Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 30, 2014

ကမ္ဘာ့ အလေးဆုံး တိုင်ပတ် အက မယ်





The world heaviest pole dancer လို့ နာမည်ကြီးနေတဲ့ အမျိုးသမီး ကတော့ ပုံမှာ မြင်တွေ့ နေရတဲ့ အသက် ၂၉ နှစ် အရွယ် LuAyne Brown ပဲ ဖြစ်ပါတယ်။ သူမရဲ့ ကိုယ် အလေးချိန် ကတော့ ၁၈ စတုန် (၂၅၂ ပေါင်) ရှိ ပါတယ်။

အသက် ငယ်ပေမယ့် ကလေး ၂ ဦး အမေ ဖြစ်နေပြီ ဖြစ်တဲ့ အမျိုးသမီး ဖြစ်ပြီး သက္ကရာဇ် ၂၀၀၆ ခုနှစ်က ပထမ ကလေး မွေးပြီးမှ ဝိတ် သိသိသာသာ တက်လာ ခြင်း ဖြစ်ပါတယ်။ အသက်ငယ်စဉ် ကတည်းက တိုင်ပတ် အက ကလာ ခဲ့တဲ့ သူမဟာ စိတ်ဓာတ် ကျခဲ့ရ ပါတယ်။ နောက်တော့ အားတင်းပြီး သူမရဲ့ လေ့ကျင့်မှုကို မရပ်တန့်ခဲ့ ပါဘူး။ ပုရိသ ယောင်္ကျား တို့ကို မစွဲဆောင် နိုင်ပေမယ့် သူမရဲ့ ကကွက် များဟာ နည်းစနစ် ထဲက အတိုင်း တိတိ ကျကျ ရှိနေ သေးတာမို့ ပြိုင်ပွဲ အချို့မှာ ဆုတံဆိပ် များတောင် ရရှိကြောင်း ဆိုပါတယ်။

သူမ ရဲ့ အက ဗီဒီယို ကိုပါ YouTube ပေါ်မှာ တင်ပြီး အွန်လိုင်းမှာ အားပေးသူ များပြားခဲ့ ပါတယ်။ သူမ လိုပဲ တစ်ကမ္ဘာလုံးက ဝလို့ စိတ်ဓာတ်ကျနေသူတွေ၊ ယုံကြည်ချက် မဲ့နေသူ အားလုံးကို တက်ကြွစေရန်၊ စိတ်ဓာတ်မြင့်တင် ပေးရန် ရည်ရွယ်လို့ ကြိုးစား ကနေခြင်း ဖြစ်ကြောင်း ဆိုပါတယ်။
.
Ref: Metro
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

No comments:

Post a Comment