CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
လမ်းဖြတ်ကူးသူအား ကားတိုက်၍ သေဆုံး
နေပြည်တော်၊ ဇူလိုင် ၂၅
၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၃ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃/၀-၁)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း
သတင်းအရ အမှတ်(၃)လမ်းဆုံအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေး ခဲ့သည်။ စစ်ဆေးချက်အရ နေပြည်တော်မှ ရန်ကုန်သို့ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ မြို့နယ်နေ သန်းထိုက်ကျော်(၃၀)နှစ်မောင်းနှင်လာသော 1G/xxxx ဟွန်ဒါဖစ် ဖြူနက်ကြားယာဉ်မှ လမ်းဖြတ်ကူးသူ လှည်းကူးမြို့နယ်၊ ၀ါးသာကျေးရွာနေ မသင်းသင်းခိုင်(၁၈)နှစ်အား ၀င်ရောက် တိုက်မိခဲ့ကြောင်းသိရှိရသည်။ ထိုသို့တိုက်မိမှုကြောင့် မသင်းသင်းခိုင်တွင် ဦးခေါင်းနောက်စေ့ချိုင့်ဝင်၊ မေးစေ့/၀ဲ/ယာခြေမျက်စိပေါက်ပြဲ၊ နှာခေါင်းသွေးထွက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားသောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ သန်းထိုက်ကျော်အား အမှတ်(၃)လမ်းဆုံ အမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
လမ်းဖြတ်ကူးသူအား ကားတိုက်၍ သေဆုံး
Reviewed by
သတင်းစုံပျော်ဝင်အိုးကြီး
on
July 25, 2014
Rating:
5
No comments:
Post a Comment