Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 26, 2014

Firefox တွင် Save လုပ်ထားသည့် Password များကို အလွယ်တကူ စီမံခန့်ခွဲခြင်း


 Password လုံခြုံရေးသည် အင်တာနက် သုံးစွဲသူတိုင်း အလေးထားရမည့် အချက်တစ်ချက် ဖြစ်သည်။ Browser များတွင် password များကို မှတ်ထားနိုင်သည့် နည်းလမ်းများကို ထောက်ပံ့ပေးထားသော်လည်း ၎င်း option ကို အလွယ်တကူ ရှာမတွေ့နိုင်သလို သုံးလေ့သုံးထ မရှိသူများအတွက်လည်း browser တွင် မှတ်ထားသည့် password များကို မေ့ပြီး ပြန်မဖျက်မိတာမျိုး ဖြစ်ပေါ်နိုင်သည်။ ထိုကဲ့သို့သော အခြေအနေမျိုးများ အတွက် Saved Password Editor ဟုခေါ်သော Firefox add-on ဖြင့် မှတ်ထားသည့် password များကို အလွယ်တကူ သိရှိစေနိုင်သည်။ ၎င်း add-on သည် Firefox တွင် မှတ်ထားသည့် password များကို web form တစ်ခုပေါ်တွင် right-click တစ်ချက်နှိပ်ရုံဖြင့် save, edit, delete စသည်ဖြင့် ပြုလုပ်နိုင်သည်။ Web form ဆိုသည်မှာ username နှင့် password လိုအပ်သည့် မည်သည့် login page ကိုမဆို ခေါ်ဆိုသည်။ Saved Password Editor ကို Firefox Add-on ဝက်ဘ်ဆိုက်တွင် download ပြုလုပ်ရုံဖြင့် အလွယ်တကူ အသုံးပြုနိုင်သည်။ Web form တစ်ခုပေါ်တွင် right-click နှိပ်လိုက်သည့်အခါ Save login info, Edit login info နှင့် Delete login info စသည့် option သုံးမျိုးအနက်မှ တစ်မျိုးကို ရွေးချယ်ခြင်းဖြင့် ပြုလုပ်နိုင်သည်။ Page တစ်ခုကို log in information ကို Firefox တွင် သိမ်းဆည်းလိုသည့်အခါ Save login info ကိုနှိပ်ပြီး ပြုလုပ်နိုင်သည်။

Internet Journal

No comments:

Post a Comment