အာရှမှာ မိုဘိုင်းဖုန်းအသုံးပြုမှု မြင့်မားလာခြင်းနဲ့အတူ မက်ဆေ့ဂ်ျအပ်ပလီကေးရှင်းတွေဟာ အပြိုင်အဆိုင် ဖြစ်လာပါတယ်။
မြန်မာနိုင်ငံမှာ Viber သရဖူဆောင်းနေသလို ဈေးကွက်ကြီးတစ်ခုဖြစ်တဲ့ တရုတ်မှာလည်း WeChat က ဘုရင်တစ်ပါးပါပဲ။ဒါပေမဲ့ WeChat ဟာ ထိုင်ဝမ်ဈေးကွက်ကို အလှမ်းကျယ်နေပြီး ထိုင်ဝမ်မှာ Line က ဈေးကွက်ကို အခိုင်အမာနေရာယူထားပါတယ်။
ဒါကြောင့်လည်း ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ထိုင်ဝမ်ဈေးကွက်မှာ WeChat ရဲ့ကြော်ငြာဟာ လူတွေပြောစရာဖြစ်နေပါတယ်။
သူ့ကြော်ငြာက ဒီလိုပါ…
ကော်လိပ်ကျောင်းသားအရွယ် ကောင်လေးတစ်ယောက်ဟာ မိန်းကလေးတစ်ယောက်ပုံကို အားရဝမ်းသာကြည့်နေပါတယ်။ ဒီကောင်မလေးဟာ အောက်ခံဘောင်းကျီလေးသာ ဝတ်ထားပြီး အပေါ်ပိုင်းမှာလည်း ဗလာကျင်းထားပါတယ်။
ပုံကောင်းလေးမို့ သူငယ်ချင်းတွေဆီဝေမျှဖို့ ဒီပုံလေးကို လက်နဲ့ထောက်လိုက်ပါတယ်။
ပုံထဲက ကောင်မလေးဟာ သူ့အခန်းထဲမှာရောက်နေပြီး ကောင်လေး မက်ဆေ့ဂ်ျပို့တဲ့ဆီကိုသွားဖို့ အခန်းထဲက သုတ်ခနဲ ပြေးထွက်သွားပါတော့တယ်။
ဒီနေရာမှာ ကောင်လေးခေါင်းကြီးရပါပြီ။ လယ်ကွင်းထဲမှာ အလုပ်လုပ်နေတဲ့ သူ့အဘွားဆီကို မှားပို့မိလိုက်တာပါ။ ခေါင်းထဲမှာလည်း အဘွားဖြစ်သူက ပါးတွေ ဘယ်ပြန်ညာပြန်ရိုက်ပြီး ဆုံးမတာကိုမြင်နေပါပြီ။
ဒီအချိန်မှာ သူ့ပို့လိုက်တဲ့ ကောင်မလေးဟာ သူ့အဘွားဆီသွားဖို့ လယ်ကွင်းတွေဆီ ဖြတ်ပြေးနေပါပြီ။
လယ်ကွင်းထဲက အဘွားဖြစ်သူဟာ ဖုန်းကိုဖွင့်ဖို့ လုပ်လိုက်ပါတယ်။ သူ့ဘေးနားမှာလည်း ကောင်လေးပို့လိုက်တဲ့ မချောဟာ မိန့်မိန့်ကြီးပြုံးပြီး အိပ်စောင့်နေပါပြီ။
ဒါပေမဲ့ သူ မက်ဆေ့ဂ်ျကိုဖွင့်မကြည့်မီ မချောဟာ အဖြူရောင်အမှုန်တွေနဲ့အတူ ပျောက်ထွက်သွားပါတော့တယ် ။
သဘောကတော့ WeChat မှာ မက်ဆေ့တွေ လူမှားပို့မိရင် ပြန်ခေါ်လို့ရတဲ့ ဖီးချားပါဝင်တဲ့အကြောင်းပါ။
ဒီအခါကျမှ မြေးဖြစ်သူ ကိုယ်တော်ချောလည်း စိတ်အေးလက်အေး ဖြစ်သွားပါတော့တယ်။
ဗလာကျင်းမချောလည်း သူ့ကုတင်နား ပြန်ရောက် လာပါတော့တယ်။
ထိုင်ဝမ်သားတွေ Wechat ပြောင်းသုံးမလားဆိုတာ မသိရပေမဲ ကြော်ငြာကတော့တီဗီကနေ အဆက်မပြတ်လာနေတယ်လို့ ဆိုပါတယ်။
၃၂ စက္ကန့်စာပဲ ရှိတယ့် ဒီကြော်ငြာကို အောက်ကလင့်ခ်မှာ သွားကြည့်နိုင်ပါတယ်။
phothutaw.com
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, August 26, 2014
ထိုင်ဝမ်က လူပြောစရာ WeChat ကြော်ငြာ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 26, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 26, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment