Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 30, 2014

မိသားစု တစ်ခုလုံး အနုပညာ လှုပ်ရှားမှု ပိတ်ပင်ခံရသူ ဇာဂနာနှင့် တွေ့ဆုံခြင်း

နိုင်ငံကျော် လူရွှင်တော် စာရေး ဆရာ ဇာဂနာ က ဖခင်ဖြစ်သူ ကဗျာဆရာ နန်းညွန့်ဆွေ ကွယ်လွန် ခြင်း ၄နှစ်ပြည့် အောက်မေ့ဖွယ် ကို ဖခင်ဖြစ်သူ ရဲ့ မွေးနေ့ ဝါဆို လပြည့် နေ့မှာ ဆွမ်းကပ် လှူဒါန်းခဲ့ပါတယ်။ ဖခင်ဖြစ်သူရဲ့ကဗျာ ချစ်မြတ်နိုးစိတ် နဲ့ ဖခင် အတွက် ရည်စူးကာ နန်းညွန့် ဆွေ ကဗျာဆုပေးပွဲ ကိုလည်း ပထမ ဆုံးအကြိမ် ကျင်းပခဲ့ပြီး နှစ်စဉ်ပြု လုပ် သွားဖို့လည်း စီစဉ်ထားကြောင်း သိရပါတယ်။ ဒါကြောင့်လည်း ဇာဂနာကို သူ့မိသားစု နဲ့ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်။

မေး- ဖခင်ဖြစ်သူ နန်းညွန့်ဆွေ ကလောင်ကို ဘာကြောင့်ပိတ်ထား ခြင်းခံရပါသလဲ။

ဖြေ- ကျွန်တော် အဖေက ကဗျာဆရာ တစ်ဖက်ကလည်း အစိုးရ ဝန်ထမ်းဖြစ် တယ်။ ပြီးတော့ သူက စာပေသုတေ သနမှူး (မြန်မာစာ ရှေးဟောင်း စာပေ သုတေသန )ဖြစ် တယ်။ သူ့မှာ သား သုံးယောက် ရှိတယ်။ တစ် ယောက်မှ အဲဒီ အလုပ်လိုက် မလုပ်ကြ ဘူး။ ပေစာ၊ ပုရပိုက် စာတွေ ကို သူက ပြန်ရေးတာလေ။ ဆေးကျမ်း ၊ဗေဒင် ကျမ်း အပြင် ဂီတလောက တစ်ခုလုံး က သူပြုစုခဲ့တဲ့ ဂီတကျမ်း ကိုပဲ အသုံး ပြုခဲ့တယ်။ သူက ကဗျာဆရာ လည်း ဟုတ်တယ် ဆိုတော့ ကဗျာဆရာတွေ လည်း သိကြ တယ်။ သူ ၁၉၈၈ အရေး တော်ပုံ ပြီးသွားတော့ နဝတ၊ နအဖ လက်ထက်မှာ ဒေါ်အောင်ဆန်းစု ကြည်ကို ထောက်ခံလို့ ၊ ဒေါ်အောင် ဆန်းစုကြည် ခြံထဲမှာ ဟောပြောပွဲ သွားလုပ် လို့ဆိုပြီး သူ့ကလောင် နာမည် နန်းညွန့်ဆွေကို ပိတ်ပစ် လိုက်တယ်။ သူ့အလုပ်က အဲဒီအချိန်မှာ ပင်စင်ရပြီ။ ပင်စင် လစာပါ ပိတ်ပစ် လိုက်တယ်။ အဲဒီအချိန် က စပြီး သေသွားတဲ့ အချိန် (၂ဝ၁ဝ) ထိ သူ့ နာမည်နဲ့ စာရေးခွင့် မရတော့ဘူး။ ဒါပေမဲ့ သူအခြား ကလောင်အများ ကြီး နဲ့ စာရေးခဲ့ပါတယ်။

မေး- ဦးဇာဂနာ တို့ မိသားစုက အနုပညာ မိသားစု ဖြစ်ကြတယ်။ ဒါပေမဲ့ အနုပညာ အလုပ်မှာ အပိတ် ခံရတာလည်း အများ နဲ့မတူဘူး။ အဓိက ဘာကြောင့်များလဲ။

