Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 1, 2014

ကမ္ဘာ နဲ့  မိုင်ပေါင်း ၁၁ ဘီလျှံ အကွာမှ ဗိုယေဂျာ


 
ဗိုယေဂျာ ၁ ဟာ ကမ္ဘာ နဲ့  မိုင်ပေါင်း ၁၁ ဘီလျှံ အကွာကို ရောက် နေ ပြီး
ဘာဆိုဘာ လို့ ခေါ် ဆို ရ ခက် တဲ့ နေရာကို ဖြတ်သန်းသွားခဲ့ပြီ ဖြစ်တယ်။

နေစကြာဝဠာရဲ့  အပြင် ဘက် ကို ရောက် သွား ပြီ ဖြစ်တဲ့ ဗိုယေဂျာ ၁
( အာကာသ ခရီးသည် ၁ ) က စက်တင်ဘာ ၁၂၊၂၀၁၃မှာ နေစကြာဝဠာ အပြင် ဘက်မှာ သူ ရိုက် ကူးထားတဲ့ ပုံ ကို ကမ္ဘာ မြေ ကို ပို့  စကဒ် လုပ် ပြီး ပို့ ခဲ့ပါတယ် ။ Interstellar လို့  ခေါ် တဲ့ ကြယ်စု တွေ တစ်ခု နဲ့  တစ်ခုကြား ကို ရောက်သွား ပြီ ဆို တဲ့ သဘောပါ။

ဗိုယေဂျာ ၁ ကို ၁၉၇၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့ မှာ အမေရိကန်
နိုင်ငံ ဖလော်ရီဒါ ပြည်နယ်က ကိပ်ကာနေဗယ် အကာသ စခန်း က နေ
တိုက်တန် ၃ E ဒုံးပျံ နဲ့  ပစ်လွှတ် ခဲ့ တာ ဖြစ် ပါတယ်။

ဗိုယေဂျာကို ပစ်လွှတ်စဉ် တုန်း က မြန်မာလူ ကြီး သူ မ တွေ နဲ့  ဘုန်းတော် ကြီး တွေ က နေစကြာဝဠာ အပြင်ဘက် ကို ဘယ်သူ မှ ထွက် လို့  မရ ဘူး ၊ စကြာဝဠာ မဟာ တံ တိုင်း ကြီး နဲ့  တိုက် မိ လိမ့် မယ် အမေရိကန်ကိုဘုရား ရိုက် လိမ့် မယ် လို့  ပြော ဆို ခဲ့ ကြ ပါတယ်။

အခု တော့ ၃၇ နှစ် အကြာ နေစကြာဝဠာ အပြင် ဘက် ကို ရောက်ရှိသွား
တဲ့ ဗိုယေဂျာ က သူ့  မိခင် နာဆာ အာကာသ ထိမ်းချုပ်ရေး စခန်း
ကို ” ကျွန်တော် မောင် ဗိုယေဂျာ နေစကြာဝဠာ အပြင် ဘက် ကို ရောက်ပါပြီ” ဆို ပြီးသတင်း ပြန် ပို့  ခဲ့ ပါတယ်။ ကမ္ဘာ က နေ ပစ်လွှတ် တဲ့ အာကာသ စူးမ်းရေး ယာဉ် တွေ ထဲ မှာ ပထမ ဦးဆုံး နေစကြာဝဠာအပြင်ကို ရောက်တဲ့
လူ လုပ် အာကာသယာဉ် လဲ ဖြစ်ပါတယ်။

ဗိုယေဂျာ ၂ က တော့ ဗိုယေဂျာ ၁ ထက် ၁၅ ရက် လောက် စော ပြီး တင် တာ ဖြစ် ပါတယ်။ လမ်းခရီး မှာဗိုယေဂျာ နှစ် သုံးတဲ့ ပလူတိုနီယံ လောင်စာ ကြောင့် တွန်းကန် နှုန်း နှေး သွား တာ ဖြစ်ပါတယ်။ ဗိုယေဂျာ၁ က ကမ္ဘာ ကို သတင်း အချက် အလက် ပြန် ပို့  ဖို့  ၁၇ နာရီ ကြာ ပေမယ့် ဗိုယေဂျာ ၂ က ၁၅ နာရီ ပဲ ကြာ ပါတယ်။

Voyager 2 has not yet left solar system. လို့  နာဆာ ရုပ်သံ မှာ ထုတ် လွှင့် သွား ပါတယ်။ဗိုယေဂျာ ၁ နဲ့  ၂ နဲ့  လွှတ် တင် စရိတ် က ၁၉၇၇ ခုနှစ် က ကုန်ကျငွေ ဒေါ်လာ ၉၉၇ သန်း ဖြစ် ပါတယ်။

အခြားအာကာသယာဉ်တခုကတော့ ပိုင်အိုးနီးယား ၁၀ လို့  ခေါ် တဲ့
Pioneer F က ဂျူပီတာ (ကြာသပတေး) ဂြိုလ်နား ရောက် ခါနီး ၂၃ ရက်တစ်လပိုင်း ၂၀၀၃ ခုနှစ် မှာ ရေဒီယို ထရန်စမစ်တာ အဆက် အသွယ် ပြတ် သွား ပါတယ်။ နောက်တစ်လအကြာ မှ အဆက် အသွယ် ခဏလေး ရ ပြီး လုံး ၀ ပြတ် သွား ပါတယ်။

အကာသ စူးစမ်း လေ့ လာ ရေး ပညာရှင် တွေ ဟာ ပိုင်အိုးနီးယား နဲ့ 
အဆက် အသွယ် ရ ဖို့  အခု ထိကြိုးစား နေဆဲ ဖြစ် ပါတယ်။သိပ္ပံပညာရှင်
တွေ က တော့ပိုင်အိုနီးယား ဟာ သူ့  ဘာသူ ဆက် သွား နေ ပြီး ကမ္ဘာ နဲ့  အလင်း နှစ် လေး သန်းကျော်က ကြယ်စုတစ်ခုဆီကို ရောက်နေလောက်ပြီ
လို့ ယုံ ကြည်ကြ ပါတယ်။

No comments:

Post a Comment