Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 13, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ချင်တဲ့ ပုဂ္ဂိုလ် ၃မျိုး။

ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ချင်ဘူးဆိုပြီးတော့ တောင့်ခံနေတဲ့ ပုဂ္ဂိုလ်များဟာ အကြောင်း(၃)ကြောင်းပဲရှိရမယ်…

* တစ်ခုကတော့ စေတနာမရှိလို့ပဲ…
ကျွန်မတို့ပြည်သူတွေအပေါ်မှာ စေတနာမရှိလို့ ကိုယ့်အတွက်ပဲ ကိုယ်စေတနာရှိလို့ မပြင်ချင်တဲ့သူတွေ ဖြစ်ရမယ်…

* နောက်တစ်ကြောင်းကတော့ ပညာမရှိလို့ဖြစ်ရမယ်…
သေသေချာချာ စဉ်းစားဆင်ခြင်ပြီးတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ ကျွန်မတို့ နိုင်ငံအတွက် မကောင်းဘူးဆိုတာကို မဆင်ခြင်တတ်လို့ရင်လည်း ဖြစ်ရမယ်…

* နောက်ဆုံးတစ်ခုကတော့
စေတနာလည်းရှိပါရဲ့……ပညာလည်း ရှိပါရဲ့…
သတ္တိမရှိလို့ မပြင်ရဲတဲ့သူတွေလည်း ရှိနိုင်တယ်လို့ ကျွန်မပြောပါမယ်…

ကျွန်မတို့ရဲ့ ပြည်သူတွေအားလုံးဟာ စေတနာရှိရှိ
ပညာရှိရှိ သတ်္တိရှိရှိနဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ
ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်အတွက် နောင်လာမဲ့မျိုးဆက်တွေရဲ့ ကောင်းကျိုးအတွက် ပြင်ဖို့ကို ဝိုင်းဝန်းပြီးတော့ ထောက်ခံကြပါ…

(အောင်ဆန်းစုကြည်)

No comments:

Post a Comment