Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 17, 2014

ဆယ်သိန်းမှာ တစ်ယောက်သာရှိသော လူမည်းမိခင်က မွေးလာခဲ့သည့် လူဖြူကလေး

ပုံမှန်အားဖြင့် လူမည်းနှင့် ပေါင်းဖက်၍  ရရှိလာသော ရင်သွေးသည် ၎င်းတို့၏ မျိုးရိုးဗီဇအရ လူမည်းကလေး မွေးဖွားလာတတ်ကြသည်။
သို့ပေမယ့် အသက်(၃၂)နှစ်အရွယ်  နိုင်ဂျီးရီးယား နိုင်ငံသူ Catherine Howarth ဟာ လူမည်းမိခင်တစ်ဦးဖြစ်ပေမယ့် အသက်(၃၄)နှစ်အရွယ် လူဖြူဖခင် Richard ၏ မျိုးရိုးဗီဇ ရရှိလာခဲ့သော သားကလေး Jonah ကို မွေးဖွားခဲ့တာ ဖြစ်ကြောင်း သိရသည်။
Jonah မိသားစု

သူမလက်ထဲသို့ ရောက်ရှိလာသည့် သားကလေး Jonah ဟာ လူဖြူကလေး ဖြစ်နေတဲ့အတွက် ကလေးများ မှားပေးလေသလားလို့ Catherine Howarth က စိုးရိမ်ခဲ့သလို မွေးခန်းထဲက သူနာပြုကိုယ်တိုင်ကလည်း တခုခုများ မှားနေသလို အံ့အားတသင့် ခံစားရခဲ့ကြောင်း သိရသည်။
ယခုလို လူမည်းမှ လူဖြူကလေး မွေးဖွားခြင်း ရာခိုင်နှုန်းသည် မွေးဖွားသော ကလေးဦးရေ ဆယ်သိန်းမှာ တစ်ယောက်သာ ရှိနိုင်ကြောင်း သိရသည်။
Jonah

ယခုဆိုလျှင် အမေတူရုပ်ကလေးနှင့် လူဖြူကလေးဖြစ်နေသော မျက်လုံးပြာပြာ ၊ ခရင်မ်ရောင် အသားအရည်နဲ့ Jonah အား ကလေးမော်ဒယ်တစ်ဦးအဖြစ် ဗြိတိန်မှ နာမည်ကြီး မော်ဒယ်အေဂျင်စီငါးခုက ကြော်ငြာများ ရိုက်ကူးဖို့ စာချုပ် ချုပ်ဆိုပြီးဖြစ်ကြောင်း သိရသည်။
Jonah ကလေးဟာ ကြော်ငြာဓါတ်ပုံအချို့ကို ရိုက်ကူးပြီးစီး၍ ဖော်ပြပြီးဖြစ်ကြောင်းလည်း သိရသည်။
Source : Dailymail
ပုံရိပ်(burmesehearts.com)

No comments:

Post a Comment