Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 17, 2014

အဆုံးမရှိ သတင်းပေးပို့မှု


သူဌေးက သူ့ရဲ့ စက္ကထရီကို နောက်တစ်ပတ် ခရီးထွက်ဖို့ ပြောပါတယ်။

ဒါနဲ့ စက္ကထရီဟာ သူမရဲ့ အမျိုးသားကို ဖုန်းဆက်ပြောပါတယ်။
'ကျမ အလုပ် ကိစ္စ ခရီးထွက်ရမယ်'

အမျိုးသားကလည်း သူ့ရဲ့ တိတ်တိတ်ပုန်း ရည်းစားကို
'နောက်အပတ် အိမ်က ဟာမ ခရီးထွက်မယ်တဲ့... တွေ့ရအောင်'

ဒါနဲ့ ယင်း ကောင်မလေးကလည်း သူ့ရဲ့ တပည့်တွေကို
'နောက်တစ်ပတ် ကျူရှင်ပိတ်တယ်'

ဒါကြောင့်မို့ ကလေးငယ်လေးကလည်း သူ့ရဲ့ အဖိုးကို ဖုန်းဆက်ပြောပါတယ်..
'နောက်အပတ်သားအားတယ် ဖိုးဖိုး.. အတူဆော့ရအောင်'

'ဒါနဲ့ အဖိုး (သူဌေး) ကလည်း သူ့ရဲ့ စက္ကထရီကို ပြန်ပြောပါတယ်။
'ငါတို့ ခရီးစဉ် ဖြတ်ရတော့မယ်။ မြေးလေးက ကျူရှင်ပိတ်လို့ အတူနေပေးရမယ်'

စက္ကထရီက သူမ ယောင်္ကျားဆီ ပြန်ဆက်ပါတယ်။
'အလုပ် ခရီးအစီအစဉ် မရှိတော့ဘူး'

ဒါနဲ့ ယောင်္ကျားကလည်း သူ့ရဲက နောက်ကောင်မလေးဆီကို ဖုန်းဆက် ပြန်ပြော ပါတယ်။
'အိမ်က ဟာမ ခရီးမထွက်တော့ ပြန်ဘူးတဲ့ တို့တွေ နောက်မှ တွေ့ရအောင်'

ဒါနဲ့ ကောင်မလေးကလည်း သူ့တပည့် ကလေးတွေကို
'လာမယ့် အပတ် ဘာအတန်းမှ မပိတ်တော့ဘူး။ ပုံမှန်ပဲ'

ကလေးက အဖိုးကို ပြန်ဆက်ပါတယ်။
'ဆောရီး ဖိုးဖိုး.. တားတို့ ကျူရှင် ပိတ်ဝူးတဲ့'

ဒါနဲ့ အဖိုးက စက္ကထရီကို ပြန်ပြောပါတယ်။
'တို့တွေ ခရီးစဉ် သွားရအောင်'

ဒီလိုနဲ့ပဲ.................................................
.
Ref: engjoke

အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment