၂၂.၇.၂၀၁၄ ရက်နေ့ ၀၆၀၀ အချိန်တွင် လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းအတိုင်း
လှိုင်မြို့နယ်ဘက်မှ ကမာရွတ်မြို့နယ်ဘက်သို့ မောင်းနှင်လာသော BB---- KIA
Pride အဖြူရောင်အငှားယာဉ်သည် ချောင်းဝဆိပ်ကမ်းဝင်ပေါက်ထိပ်အရောက်
အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ဘေးရှိ ချောင်းစပ်သို့ ထိုးကျကာ လမ်းဘေးရှိ
သစ်ငုတ်တိုအားတိုက်မိပြီး သစ်ပင်နှစ်ပင်ကြားတွင် ဇောက်ထိုးထောင်လျက်
အနေအထားဖြင့် တိမ်းမှောက်သွားခဲ့ပါသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်
သွားခဲ့ပါသည်။
ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းကို လှိုင်မြို့နယ်၊ ပိတောက်ချောင်းနယ်မြေ ရဲစခန်း ယာဉ်(ပ)၂၃/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၇၉/၂၀၂
ဖြင့် အမှုဖွင့်အရေးယူကာ စုံစမ်းဆောင်ရွက်လျက်ရှိပါသည်။
credit : Yangon Police
ပြန်လည်မျှဝေပါတယ်
လေးစားလျှက်
Myat Htut

No comments:
Post a Comment