Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, July 25, 2014

အရှိန်မထိန်းနိုင်သောယာဉ် လမ်းယာဘက်သို့ ထိုးကျတိမ်းမှောက်


နေပြည်တော်၊ ဇူလိုင် ၂၅

၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၃ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၇၄/၀-၁)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ပေပင်လေးအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်မှ မန္တလေးဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ ရပ်ကွက်(၄)နေ ဟန်နီထွန်း(၃၀)နှစ်မောင်းနှင်သည့် ၂ဃ/xxxx ဟိုင်းလပ်ဆပ် မီးခိုးပြာရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်မြေသားလမ်းပေါ်သို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။ 
 
ထိုသို့ တိမ်းမှောက်မှုကြောင့် ဟန်နီထွန်း၊ ယာဉ်ပေါ်ပါ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ ညောင်ပင်ရပ်ကွက်နေ ဥာဏ်လင်းမောင်(၂၅)နှစ်နှင့်ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နေ ကိုနေလင်း(၃၈)နှစ်တို့တွင် ဒဏ်ရာများ အသီးသီး ရရှိခဲ့သောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ဟန်နီထွန်းအား ပေပင်လေးအမြန်လမ်းရဲစခန်း ယာဉ်(ပ)၂၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment