Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 25, 2014

တစ်ကိုယ်တော် သေနတ်သမား လားရှိုးမြို့ မ ဈေးအတွင်းမှ ရွှေဆိုင်ကို အနုကြမ်းစီး


မန္တလေး စက်တင်ဘာ ၂၄

လားရှိုးမြို့မဈေးအတွင်းရှိ ရွှေ ဆိုင်ကို တစ်ကိုယ်တော်သေနတ် သမားက အနုကြမ်းစီးမှုတစ်ခုဖြစ် ပွားခဲ့ကြောင်း လားရှိုးမြို့မရဲစခန်း က အတည်ပြုပြောကြားသည်။

ယနေ့ မွန်းလွဲ ၂နာရီခွဲတွင် လားရှိုးမြို့ မြို့မဈေးကြီး ချယ်ရီရုံ အောက်၌ ဖွင့်လှစ်ထားသည့် 'ဝေ ဟင်'အမည်ရှိရွှေဆိုင်အတွင်းသို့ ဆိုင်ကယ်စီးဦးထုပ် (ကြက်သွေး ရောင်)ဆောင်း၍ျြေု အမည်း ရောင်တပ်ဆင်ထားပြီးအစိမ်းရောင် ဂျာကင်ဝတ်ဆင်လာသည့် အမျိုး သားတစ်ဦးဝင်ရောက်လာကြောင်း၊ ထို့နောက် ဆိုင်၏အတွင်းဘက် သို့ကပ်ကာ ဂျာကင်အောက်မှနေ၍ အရှည်တစ်ပေခွဲခန့်ရှိ သေနတ်ကို ခါးနားတွင်လှုပ်ရမ်းပြကာရွှေထည် ပစ္စည်းများကို ဗန်းပေါ်သို့တင်ခိုင်း ပြီး အသင့်ပါလာသည့် ကျောပိုး အိတ်(အမည်းရောင်)ထဲသို့ ထည့် ကြောင်း၊ အသင့်စောင့်နေသောလူ တစ်ဦးနှင့်အတူ သုခလမ်းဘက်သို့ နံပါတ်ပြားမပါသည့်ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့ကြောင်း ဆိုင်ရှင် က ပြောကြားသည်။

''ဖြစ်ဖြစ်ချင်း ကျွန်တော့်ဆီဖုန်းဆက်လို့ ရဲစခန်းကိုဖုန်းဆက်ပေးလိုက်တယ်။ ၁ဝမိနစ်အတွင်း ရောက်လာတယ်။ သူတို့ကကြောက်ပြီးမအော်လို့ မဖမ်းမိတာ။ လပ်ကီးရွှေဆိုင်တုန်းကလိုဆိုရင် ဖမ်းမိ တယ်''ဟု ကိုမျိုးကဆိုသည်။

လက်ရှိအချိန်အထိ သက်ဆိုင်ရာကစစ်ဆေးလျက်ရှိရာ ရွှေလက်စွပ်အကွင်း ၃ဝ နီးပါး ယူဆောင် သွားပြီး ကာလတန်ဖိုး ကျပ်သိန်း၁ဝဝ နီးပါးရှိသည်ဟု ကနဦးသတင်းရရှိထားကြောင်း လားရှိုးမြို့မရဲစခန်း မှ တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

မျက်မြင်များကို သက်ဆိုင်ရာကစစ်ချက်ရယူလျက်ရှိပြီး တရားခံပေါ်ပေါက်ရေးအတွက် လုပ်ဆောင် လျက်ရှိသည်ဟု တာဝန်ကျရဲတပ်ဖွဲ့ဝင်ကဆိုသည်။

ယင်းကဲ့သို့ အလားတူဖြစ်ရပ်မျိုးမှာ ဇန်နဝါရီ ၂၈ရက်က မိုးကုတ်မြို့နယ် အောင်ချမ်းသာရပ်ကွက် ပတ္တမြားဈေးအတွင်းရှိ နဂါးရွှေဆိုင်နှင့် မီလျှံရွှေဆိုင်တို့အတွင်းသို့ မျက်နှာဖုံးစွပ်လူခြောက်ဦး သေနတ် များကိုင်ဆောင်ကာ ဝင်ရောက်လာပြီး ရွှေထည်ပစ္စည်းများကို ခင်းကျင်းပြသထားသည့် မှန်ကောင်တာ များကိုခွဲကာ ရွှေထည်လေးပိဿာကျော် ယူဆောင်ထွက်ပြေးခဲ့ဖူးသည်။

ဘေဘီမြင့်မောင်
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764

No comments:

Post a Comment