ဖြေ- သေချာတာ က ကျွန်တော်တို့ တစ် မိသားစုလုံး က အနုပညာ နဲ့ပတ်သက် လာရင် အပိတ်အဆို့ခံ ရတဲ့ မိသားစု ပါ။ မေမေက လွဲရင်ပေါ့။ အစ်ကိုဆို လည်း အလုပ် ကပြုတ်တဲ့ အထိ ဖြစ်ခဲ့တယ်။ ၁၉၇၆- ၇၇ မှာ စပါခဲ့ တဲ့ အတွက် ကျောင်းသားဘဝမှာ ကျောင်း ထုတ်ပြီး ထောင်ချတယ်။ သူ ထွက်လာတော့ အလုပ်ရပေမယ့် အဲဒီ ကိစ္စ ရှိခဲ့လို့ အလုပ်က ထုတ်လိုက် တယ်။ သူကလည်း ထောင်ကနေရ လာတဲ့ အဆုပ်ရောဂါ နဲ့အခုတော့ ဆုံးသွားပါပြီ။ ကျွန်တော်တို့ မိသားစု က အဲဒီဒဏ် ကို ကောင်းကောင်း ခံရ တယ်။ ကျွန်တော်ဆို နှစ်အကန့် အသတ်မရှိ အပိတ်ခံ ခဲ့ရတယ်။ ကျွန်တော်တို့ မိသားစုက အနုပညာ ကိုချစ်သလို ကိုယ့်တိုင်းပြည် ကိုလည်း ချစ် တယ်။ ကိုယ်ပြည်သူတွေ ကိုလည်း ချစ်တယ်။ မြန်မာပြည်သူတွေ အချင်းချင်း မို့ မခံချင်စိတ် နဲ့ လုပ်နေ တဲ့အတွက် အမြင် ကပ်တာလည်း ပါမှာပေါ့။

မေး- အပိတ်အဆို့တွေ ကြားက လက် မထောင်နိုင်အောင် ရုန်းကန်ခဲ့ ရတဲ့ အချိန်တွေ တိုင်းမှာ မိသားစု အနေနဲ့ ဘယ်လို စိတ်ဓာတ် ခွန်အား မွေးထားပါသလဲ။

ဖြေ- ဘယ်သူ ပိတ်ပိတ်၊ ဘယ်လိုပဲ ပိတ်ပိတ်၊ ဘယ်လောက် ပဲထောင်ချ ထောင်ချ မရရအောင် ကို အပေါ်ပြန် တက်တယ်။ ချောက် ထဲရောက်ပေမယ့် မရရတဲ့ ခွန်အားနဲ့ ရုန်းကန် ပြီး ပြန် တက်တယ်။ တစ်ချိန်က ကျွန်တော့် အဖေကို နာမည် ပိတ်လိုက်တယ်။ ဒါပေမဲ့ နာမည်ပဲ ပိတ်လို့ရမှာ အနု ပညာကို ချစ်တဲ့စိတ်၊ တိုင်းပြည်ကို ချစ်တဲ့ စိတ်က ပိတ်ပင်လို့ မရဘူး။ နန်းညွန့်ဆွေ နဲ့ရေးလို့မရရင် အခြား နာမည် နဲ့ရေးတယ်။ သူ့အနုပညာ မသေသွားဘူး။ ကျွန်တော့် အစ်ကို လည်း ဒီအတိုင်း ပဲ အောက်ရောက်ပေ မယ့်လည်း ရအောင်ပြန် တက်တယ်။ ဖန်တီးခွင့် မရရင် နောက်တစ်ခု ဖန်တီး တယ်။ ဒီလိုဖြစ်ခဲ့တဲ့ အတွက် ဘဝဆို တာကို သိလာတယ်။ ကိုယ့် ကိုယ်ကိုယ် လည်း ယုံကြည်မှု က ပိုတိုးလာတယ်။

မေး – အနုပညာအလုပ်ကို ဒီလိုပိတ် ပင်မှုမျိုး ဒီနိုင်ငံမှာ ဘာကြောင့် ရှိသလဲဆိုတာ သုံးသပ်ပေးပါဦး။

ဖြေ- ကျွန်တော်တို့ အလုပ်က အနု ပညာ ရနံ့သင်းသော နိုင်ငံရေးလို့ ပြောရင် ရတယ်။ နိုင်ငံရေးနဲ့ အနု ပညာဟာ ခွဲခြားလို့ မရဘူး။ ချိတ် ဆက်ထား တယ်။ သေချာ တာ တစ်ခု က ကမ္ဘာကျော်တဲ့ ဗိုလ်ချုပ်အောင် ဆန်းဟာ နိုင်ငံရေး သမားလည်း ဟုတ်တယ်။ အနုပညာသမား လည်း ဟုတ်တယ်။ စာပေနဲ့ နိုင်ငံရေးဟာ လည်း အလွန် နီးစပ် တယ်။ အိုဘား မားပဲဖြစ်ဖြစ်၊ မော်စီတုန်း ပဲဖြစ်ဖြစ်၊ ဟိုချီမင်း ပဲဖြစ်ဖြစ် အနုပညာ ခံစားမှု အားကောင်းတဲ့ အနုပညာသမား နိုင်ငံရေး သမားတွေပဲ။ နောက်ဆုံး ဆာဒမ် ဟူစိန်တောင် အနုပညာ သမားပဲ ဆိုတော့ နိုင်ငံတစ်ခုမှာ အနုပညာအား ကောင်းရင်နိုင်ငံရေး လည်း အားကောင်းမယ်။ အထူး သဖြင့် ရုပ်ရှင်၊ ဂီတ၊ သဘင်တွေ က ပြည်သူ နဲ့ပိုပြီး ထိစပ်လွယ်တယ်။ ၈၈ အရေးတော်ပုံမှာ အနုပညာ သမားတွေ အရင်ထွက်တယ်။ ပြီးတော့ ပြည်သူတွေ ထွက်လာတယ်။ အနုပညာ သမားတွေတောင် ထွက်သေး တာပဲ။ ငါက ဘာလို့ မထွက်ရမှာလဲ။ အဲဒီလို စိတ်ဓာတ် တွေရှိကြတယ်။ အနုပညာ သမားတွေကို နိုင်ငံရေး သမားတွေက အသုံးချခံ မဟုတ်ဘဲ မှန်ကန်တဲ့ ဘက်မှာ ဦးဆောင် ခွင့်ပေးလိုက်ရင် စည်းရုံးရေး လက်နက် အကောင်းစားပါပဲ။

မေး- မိဘနှစ်ပါးက နာမည်ကျော် စာရေး ဆရာ ၊ဆရာမတွေဖြစ်တဲ့ အတွက် ဇာဂနာ လည်း နိုင်ငံကျော် စာရေးဆရာ လူရွှင်တော် ဖြစ်လာ တာလား။

ဖြေ-ကျွန်တော် စာရေးတတ်တာက အဖေ၊ အမေ ဆီကနေ အမွေ ရထားတာပါ။ ကျွန်တော်စာရေး လို့ရတဲ့စာမူခတွေ ကိုစုပြီး ဖေဖေရဲ့(ဆရာ နန်း ညွန့်ဆွေ) ကဗျာဆုကို ရအောင် ပြန်လုပ်တာပါ။ ကျွန်တော်က ကိုယ့် အဖေ၊ ကိုယ့်အမေ ဆုံးသွားတာ တောင် မြင်တွေ့ ကန်တော့ခွင့် မရခဲ့တာပါ။ ကျွန် တော်ထောင် ထဲရောက်နေတဲ့ အချိန် မှာ ဖေဖေ ရော၊ မေမေရော ရှေ့ဆင့်နောက် ဆင့်ကွယ်လွန် သွားကြတယ်။ သူတို့နှစ်ယောက်က မဂ္ဂဇင်း သိပ်ထုတ်ချင်တယ်။ အဲဒီ ခေတ်က မဂ္ဂဇင်းထုတ် ဖို့ မလွယ် ဘူးလေ။ ကျွန်တော် အခုမဂ္ဂဇင်းတွေ ထုတ်တယ်။ အဖေနဲ့ အမေကို ကျွန်တော် လုပ်ပေးတာပါ။

popular journal  

No comments:

Post a Comment