီ ကပြောသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြား သားများ အမြဲတမ်း နေထိုင်ခွင့် စတင်ပေးချိန်တွင် ငါးနှစ်သက် တမ်းအကြမ်းဖျင်းသတ်မှတ်ထား ပြီး ထပ်တိုးသူများကိုလည်းငါးနှစ် အထိသာထပ်တိုးရန်ခွင့်ပြုမည် ဖြစ်သည်ဟုဆိုသည်။
နိုင်ငံခြားသားများနေထိုင် ခွင့်၊ အမြဲတမ်းနေထိုင်ခွင့်နည်းဥပ ဒေကြမ်းထုတ်ပြန်ရေးအတွက် ဒုတိယသမ္မတဦးဉာဏ်ထွန်းဦး ဆောင်သောဥပဒေကြမ်းရေးဆွဲ ရေးအဖွဲ့များသည် ၂၀၁၄ မေလ နောက်ဆုံးပတ်တွင်တွေ့ဆုံပြီး နောက် အမြဲတမ်းနေထိုင်ခွင့်ငါး နှစ်သက်တမ်းသတ်မှတ်မည်ဟု သတင်းထွက်ရှိလာခဲ့ခြင်းဖြစ် သည်။
ရေးဆွဲပြီးစီးသွားသည့်ဥပဒေကြမ်းကို ၂၀၁၃ဇူလိုင်တွင် ရှေ့ နေချုပ်ရုံးသို့ တင်ပြပြီးနောက် သမ္မတထံ စက်တင်ဘာပထမ ပတ်တွင် တင်ပြခဲ့သည်။ ထိုမှတစ် ဆင့် စက်တင်ဘာ တတိယပတ် တွင် လွှတ်တော်သို့ဆွေးနွေးရန် တင်ပြထားခဲ့ပြီးလွှတ်တော်က ယ ခုနှစ်တွင် အတည်ပြုလိုက်ခြင်း ဖြစ်သည်။
ပီအာရ်ပေးမည့် နိုင်ငံခြားသားများအတွက် စံသတ်မှတ်ချက်လေးမျိုးရေးဆွဲနေပြီး ယင်းတို့မှာ ပညာရှင်များ၊ ရင်းနှီးမြှုပ်နှံသူများ၊ နိုင်ငံသားဟောင်းများ၊ နိုင်ငံသားနှင့် သွေးနှောသူများကိုခွဲခြားကာ ရေးဆွဲနေခြင်း ဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကျင့်သုံးနေသည့် ၁၉၈၂နိုင်ငံသား ပုဒ်မ ၁၃အရ နှစ်နိုင်ငံသားခံယူ သည့်စနစ်ကို ခွင့်ပြုထားခြင်းမရှိ သောကြောင့် ပြည်ပရောက်မြန် မာနိုင်ငံသားများလာရောက်ပါက ရက်အကန့်အသတ်ဖြင့်သာနေ ထိုင်ခွင့်ရှိသည်။
သမ္မတဦးသိန်းစိန် အမေရိ ကန်နိုင်ငံသို့ ရောက်ရှိခဲ့စဉ် မြန်မာ နိုင်ငံသည် သယံဇာတကြွယ်ဝ ခြင်း၊ အိမ်နီးချင်းကမ္ဘာ့အင်အား ကြီးဈေးကွက်များနှင့် ဆက်စပ်နေခြင်းတို့ကြောင့် ၀ိုင်းဝန်းကြိုးပမ်းပါက ၁၉၆၀ ပြည့်နှစ်ဝန်းကျင်မတိုင်မီ အရှေ့တောင်အာရှတွင်ရပ်တည်ခဲ့သော အဆင့်သို့ ပြန်လည်ရရှိမည်ဖြစ်ကြောင်း စသဖြင့် အမေရိကန် ရောက်မြန်မာမိသားစုနိုင်ငံတော် တည်ဆောက်ရေးတွင်ပါဝင်ကူညီရေးအတွက် ပြန်လာရန်ဖိတ်ခေါ်ခြင်းဖြစ်သည်။
နိုင်ငံခြားသားအမြဲနေထိုင် ခွင့်စနစ်ဥပဒေကြမ်းကို ဒုသမ္မတ ဦးဉာဏ်ထွန်းဦးဆောင်ပြီးပြည်ထဲ ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန် ကြီးဌာန၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့ပူး ပေါင်းရေးဆွဲခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment