CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, July 25, 2014
ဇာတာခွင်ကပြောပြတဲ့ သမ္မတကြီး ဦးသိန်းစိန်ရဲ့ကာရိုက်တာများ
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ကို ၁၉၄၅ ခုနှစ်၊ ဧပြီလ ၂ဝ ရက်နေ့တွင် မွေးဖွားခဲ့ပါသည်။ ကွန်ပျူတာဖြင့် ဇာတာဖွဲ့လိုက်သောအခါ ထိုနေ့တွင် နေမင်းခေါ် တနင်္ဂနွေဂြို ဟ်သည် မိဿရာသီ၌ ဥစ်မူလျက်ရှိပြီး လမင်းခေါ်တနလာင်္ ဂြိုဟ်လည်း မိမိပိုင်အိမ် ကရကဋ်ရာသီတွင် ကသစ်စံလျက် ရှိပေသည်။ ခြင်္သေ့မင်းခေါ် အင်္ဂါဂြိုဟ်က ကုမ် ရာသီတွင် ရန်အသွင်ဆောင်ကာ မင်းမူလျက်ရှိပြီး ကြာသပတေးဂြိုဟ်က သိဟ်ရာသီတွင် Retro အပြန်သွားနေပါသည်။ ဗုဒ္ဓဟူး သောကြာနှစ်လုံးလုံး Retro အပြန် သွားနေပြီး မိန်ရာသီတွင် နိစ်၊ ဥစ်တွဲလျက် ရှိပါသည်။ စနေ၊ ရာဟုတို့ မေထုန်ရာသီတွင် ပူးယှဉ်နေပြီး ကိတ်ဂြိုဟ်ကတော့ ဓနုရာသီတွင် ရပ်တည်နေပါသည်။
ထို့ကြောင့် သမ္မတကြီးသည် ကိုယ် နေဟန် တည်တံ့သလောက် စိတ်မြန်လွန်း၏။ မြန်သော်လည်း မှန်မှန်ဣနြေ္ဒ မပျက်သွားလာတတ်ပါသည်။ ကိုယ် တိုင်စီမံရမှ ကျေနပ် တဲ့သဘော ရှိပါ သည်။ တာဝန်နှင့်ဝတ္တရားအရ လုပ်ငန်းများဆောင်ရွက်ရာတွင် စေ့စပ်သေချာ တတ်ပေသည်။ လက်ထဲရောက်လာ သော အခွင့်အလမ်းများကို မလွတ် တမ်း ပိုင်ပိုင်နိုင်နိုင် အသုံးချတတ်ပါသည်။ ထူးခြားသော အတွေးသစ် အမြင်သစ် များရှိပြီး ယင်းအတွေးများကို ဖော်ထုတ်နိုင်စွမ်းလည်း ရှိပါသည်။ စိတ်တန်ခိုး ပါဝါ ထက်မြ က်ပြီး ရဲစွမ်းသတ္တိရှိပါသည်။
အေးဆေးတည်ငြိမ်စွာ နေထိုင် ရင်း အကြံအစည်၊ အလုပ်အကိုင်များ ကို ဇွဲနပဲသန်သန်ဖြင့် ဖြည်းဖြည်းနှင့်မှန် မှန် အကောင်အထည်ဖော်လုပ်ဆောင် တတ်ပါသည်။ စိတ် ရှည်ပြီး သည်းခံ တတ်သော်လည်း အတိုင်းအတာကျော် လွန်လာ၍ သည်းခံနိုင်စွမ်းကုန်သွားပါ က ပြဿနာဟူသမျှကို ခြင်္သေ့ကဲ့သို့ မကြောက်မရွံ့ နောက်မတွန့်ဘဲ အပြတ် အ သတ်ချေမှုန်းတိုက်ခိုက်ကာ အနိုင်ယူ ဖြေရှင်းတတ်ပါသည်။ ဘာသာဓလေ့၊ ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာကို ယုံ ကြည်မြတ်နိုးတတ်ခြင်း ဖြစ်ပါသည်။
စန်းခေါ် တနင်္လာဂြိုဟ်မှ ရှစ်တန့် ကုမ်ရာသီ၌ အင်္ဂါဂြိုဟ် ရပ်တည်နေ သောကြောင့် ‘ဆသတ်အဌ် စန်းအကွာ မှာ၊ ကေသရာပျော်မွေ့က၊ ခေါ်ဓလေ့ မတ်စစ်သူ၊ မင်းဖြစ် မယ့် လူ’ ဆိုသည့် အတိုင်း စစ်သူကြီး၊ အမတ်ကြီး၊ မင်းဖြစ် ရခြင်းကံဇာတာပါ၏။ ယုဂ်အားဖြင့်ကြည့် ပါက တနင်္ဂနွေဂြိုဟ်မှ ထောက်လျှင် ဆယ့်နှစ်တန့်မြောက်၌ ဗုဒ္ဓဟူး၊ သော ကြာတို့ ရပ်တည်၍ သုဘဝါသီယုဂ်ရ ၏။ ထို့ကြောင့် စကားတတ်၏။ ကြွယ်ဝ ချမ်းသာ၏။ သူရသတ္တိရှိ၏။ ရန်သူကို အောင်မြင်နိုင်စွမ်းရှိ၏။ ရက်ရောစွာပေး ကမ်း တတ် ပါ သည်။ ထို့အပြင် ယင်းဂြိုဟ် နှစ်လုံးပူး၍ ဗုဒ္ဓ သုက္ကရယုဂ်လည်း ရပါ သည်။ ထို့ကြောင့် နိုင်ငံရေးတွင်ခေါင်း ဆောင် ဖြစ်လာရပေသည်။
ဂြိုဟ်ရပ်တည်မှုအရ မိဿရာသီ တွင် တနင်္ဂနွေဂြိုဟ်ရပ်တည်၍ ဒေါသ တကြီးနှင့် ပြင်းထန်စွာ ပေါက်ကွဲတတ်၏။ သို့သော် ပြေလွယ်ပါသည်။ မေထုန် ရာသီတွင် စနေဂြိုဟ်ရပ် တည်၍ စိတ် ထားအပြောင်းအလဲ မြန်တတ်ပါသည်။ ရာဟုဂြိုဟ် ထိုရာသီ၌ ဥစ်မူရပ်တည်နေ ၍ လုပ်ရဲသတ္တိရှိသည်။ တနင်္လာဂြိုဟ် စန်းသည် ကရကဋ်ရာသီတွင် ကသစ် ခံနေ၍ စိတ်စေတနာကောင်း ရှိတတ်ပါသည်။ သို့သော် စိတ်မြန်လက်မြန်ဆုံး ဖြတ်ချက်မြန်တတ်၏။ သိဟ်ရာသီတွင် ကြာသပတေးရပ်တည်၍ စည်းကမ်းကြီးပြီး တိ ကျမည်။
ဓနုရာသီတွင် ကိတ်ဂြိုဟ်ရပ်တည် ၍ ဘဝတွင် ပညာရေးနှင့်ပတ်သက်ပါက ပြတ်တောင်းပြတ်တောင်း ဖြစ်ရတတ်ပါသည်။ ကုမ်ရာသီတွင် အင်္ဂါရပ် တည်၍ ကြောက် စိတ်နည်းမည်။ မိန်ရာ သီတွင် ဗုဒ္ဓဟူး သောကြာ ရပ်တည်၍ ဆက်ဆံရေးကောင်းမွန်၏။
၁၉-၆-၂ဝ၁၄ နေ့မှစ၍ တစ်နှစ် အတွင်း စိတ်ကူးစိတ်သန်းကောင်းများ ပေါ်ထွက်လာပြီး လက်တွေ့အကောင် အထည်ဖော်ပေးခြင်းဖြင့် အများပြည်သူ ချစ်ကြည်ဖြူခြင်းခံ ရပေမည်။ ကိုယ်ပိုင် စည်းကမ်း၊ ကိုယ်ကျင့်တရားများ ယခင်ထက် ပိုကောင်းမွန်နေပြီး ရသင့်ရထိုက်သည်များကို ရလာပေလိမ့်မည်။ ၁၅-၇-၂ဝ၁၄ မှစ၍ ၁၈ လအတွင်း မှတ်ဥာဏ်များ အားနည်းနေတတ်ပြီး ညာဘက်မျက်စိကို တစ်နည်းမဟုတ် ဒုက္ခပေးလာတတ်ပါသည်။ ခါးကို လေဝင်ခြင်း၊ ခါးကြောညပ်ခြင်းစတဲ့ ဝေဒနာများလည်း အ နည်းနှင့်အများ ခံစားရတတ်ပါသည်။ ၂-၁၁-၂ဝ၁၄ နောက်ပိုင်းတွင် နေအိမ် တိုက်တာ အဆောက်အအုံ၊ သို့မဟုတ် နိုင်ငံနှင့် ပတ်သက်တဲ့ ဘ ဝနောင်ရေး တွေးေ တာ ပူ ပန်မှုများ ကြီးစိုးလာမည်။ ၂ဝ၁၅ ဇူလိုင်၊ သြဂုတ်လောက်ကစပြီး ဘဝရည်ရွယ်ချက်၊ ရည်မှန်းချက်များ အောင်မြင်မည်။ လောကီ,လောကုတ္တရာ ဘုန်း ကံနှစ်ဖြာနှင့် ပြည့် စုံ မည်။ ယခု လောလောဆယ်တွင် မိမိလုပ်ဆောင်လိုသည့် လုပ်ငန်းနှင့် ဇွဲလုံ့လဝီရိယ ယုတ်လျော့အောင် သွေးထိုးလှုံ့ဆော်၊ နှောင့် ယှက်ဟန့်တားခြင်း ခံနေရမည်။
