Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 2, 2014

(၅) လောင်းပြိုင် လူသတ်မှု မပေါ်ပေါက်ခြင်းအတွက် အကြွေးရှိကြောင်း ဦးခင်ရီဆို

၂၀၀၈ ခုနှစ်၊ မတ်လ (၃) ရက်နေ့က စိမ်းလဲ့ကန်သာလမ်းတွင် ဖြစ်ပွားခဲ့သော ငါးလောင်းပြိုင် လူသတ်မှုကို ယခု အချိန်အထိ တရားခံ မဖမ်းဆီး နိုင်ခဲ့ခြင်း အတွက် အကြွေးရှိကြောင်း၊ ယင်းကာလက မြန်မာနိုင်ငံ ရဲချုပ် တာဝန်ယူခဲ့သော လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူအင်အား ၀န်ကြီးဌာန ၀န်ကြီး ဦးခင်ရီက ပြောကြားသည်။ အမှုတွေ မပေါ်တာတွေ မှန်သမျှ ကျွန်တော်တို့မှာ အကြွေးရှိတာပေါ့။ နောက်လူတွေက ဆက်ပြီးကြိုးစားနေပါတယ်။ မကွယ် ပျောက်ဘူး။ဒီအမှုကို ပိတ်ပစ်တယ် ဆိုတာ မရှိပါဘူး။ နိုင်ငံတကာမှာလည်း အဲဒီလိုပဲ သမ္မတ လုပ်ကြံတဲ့ အမှုတောင် မပေါ်တာရှိတယ်။ တောက်လျှောက် ဆက်တိုက်လိုက် နေပါတယ်။ အပတ်စဉ် CID က ဆွေးနွေးနေပါတယ် ဟု ဦးခင်ရီက ပြောသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် ဖော်နိုင်သင့်ကြောင်း၊ သို့သော် မပေါ်ပေါက်ခဲ့ကြောင်း၊ မပေါ်ရာတွင် အကြောင်းအမျိုးမျိုး ရှိပြီး အကြီးဆုံး ပြစ်ချက်မှာ ရဲတပ်ဖွဲ့သည် အခင်းဖြစ်ရပ်ကို မြန်မြန်ဆန်ဆန် မလိုက် နိုင်ဘဲ ခြေရာလက်ရာများ ပျက်နေသော အချိန်မှသာ ၀င်ရောက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ အခင်းဖြစ်ရာသို့ မည်သူမှ မ၀င်နိုင်အောင် မြန်မြန်ဆန်ဆန် မထိန်းသိမ်းနိုင် ခဲ့ကြောင်း၊ ထိုစဉ်က တာဝန်ယူခဲ့သူ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ဟောင်း ဦးခင်ရီက ပြောသည်။

ယင်းလူသတ်မှုသည် ယခုအခါ ခြောက်နှစ်ကျော် ကြာမြင့်ခဲ့ပြီး ဖြစ်ကာ ၂၀၀၈ ခုနှစ်၊ မတ်လ (၃) ရက်နေ့ ကမာရွတ်မြို့နယ် စိမ်းလဲ့ကန်သာ လမ်း၊ အိမ်အမှတ် (၁၂၆)တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ၎င်းလူသတ်မှုတွင် ကျောက်သူဌေး ဦးချာလီ (ဦးစောကြည်ဖ)၊ ဇနီး ဒေါ်စန်းစန်းမြင့်၊ သမီးများ ဖြစ်သော ဒေါ်မြစန္ဒာ၊ မနှင်းပွင့်အေး၊ အိမ်ဖော် မအယ်ဖောတို့ ငါးဦးသည် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်။

ကျွန်တော်တို့ ကြားဖူးတာက ရဲချုပ်ကိုယ်တိုင်က သက်သေခံတွေ ရရှိထားပါပြီ ဆိုပြီး ပြောတယ်လို့ ဖတ်ခဲ့ဖူးတယ်။ ဘာပဲဖြစ်ဖြစ် တရား ဥပဒေ စိုးမိုးမှုက မြန်မာနိုင်ငံမှာ အင်အားနည်းနေတယ် ဆိုတာ သိသာနေတယ်။ အဲဒီလို ပြည်တွင်းရဲ့ အင်အားရယ်၊ အတတ်ပညာရယ် လုံလောက်မှု မရှိတော့ဘူး ဆိုရင် နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုကို အကူအညီ တောင်းသင့်တယ်။ လျစ်လျူရှုမယ် ဆိုရင်တော့ ရာဇ၀တ်မှုကြီးတွေကို ပညာသားပါပါ ကျူးလွန်တာတွေကို အားပေးအားမြောက်ပြုရာ ရောက်သွားနိုင်တယ် ဟု တရားလွှတ်တော် ရှေ့နေ ရောဘတ်စန်းအောင်က The Messenger Media သို့ ပြောသည်။ မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်မှ စ၍ ယခုအချိန်အထိ ရာဇ၀တ်မှု ကျူးလွန်ပြီး ထွက်ပြေး လွတ်မြောက်နေ သူပေါင်း တစ်သောင်းကျော်ရှိ နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ထုတ်ပြန်ထားသည်။

messenger

No comments:

Post a Comment