Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 1, 2014

ဘန်ကောက်အဲဝေးလေယာဉ်ပေါ် မြန်မာခရီးသည်တဦး အသက် ရှူကြပ် မေ့မျောရင်းက သေဆုံး


ဇူလိုင်လ ၃၀ ရက်နေ့ ညနေပိုင်းက မန္တလေးကနေ ထိုင်းနိုင်ငံ ဘန်ကောက်ကို သွားမယ့် ဘန်ကောက် အဲဝေးလေယာဉ် TG 710 ပေါ်မှာ မြန်မာ ခရီးသည်တစ်ဦး ရုတ်တရက် အသက်ရှုကျပ်ပြီး မေ့မျောသွားတဲ့အတွက် ချင်းမိုင်လေဆိပ်မှာဘဲ အရေးပေါ် ဆင်းသက်လိုက်ရပေမဲ့ အသက်မမှီခဲ့ပါဘူး။ လေဆိပ်ရောက်တော့ ကယ်ဆယ်ရေးဝန်ထမ်းတွေက လေဆိပ်နဲ့အနီးဆုံး ကလိုက်မော် ဆေးရုံကို ပို့ခဲ့ပေမယ့် အသက်မမှီတော့ဘဲ သေဆုံးသွားကြောင်း၊ သေဆုံးရခြင်း အကြောင်းကို ထပ်မံစစ်ဆေးဖို့ ဆွန်တောက်ဆေးရုံကို ဆက်လက်ပို့ဆောင်ထားပါတယ်။
လေယာဉ်ပေါ် အသက်ရှုကြပ်ပြီး သေဆုံးခဲ့သူဟာ အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ အင်ဂျင်နီယာ ကိုကျော်စိုးလှိုင် ဆိုသူ ဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံ ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေပြီး ပြီးခဲ့တဲ့ ဇွန်လကမှ မန္တလေးမှာရှိတဲ့ မိသားစုနဲ့အတူ နေထိုင်ဖို့ ခွင့် ၃ လယူပြီး ပြန်လာတာလို့ လေယာဉ်ပေါ်အတူလိုက်လာသူ မိခင်ဖြစ်သူက သတင်းထောက်တွေကို ပြောပါတယ်။
မိခင်ဖြစ်သူက ဆက်လက်ပြောပြရာမှာ သားဖြစ်သူမှာ ၀ဖြိုးသူဖြစ်ပြီး နှလုံးနဲ့ ပတ်သက်တဲ့ရောဂါအခံရှိကြောင်း၊ အိမ်မှာရောက်နေတဲ့ အတောအတွင်း မကြာခန အသက်ရှုကြပ်တယ်လို့ ပြောတဲ့အတွက် ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံမှာ လာပြီး ကျန်းမာရေးဆေးစစ်ဖို့ ဇူလိုင်လ ၃၀ ရက်နေ့က ထွက်ခွါခဲ့ရာမှာ လမ်းခုလပ်မှာတင် သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။ အလောင်းကို ချင်းမိုင်မဟာရတ်ခ်ျဆေးရုံ အအေးတိုက်မှာပဲံ ထားရှိပြီး မိဘတို့ ဆန္ဒအရ နေရပ်မှာဘဲ ပြန်ပြီးသဂြိုဟ်လိုတဲ့အတွက် လေကြောင်းလိုင်းရဲ့ စီစဉ်ပေးချက်ကို စောင့်ဆိုင်းနေတယ်လို့ ဖခင်ဖြစ်သူက ပြောကြောင်း ထိုင်းရတ်သတင်းမှာ ဖော်ပြသွားပါတယ်။
Credit : DVB
ပြန်လည်မျှဝေပါတယ်
လေးစားလျှက်
Myat Htut

No comments:

Post a Comment