ပါပဂြိုဟ်တို့တွင် အဓိကကျပြီးအင်အားသာလွန်တဲ့စနေ၊ ရာဟုဂြိုဟ်တို့သည်လည်းကောင်း၊ သောမဂြိုဟ်တို့တွင် အဓိကကျပြီး အင်အားသာလွန်သော ကြာသပတေး ဂြိုဟ် သည်လည်း ကောင်း အန်တီစုနှင့် ရာသီအထိုင်တူ၍ အကယ်၍များ သမ္မတကြီးဦးသိန်းစိန်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်တို့နှစ်ဦး နည်းလမ်း ဥပါယ် တစ်ခုခု ဖြင့် ပေါင်းစည်းညီညာမှု ပြုနိုင်ကြပါမူ ကားတိုင်းပြည်နှင့်လူမျိုး၏ ဘဝကံ ကြမ္မာအနေအထား အကောင်းဆုံးသို့ လုံးလုံးလျားလျား တိုးတက်ပြောင်းလဲ သွားနိုင်ပါ သဖြင့် ဗေဒင်ဥာဏ်တွင် ဓမ္မကထိက လေသံရောစွက်ကာ ‘အဟောဝတ အော်ကောင်းလေစွတကား’ လို့ ဆိုချင်ပါသည်။ ထိုအခြေအနေကို ဖန်တီးနိုင်စွမ်း လည်း နှစ်ဦး စလုံးတွင် ပြည့်စုံပါ၍ ဖြစ်လာနိုင်ခြေများစွာရှိပါသည်။ သမ္မတကြီးက မီးပြင်းပြင်းဖြင့် အိုးခွက်တို့ကို ကျက်အောင်ဖုတ်လျှင် အန်တီစုက မီးနည်းနည်းဖြင့် အစာ ကို နူးနပ်ပျော့ အိသွားအောင် ဖြည်းဖြည်း ချင်းချက်ပြုတ်သင့်ပါသည်။ ကျက်လာသော အိုးခွက်များအသုံးပြုလို့ ရသလို နူးနပ်သွားသော အစာ အာဟာရလည်း စားသုံး လို့ ရသည်ပင်မို့ အ ကျိုးရှိသည်ကား ဧကန်ပါ။
အကြံပြုရလျှင် သမ္မတကြီးက ဦးဆောင်၍ နှစ်ဦးနှစ်ဖက်တွေ့ဆုံဆွေးနွေးပါက လဆန်းရက်များတွင် တွေ့ဆုံသင့်ပါသည်။ အကောင်းဆုံးကတော့လဆန်း ၈ ရက်မှ လပြ ည့်နေ့အတွင်း ဖြစ်ပါသည်။ ဤစကားကို ပါးနပ်စွာ နားဆင်ပြီး အားရပါးရ နားလည်လက် ခံနိုင်စေရန် သဗ္ဗညုတဥာဏ်တော်ဖြင့် မှန်ကန်စွာရွေး ချယ်လေ့ရှိတဲ့ မြတ် ဘု ရား ရဲ့လုပ်ငန်းစဉ်ကို စံနမူနာတင်ပြရလျှင် ဘုရားရှင်သည် ခက်ခဲနက်နဲပြီး အဓိကကျတဲ့ တရားဟူသမျှကို လပြည့်နေ့အခါ သမယ၌ ချည်း ဟောပြတော်မူပေသည်။ ထို့ကြောင့် ဟုဆိုရုံနှင့် သမ္မတကြီး သဘော ပေါက်နိုင်စွမ်းရှိပါသည်။ ထပ်မံ၍ဗေဒင် ဥာဏ်ဖြင့်အကြံပြုရလျှင် ထိုကာလမျိုးတွင် အဖြူရောင်၊ ပန်းရောင် အဝတ်အဆင်များ ဝတ်ဆင်ပြီး ပု လဲရတနာကို ဆောင်ထားစေချင်ပါသည်။ မိမိအကြံအစည်များအောင်မြင်တိုးတက်ပြီး ကျန်းမာခြင်း၊ လာဘ်လာဘ ပေါများခြင်း၊ ရန်အောင်ခြင်း အကျိုးထူးများ ခံစား ရ ပေလိမ့်မည်။ သမ္မတကြီး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ပါစေ။
ဆရာကံထူး (ဝေဒသုတေသီ)
Popualr Journal
ဇာတာခွင်ကပြောပြတဲ့ သမ္မတကြီး ဦးသိန်းစိန်ရဲ့ကာရိုက်တာများ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 25, 2014
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment