လိုအပ်သည့် ကစားကွက်နှင့် ခြေစွမ်းမရရှိ၍ လူအပြောင်းအလဲလုပ်ခဲ့ခြင်းဟု ဦးရဲထွဋ်ဆို
နေပြည်တော်- သဘောဆန္ဒအလျောက်ဟု ရာထူးမှနှုတ်ထွက်ခွင့်ပြုလိုက်သည့်
ပြန်ကြားရေးဝန်ကြီးနှင့် ကျန်းမာရေးဝန်ကြီးတို့ နေရာတွင်
ဒုတိယ၀န်ကြီးများဖြစ်ကြသော ဦးရဲထွဋ်နှင့် ဒေါက်တာသန်းအောင်တို့ကို
ခန့်အပ်ရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့
သ၀ဏ်ပေးပို့လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၅၊
ပုဒ်မခွဲ (ခ) နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆၈၊ ပုဒ်မခွဲ
(က)တို့ပါ ပြဋ္ဌာန်းချက်များအရ၊ ပြန်ကြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်နှင့် ကျန်းမာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်တို့ကို ၎င်းတို့၏ သဘောဆန္ဒအလျောက် ရာထူးမှ
နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်းကို သမ္မတရုံးက (အမိန့်အမှတ်၊ ၁၇/ ၂၀၁၄)
ဇူလိုင်လ ၂၉ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ပြည်ထောင်စုဝန်ကြီးရာထူးနေရာနှစ်ခုတွင် ပြန်ကြားရေးဝန်ကြီးဌာန
ဒုတိယ၀န်ကြီးဦးရဲထွဋ်နှင့် ကျန်းမာရေးဝန်ကြီးဌာနဒုတိယ၀န်ကြီး
ဒေါက်တာသန်းအောင်တို့ တက်လာမည်ဖြစ်သည်။
၎င်းတို့နှစ်ဦးလုံးကမူ သမ္မတထံမှ အမိန့်ညွှန်ကြားချက်မရရှိသေးဟု ပြောကြားသည်။
“ကျွန်တော် ဒုဝန်ကြီးအဖြစ်နဲ့ အလုပ်တွေလုပ်ကိုင်နေပါတယ်။ မနေ့ကမှ
နေပြည်တော်ပြန် ရောက်တာပါ။ အခု ခေတ္တပြည်ထောင်စုဝန်ကြီးတာဝန်
ဘယ်သူယူမလဲဆိုတာ ကျွန်တော်တို့ ညွှန်ကြားချက်တွေ စောင့်တုန်းရှိပါသေးတယ်” ဟု
ဦးရဲထွဋ်ကပြောကြားသည်။
ထို့ပြင်ဒေါက်တာသန်းအောင်ကလည်း ၄င်းအား ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ရန်
အမိန့်တစ်စုံ တစ်ရာမရရှိကြောင်းနှင့်လက်ရှိတွင် နေပြည်တော်ရှိ
ဒုဝန်ကြီးရုံးခန်းတွင်သာ ပုံမှန်လုပ်ကိုင်နေကြောင်းပြောကြားသည်။
“ကျွန်တော့်ကို ၀န်ကြီးတာဝန်တွေ လွှဲပြောင်းတာလည်းမရှိသေးပါဘူး။ အခုထိ
ကိုယ့်ပုံမှန်လုပ်ငန်းပဲ ကိုယ်လုပ်နေတာပါ။ ကျွန်တော်ဆို ၀န်ကြီး
အငြိမ်းစားယူသွားတာကို အလုပ်နဲ့ခရီးသွားနေတာကနေ ပြန်လာ တော့မှ
ရုတ်တရက်ကြီးသိရတာပါ။ ကိုယ့်လုပ်ဖော်ကိုင်ဖက်အဖြစ် စိတ်မကောင်းပါဘူး” ဟု
၎င်းကပြောသည်။
၎င်းတို့နှစ်ဦး ပြည်ထောင်စုဝန်ကြီးများအဖြစ် နာမည်ထွက်နေခြင်းအပေါ်
သမ္မတရုံးအကြီးတန်းအရာရှိက မှန်းဆချက်များဖြစ်ပြီး တရားဝင်အမိန့်တစ်စုံတစ်ရာ
ထုတ်ပြန်ရန်ရှိမရှိကိုမူ တိတိကျကျမပြောနိုင်သေးဟု ပြောကြားသည်။
သမ္မတ၏ တတိယအဆင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အရှိန်မြင့်လုပ်ဆောင်ရန်
အစိုးရသက်တမ်းတစ်နှစ်ခွဲသာလိုတော့ချိန်တွင် အစိုးရအဖွဲ့သွားနေသည့်
လုပ်ငန်းစဉ်ပေါ်မူတည်ပြီး လိုအပ်၍ အပြောင်းအလဲလုပ်ခြင်းဖြစ်ကြောင်း
သမ္မတ၏ပြောရေးဆိုခွင့်ရှိသူဦးရဲထွဋ်ကပြောသည်။ ထို့ပြင် ယခုဝန်ကြီး
နှစ်ပါးမှာ အဂတိလိုက်စားမှုနှင့်လုံးဝမပတ်သက်ပဲ
ဘောလုံးပွဲစကားနှင့်ဆိုရလျှင် လိုအပ်သည့် ကစားကွက်နှင့်ခြေစွမ်းမရရှိ၍
လူအပြောင်း အလဲလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၄င်းကဆိုသည်။
7daydaily
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, July 30, 2014
ဦးရဲထွဋ်နှင့် ဒေါက်တာ သန်းအောင် ပြည်ထောင်စုဝန်ကြီးများ ဖြစ်လာမည်
ဦးရဲထွဋ်နှင့် ဒေါက်တာ သန်းအောင် ပြည်ထောင်စုဝန်ကြီးများ ဖြစ်လာမည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 30, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 30, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment