Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 25, 2014

ဓမ္မစေတီ ခေါင်းလောင်းတွေ့ပြီဟု ဦးစံလင်း ညာပြောခဲ့ခြင်း ဖြစ်ကြောင်း အလှူရှင် ရွှေအုန်းပင် ဦးဝင်းမြင့် ပြောကြား

ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူရေးတွင် အလှူရှင်လည်းဖြစ်၊ ကိုယ်တိုင်ကိုယ်ကျလည်း ပါဝင်ခဲ့သူ ပဲခူးရွှေအုန်းပင် မြန်မာ ထမင်းဆိုင်ပိုင်ရှင် ဦးဝင်းမြင့်က ယနေ့ စက်တင်ဘာ ၂၅ရက်နေ့က ၎င်း၏ဆိုင်တွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ ဓမ္မစေတီ ခေါင်းလေင်းကြီး တွေ့ပြီ၊ နဂါးများက မီးပူဇော်နေသည် စသည်ဖြင့် ပြောခဲ့သူမှာ ဦးစံလင်းသာ ဖြစ်ကြောင်း၊ နောက်ဆုံး ခေါင်းလေင်းကြီးအား မတွေ့ရှိတော့မှ ဟိုလူ၊ ဒီလူပြောသည်ဟု လွှဲချနေကြောင်း မီဒီယာများအား ရှင်းလင်း ပြောကြား ခဲ့သည်။

ဆိုခဲ့သော လိမ်ညာမှုများကြောင့် ဦးစံလင်းနှင့် ၎င်းတို့ လမ်းခွဲလိုက်ကြပြီဖြစ်ကြောင်း၊ သမိုင်းပညာရှင်များက အထောက်အထားမရှိဘူးပြောပေါစေ ခေါင်းလောင်းကြီးသည် ပုဇွန်တောင်ချောင်း၊ ဒေါပုံမြစ်နှင့် ပဲခူးမြစ်ဆုံအနီးတ၀ိုက်တွင် ရှိကိုရှိရမည်ဟု ယုံကြည်ကြောင်း၊ ၎င်း၏ကိုယ်ပိုင်ငွေဖြင့် ၆၂ရက်ကြာ ဆက်လက်ရှာဖွေသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ရှာဖွေရာတွင် ဦးစံလင်းကဲ့သို့ နတ်၊ နဂါး စသည့် ဂမ္ဘီရလမ်းစဉ်သက်သက်ဖြင့် မဟုတ်ဘဲ ၀ိဇ္ဖာနည်း(ဂမ္ဘီရနည်း) ၅၀%၊ သိပ္ဗံနည်း ၅၀% ပေါင်းစပ်၍ ရှာဖွေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment