Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 17, 2014

Camera _ Red Epic Dragon


Red Epic Dragon

ဒီနေ့တော့ ပုံမှန်ပြောနေကျ DSLR တွေအကြောင်း မပြောတော့ပဲ နည်းနည်းထူးခြားသွားအောင် Hollywood မှာလက်ရှိသုံးနေတဲ့ Red Epic Dragon ဆိုတဲ့ cinema camera ကြီးအကြောင်း ပြောပြချင်ပါတယ်။ သူ့ကိုအသုံးပြုပြီးရိုက်ထားတဲ့ ဇာတ်ကားတွေထဲမှာ အခုနောက်ဆုံးရုံတင်ထားတဲ့ Transformer 4, Amazing Spider Man 2 နဲ့ ဇာတ်ကားပေါင်းများစွာပါဝင်ပါတယ်။ သူ့ရဲ့ sensor size ကတော့ full frame ပါပဲ, သူ့ရဲ့ စွမ်းဆောင်နိုင်စွမ်းကတော့ 4k resolution လောက်တော့မပြောနဲ့ 6K ထိအောင်ရိုက်လို့ရပါတယ်။ ပြီးတော့ dynamic range ကိုကြည့်ဦးမလား.... 16.5 stops တဲ့ဗျာ၊ ပုံမှန် dslr တွေမှာ 8 stops လောက်ပဲရတယ်ဆိုတော့ နှစ်ဆလောက်ကွာနေပါတယ်။ နောက်တော့ရှိသေးတယ်... super slow motion တဲ့, 6k ကို 100fps, 5k ကို 120fps, 4k ကို 150fps, 3k ကို 200fps နဲ့ full hd ကိုတော့ 300fps နဲ့ရိုက်လို့ရတယ်တဲ့ဗျာ။ ပြောရင်းနဲ့တောင်ကြက်သီးထတယ်....။ သူ့ကိုတွဲဖက်သုံးမယ့် Lens တွေအတွက် mount ကို canon, nikon နဲ့ PL ဆိုပြီးကြိုက်ရာမှာယူနိုင်ပါတယ်။ သူ့ရဲ့ ဈေးနှုန်းကတော့ body only ကို $31200 ပါ၊ မြန်မာငွေ သိန်းသုံးရာဝန်းကျင်ပေါ့၊ ဒါက တွဲသုံးရမယ့် monitor တို့ ssd တို့လိုဟာမျိုးတွေ မပါတဲ့ဈေးပါ။ ပြည့်ပြည့်စုံစုံဆိုရင်တော့ lens မပါသေးတာတောင် သိန်း၅၀၀ကျော်နိုင်ပါတယ်။ ဒီ camera မျိုးမြန်မာနိုင်ငံ ရောက်နေပါပြီ၊ ဟိုနေ့က မင်းသားကျော်ကျော်ဗိုလ် ဝယ်လာတာကို သူ့ရဲ့ facebook မှာတင်ထားတာတွေ့လိုက်ရပါတယ်။ Zeiss prime Lens တွေကို set လိုက်ဝယ်လာတာဆိုတော့ သိန်းတစ်ထောင်လောက်တော့ ထိသွားမယ်လို့ခန့်မှန်းမိပါတယ်။ နောက်ဆို မြန်မာရုပ်ရှင်တွေကို ဒီလို camera မျိုးနဲ့ရိုက်ထားတာကြည့်ရတော့မယ်ဆိုပြီး ပီတိတော့ဖြစ်မိပါတယ်။ ဒါပေမဲ့ camera ဘယ်လောက်ကောင်းကောင်း အခုလိုမျိုးပဲ ဖြီးစလွယ်ရိုက်နေမယ်ဆိုရင်တော့ ကမ္ဘာ့အဆင့်မှီလာဖို့ဆိုတာမဖြစ်နိုင်သေးပါဘူးဗျာ.....
Khaing Min

No comments:

Post a Comment