Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 22, 2014

သူ့နာမည်က James Mawdsley




သူ့နာမည်က James Mawdsley တဲ့။
1997 ခုနှစ်ကတည်းကစပြီး မြန်မာ့နိုင်ငံရေးကိုစိတ်ဝင်တစားရှိခဲ့တဲ့သူ။
97 ထဲမှာ အဖမ်းခံရတယ်၊ ပြည်နှင်ဒဏ်ပေးခံရတယ်။ ပြန်ခိုးဝင်တယ် ပြန်အဖမ်းခံရတယ်။ အင်းစိန်ထောင်၊ မော်လမြိုင်ထောင်၊ ကျိုင်းတုံထောင် စုံလို့ပဲ။
ဒီကြားထဲ နယ်စပ်က မင်းသမီးစခန်းမှာ စေတနာ့ဝန်ထမ်းစာသင်ပေးခဲ့သေးတယ်။
သူနဲ့ထောင်အကြောင်း၊ လက်ရှိမြန်မာ့နိုင်ငံရေးအကြောင်း စသဖြင့်စုံလို့ပဲ။
ကိုပေါ့်ကိုလဲတော်တော်လေးစားတယ်။ ပထမဆုံးအကြိမ်အဖမ်းခံရတာ ကိုပေါ့်ကိုလွှတ်ပေးဖို့ဆန္ဒပြလို့လေ။
သူကိုပေါ့်ကိုတွေ့ဖို့ ၁၄ နှစ်တောင်စောင့်ခဲ့ရတယ်တဲ့။
သူကအခုဘာသာရေးပဲလုပ်တော့မယ်တဲ့။
ကက်သလစ်ဘုန်းကြီးသင်တန်းကို ဂျာမဏီမှာတက်နေတာ ၅ နှစ်ရှိသွားပြီတဲ့ ၂ နှစ်ကျန်သေးတယ်။
သူ့ကိုလဲကျနော်တို့ကလေးစားပါတယ်။
သူတိုက်ပွဲဝင်ခဲ့တဲ့အချိန်က တကယ့် မိုးထဲလေထဲအချိန်၊ ထောင်အခြေအနေဆိုလဲ တကယ်ကြပ်တည်းနေတဲ့အချိန်၊ အခုအချိန်နဲ့မတူပါဘူး။
အခုသူ့ကို Black list ကပယ်လိုက်တော့ မြန်မာပြည်ကိုလာလည်ခွင့်ရပါတယ်၊ ဒါပေမယ့်လဲ တိတ်တဆိတ်ပါပဲ။ သူ့ရဲ့ပေးဆပ်ခဲ့မှုအပေါ်ကျေးဇူးတင်ပါတယ်။ ………………………………………………။

အော် ………
တကယ်တမ်းကျတော့ လူများပြီးပွဲမစည်ဘူးဆိုတဲ့စကားမှန်သလိုပါပဲလား၊
သမိုင်းတစ်ပါတ်ပြန်လည်ပြီး မိုးပြန်သည်းလာတဲ့အချိန်ကျရင်…………
အခုအချိန်မှာရဲရဲတောက်ပြပြီး နောင်အဲဒီလူတွေပျောက်သွားမယ့်အခါကျရင်………
ပြန်လာခဲ့ပါဦး James ရေ…
မင်းလိုလူမျိုးတွေ ငါတို့လိုအပ်တယ်ကွ…
မင်းလိုလူမျိုးတွေ……
မင်းလိုလူမျိုးတွေ……။
ပဏ္ဍိတ်ထွန်း
July 21, 2014

No comments:

Post a Comment