Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 25, 2014

သိန်းနီမြို့ တွင် ရဲအရာရှိကြီးတစ်ဦးအား နားထင်တွင်သေနတ်ဒဏ်ရာဖြင့် တွေ့ ရှိ၊ သေဆုံး

စက် ၂၅၊ လားရှိုး၊

ရှမ်းပြည်နယ် (မြောက်ပိုင်း) သိန်းနီမြို့ တွင် မိမိကိုယ်ကိုယ်မိမိ အဆုံးစီရင်သည်ဟု ယူဆရသော ဒဏ်ရာဖြင့် ရဲအရာရှိကြီး တစ်ဦး သေဆုံးနေသည်ကို စက်တင်ဘာလ ၂၄ ရက်နေ့  နံနက် ၃ နာရီခန့် တွင် တွေ့ ရှိခဲ့ရကြောင်း သိရသည်။

စက်တင်ဘာလ ၂၃ ရက်နေ့ ၊ ည ၁၁ နာရီခန့် တွင် သိန်းနီမြို့ နယ်ရဲတပ်ဖွဲ့ မှူးရုံးမှ ယာယီရဲမှူး ဒုရဲမှူးမြင့်ဝင်းသည် ရုံးလုပ်ငန်းများဆောင်ရွက်ပြီး သူ၏ရုံးခန်းအတွင်း၌ ဒရင်းပက်တစ်ခုပေါ်တွင် အနားယူအိပ်စက်ခဲ့သည်။ စက်တင် ဘာလ ၂၄ ရက်နေ့  နံနက် ၃ နာရီခန့် တွင် ဦးမြင့်ဝင်း၏ သားဖြစ်သူမှ ဖခင်ဖြစ်သူအား လာရောက်နှိုးစဉ် နှိုး၍မရဘဲ ဒရင်းပက်ပေါ်၌ ပက်လက်အနေအထားဖြင့် နား၊ နှာခေါင်းနှင့် ပါးစပ်တို့ မှ သွေးထွက်လျက် တွေ့ ရှိသဖြင့် တာဝန်မှူး နှင့် ကင်းအဖွဲ့ တို့ အား အကူအညီတောင်းခဲ့သည်။

ကင်းအဖွဲ့ ကလည်း လိုက်ပါကြည့်ရှုခဲ့ရာ ဦးမြင့်ဝင်း၏ ဦးခေါင်းယာဘက်၌ အပေါက်ငယ်တစ်ပေါက်ကို တွေ့ ရှိရပြီး ဒရင်းပက်ဘေးတွင် ၄င်းကိုင်ဆောင်သော ဒ ၃၈ ဗို့  ခြောက်လုံးပြူး ၁-လက်နှင့်အတူ ကျဉ်ခွံ ၁-ခု တို့ အား တွေ့ ရှိ ခဲ့ရသဖြင့် နံနက် ၃နာရီ ၁၀မိနစ်ခန့် တွင် သိန်းနီပြည်သူ့ ဆေးရုံသို့ ပို့ ဆောင်ပေးခဲ့ပြီး နံနက် ၆ နာရီ ၁၀ မိနစ်ခန့်  တွင် သေဆုံးကြောင်း အတည်ပြုချက်ရယူခဲ့ပြီး သက်ဆိုင်ရာမှ ဖြစ်စဉ်အမှန်ကို ဖော်ထုတ်ကာ အရေး ယူနိုင်ရေး အတွက် စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

ကိုးတောင်ဝင့်
The Street View
https://www.facebook.com/pages/The-Street-View/110828129057491

No comments:

Post a Comment