ခွေးများဟာ ကမ္ဘာပေါ်မှာ မှတ်ဥာဏ် အကောင်းဆုံး တိရစ္ဆာန် တစ်မျိုး ဖြစ်ပြီး လူသားနဲ့ အရင်းနှီးဆုံး နေထိုင်နိုင်တဲ့ တိရစ္ဆာန်များ ဖြစ်ပါတယ်။
သစ္စာ ရှိပြီး သခင်ကို သံယောဇဉ်တွယ် တတ် သလို အလိုက်သိ၊ အရိပ် အကဲ သိတာ ကလည်း သူ့ရဲ့ ထူးခြားတဲ့ အကျင့် တစ်ခု ဖြစ်ပါတယ်။ ဥပမာ သခင် ဝမ်းနည်းနေတာ မျိုးတွေကို လွယ်တကူ သိရှိနိုင်ပြီး အဲ့ဒီ အချိန်ကျ ဘေးအနား မှာ လာလို့ ပွတ်သီးပွတ်သပ်နဲ့ လာရောက် ပြုစု တတ် ပါတယ်။
ဒါကြောင့်မို့ ခွေးများဟာ လူသား တို့အတွက် အကောင်းဆုံး မိတ်ဆွေ အဖော်မွန် တိရစ္ဆာန် အဖြစ် အသိမှတ်ပြု လက်ခံ ထားကြခြင်း ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: dyknow
အောင်ခမ်း (ရိုးရလေး)
www.yoyarlay.com

No comments:
Post a Comment