Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 29, 2014

ဦးရွှေမန်း၏ ပြန်လည်တင်ပြချက်ကို အဖွဲ့ချုပ်ကိုယ်စားလှယ်များ ထောက်ခံခဲ့ခြင်းဖြစ်သည်


အဖွဲ့ချုပ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသည် အဆိုရှင် ဦးအောင်ဇင် တင်သွင်းသော အဆိုကို ကန့်ကွက်ခဲ့ပြီး ပြည်သူ့လွှတ်တော်ဥက္ကဌကြီး၏ ပြန်လည် တင်ပြချက်ကိုထောက်ခံခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်ဥက္ကဌကြီး၏ ပြန်လည်တင်ပြချက်မှာ " ကျွန်တော်စပြီးတော့ကာ တိုင်းရင်းသားများကို ကတိပေးပြောကြားခဲ့တာတွေရှိပါတယ် ဒီအတိုင်းပဲ အမြဲတမ်းကျွန်တော် စဉ်းစားနေတာရှိပါတယ် ဒါဘာလို့လဲ ကျွန်တော်တို့နိုင်ငံမှာ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး မဖြစ်မနေလိုအပ်တယ် အမျိုးသားပြန်လည် သင့်မြတ်ရေးမဖြစ်မနေလိုအပ်တယ် အဲ့တိုင်းပဲ ခုနက တရားဥပဒေစိုးမိုးရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး မဖြစ်မနေလိုအပ်တယ် အဲ့ဒီ့အတွက် အထိခိုက်မခံနိုင်တဲ့အတွက် ကျွန်တော်အနေနဲ့ ဒီလိုစနစ်ကို PR စနစ်ကိုအခြေခံပြီးတော့ ရွေးကောက်ပွဲစနစ်ကို ပြည်သူ့လွှတ်တော်အတွက် တိုင်းဒေသကြီး ပြည်နယ်မှာဆောင်ရွက်ပါဆိုတဲ့ အဆို ဆိုရင် ကျွန်တော်လက်မခံနိုင်ပါဘူး လက်မခံတာဘာလဲဆိုတာ ဒီလိုဆောင်ရွက်တဲ့နေရာမှာ မျှမျှတတ ဖြစ်အောင် ကော်မတီ၊ကော်မရှင် ဖွဲ့စည်းပြီးတဲ့ အခါမှာ ကော်မတီ ကော်မရှင်ရဲ့သုံးသပ် အကြံပြုချက်ကိုလွှတ်တော်က အဆုံးအဖြတ်ယူပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဒါကြောင့်မိုလို့ ဒီအဆိုကို လွှတ်တော်ကသဘောတူပါသလားလို့ မေးတဲ့နေရာမှာ အဆိုရဲ့ နောက်ဆုံးပိုင်း ဖြစ်တဲ့အတွက် ကော်မတီ ကော်မရှင် ဖွဲ့စည်းပြီးဆောင်ရွက်ဖို့ ဆိုတာကို ကျွန်တော်မေးမြန်းခြင်း ဖြစ်ပါတယ် ဒါကြောင့်မိုလို့ ကျွန်တော်ထပ်ပြီးမေးပါမယ် အဆုံးပိုဒ်ကိုပဲပြောပါမယ် မြန်မာနိုင်ငံနဲ့သင့်တော်သော ရွှေးကောက်ပွဲစနစ်ဖြစ်ပေါ်နိုင်စေဖို့အတွက် ပြည်သူ့လွှတ်တော်အနေနဲ့ ကော်မတီ၊ ကော်မရှင်ဖွဲ့စည်းပြီးဆောင်ရွက်မယ့် အဆိုကို လွှတ်တော်အနေနဲ့ သဘောတူပါသလားခင်ဗျာ သဘောတူပါသလားချင်ဗျာ သဘောမတူသူရှိပါသလားခင်ဗျာ သဘောမတူသူ မရှိတဲ့အတွက် ဦးအောင်ဇင် အဆိုအတည်ဖြစ်ကြောင်း ကြေငြာပါတယ်"
လွှတ်တော်ဥက္ကဌကြီးမှ ထပ်ဆင့် ရှင်းလင်းသည်မှာ " ထိုနည်းတူစွာပဲ ကျွန်တော်တို့ ကျွန်တော် ဥက္ကဌနဲ့ ကျွန်တော်တို့လွှတ်တော်မှာ ဒီအရည်အချင်းပြည့်ဝတဲ့ ကော်မရှင်တစ်ရပ် ဖွဲ့စည်းပြီးတဲ့အခါမှာ ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီထွန်းကားရေးနဲ့ တည်တန့်နိုင်ရေးအတွက် တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင် ကျွန်တော်တို့နိုင်ငံနဲ့နိုင်ငံသားများ အကျိုးစီးပွါးဖြစ်ထွန်းဖို့အတွက် ဒီကော်မရှင်တစ်ခု ဖွဲ့စည်းဆောင်ရွက်သွားပါမယ် ဖြစ်ပေါ်လာတဲ့အခြေအနေကို ပြည်သူ့လွှတ်တော်မှာ ဆုံးဖြတ်ပေးရုံသာမကပဲနဲ့ပြည်ထောင်စုလွှတ်တော်ကိုတင်ပြဆောင်ရွက်သွားမယ် ဖြစ်တယ်ဆိုတဲ့အ ကြောင်း လည်းထပ်ဆင့်ကျွန်တော် ရှင်းလင်းတင်ပြအပ်ပါတယ်။"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များမှ ပြည်သူလွှတ်တော် ဥက္ကဌကြီးရဲ့အဲ့ဒီလိုပြန်လည်ရှင်းအဓိပ္ပါယ်ဖေါ်ပြခဲသည့်အတိုင်းသာထောက်ခံခြင်းဖြစ်ပြီး ဦးအောင်ဇင် ပုဇွန်တောင်မဲဆန္ဒနယ်ရဲ့ အဆိုကိုထောက်ခံခြင်းမဟုတ်ခဲ့ပါ။

National League for Democracy

No comments:

Post a Comment